ပြည်တွင်းစက်သုံးဆီမပြတ်ဘူးပြောထားပေမယ့်လည်း ကားများတန်းစီဝယ်နေရပြီးစက်သုံးဆီစျေးနှုန်းများလည်းတက်သွား

ပြည်တွင်းစက်သုံးဆီမပြတ်ဘူးပြောထားပေမယ့်လည်း ကားများတန်းစီဝယ်နေရပြီးစက်သုံးဆီစျေးနှုန်းများလည်းတက်သွား

ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနကပြည်တွင်း ဆီလက်ကျန်အခြေအနေမှာဓါတ်ဆီအနေဖြင့် ဂါလန်သန်းပေါင်း (၄၅)သန်းခန့်နှင့် ဒီဇယ်ဆီဂါလန်သန်းပေါင်း (၇၀) သန်းခန့် ရှိပြီး လက်ရှိ ဆိပ်ကမ်းတွင်ရောက်ရှိပြီး

မဟာသင်္ကြန်ပိတ်ရက်ကြောင့်ဆီမချရသေးသည့် သင်္ဘော (၂)စီး ရှိတာကြောင့်ပြည်တွင်းစက်သုံးဆီ ပြတ်လပ်မှုလုံးဝမဖြစ်ပေါ်နိုင်ဘူးလို့ ဧပြီ ၁၉ ရက်နေ့ကထုတ်ပြန်ထားတာပါ။ပြည်တွင်းမှာစက်သုံးဆီ မပြတ်ဖူးလို့ ပြောဆိုထားပေမယ့်လည်း

ယနေ့နံနက်ပိုင်းလည်းရန်ကုန်ကစက်သုံးဆီဆိုင်အချို့မှာနံနက် ၅ နာရီကတည်းကထပြီးတန်းစီဝယ်နေရတယ်လို့ စက်သုံးဆီဝယ်ယူသူတွေကပြောပါတယ်။မရမ်းကုန်းမြို့နယ်နေသူ တစ်ဦးက“ ဒီနေ့ မနက် ၅နာရီကတည်းကတန်းစီပြီး ဝယ်ရတယ်။လိုသလောက်တော့ရတယ်။

ကားတွေကတော့မနေ့ကလိုပဲတန်းစီဆဲပဲ။ဆီဈေးလည်းတက်သွားတယ်” လို့ ပြောပါတယ်။ယနေ့ ဧပြီ ၂၀ ရက်နေ့မှာတော့ရန်ကုန်ရှိ စက်သုံးဆီအရောင်းဆိုင်အချို့ကဆီကိုလိုသလောက်ဝယ်ယူခွင့်ပေးထားပေမယ့်ဈေးနှုန်းကတော့ တစ်လီတာကို ကျပ် ၅၀ မြင့်တက်သွားတယ်လို့ဆိုပါတယ်။

ျပည္တြင္းစက္သုံးဆီမျပတ္ဘူးေျပာထားေပမယ့္လည္း ကားမ်ားတန္းစီဝယ္ေနရၿပီးစက္သုံးဆီေစ်းႏႈန္းမ်ားလည္းတက္သြား

ေရနံထြက္ပစၥည္း ႀကီးၾကပ္စစ္ေဆးေရး ဦးစီးဌာနကျပည္တြင္း ဆီလက္က်န္အေျခအေနမွာဓါတ္ဆီအေနျဖင့္ ဂါလန္သန္းေပါင္း (၄၅)သန္းခန႔္ႏွင့္ ဒီဇယ္ဆီဂါလန္သန္းေပါင္း (၇၀) သန္းခန႔္ ရွိၿပီး လက္ရွိ ဆိပ္ကမ္းတြင္ေရာက္ရွိၿပီး

မဟာသၾကၤန္ပိတ္ရက္ေၾကာင့္ဆီမခ်ရေသးသည့္ သေဘၤာ (၂)စီး ရွိတာေၾကာင့္ျပည္တြင္းစက္သုံးဆီ ျပတ္လပ္မႈလုံးဝမျဖစ္ေပၚႏိုင္ဘူးလို႔ ဧၿပီ ၁၉ ရက္ေန႔ကထုတ္ျပန္ထားတာပါ။ျပည္တြင္းမွာစက္သုံးဆီ မျပတ္ဖူးလို႔ ေျပာဆိုထားေပမယ့္လည္း

ယေန႔နံနက္ပိုင္းလည္းရန္ကုန္ကစက္သုံးဆီဆိုင္အခ်ိဳ႕မွာနံနက္ ၅ နာရီကတည္းကထၿပီးတန္းစီဝယ္ေနရတယ္လို႔ စက္သုံးဆီဝယ္ယူသူေတြကေျပာပါတယ္။မရမ္းကုန္းၿမိဳ႕နယ္ေနသူ တစ္ဦးက“ ဒီေန႔ မနက္ ၅နာရီကတည္းကတန္းစီၿပီး ဝယ္ရတယ္။လိုသေလာက္ေတာ့ရတယ္။

ကားေတြကေတာ့မေန႔ကလိုပဲတန္းစီဆဲပဲ။ဆီေဈးလည္းတက္သြားတယ္” လို႔ ေျပာပါတယ္။ယေန႔ ဧၿပီ ၂၀ ရက္ေန႔မွာေတာ့ရန္ကုန္ရွိ စက္သုံးဆီအေရာင္းဆိုင္အခ်ိဳ႕ကဆီကိုလိုသေလာက္ဝယ္ယူခြင့္ေပးထားေပမယ့္ေဈးႏႈန္းကေတာ့ တစ္လီတာကို က်ပ္ ၅၀ ျမင့္တက္သြားတယ္လို႔ဆိုပါတယ္။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *