သီလဝါဆိပ်ကမ်းဆီသိုလှောင်စခန်းတွင် စက်သုံးဆီမျာပြတ်လတ်နေသည့်ဟုဆိုသည်မှာကောလဟလ သတင်းမှားသာဖြစ်ဟုပြော

သီလဝါဆိပ်ကမ်းဆီသိုလှောင်စခန်းတွင် စက်သုံးဆီမျာပြတ်လတ်နေသည့်ဟုဆိုသည်မှာကောလဟလ သတင်းမှားသာဖြစ်ဟုပြော

လက်ရှိဖြစ်ပေါ်နေသည့် စက်သုံးဆီအခြေအနေကောလဟာလကြောင့်အလုအယက်ဝယ်ကြခြင်းကြောင့်ဖြစ်၊ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိလာမည်ဟုလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အသိပေးထုတ်ပြန်လိုက်ပါတယ်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက လက်ရှိဖြစ်ပေါ်နေသည့် စက်သုံးဆီအခြေအနေနှင့်စပ်လျဉ်းပြီး အသိပေးမှုတစ်ခုကို ယနေ့နေ့လယ်တွင်ပြုလုပ်ခဲ့သည်။အပြည့်အစုံမှာ-လူမှုကွန်ယက်မီဒီယာများတွင်ပြန့်နှံ့နေသော

“သီလဝါဆီသိုလှောင်ကန်စခန်းများအတွင်း စက်သုံးဆီများ လက်ကျန်လျော့နည်းနေသည်” ဆိုသည့်ကောလဟလ သတင်းအမှားများ ထွက်ပေါ် နေတာတွေ့ရှိရပါတယ်။ ယနေ့ သီလဝါသိုလှောင်ကန်စခန်းများအပါအဝင်ပြည်တွင်း ဆီလက်ကျန်အခြေအနေမှာဓါတ်ဆီအနေနဲ့ ဂါလန်သန်းပေါင်း (၄၅)သန်းခန့်နဲ့ ဒီဇယ်ဆီဂါလန်သန်းပေါင်း (၇၀) သန်းခန့်ရှိပါတယ်။

လက်ရှိဆိပ်ကမ်းမှာရောက်ရှိပြီး မဟာသင်္ကြန်ပိတ်ရက်ကြောင့်ဆီမချရသေးတဲ့သင်္ဘော (၂)စီး လဲရှိပါတယ်။ ဒါ့ကြောင့်ပြည်တွင်းစက်သုံးဆီပြတ်လပ်မှုလုံးဝမဖြစ်ပေါ်နိုင်ကြောင်းအရင်ပြောကြားလိုပါတယ်။ဒါအပြင်လူမှုကွန်ယက်များတွင်ပြန့်နှံ့နေသလိုတရုတ်ပြည်ကနေသီရိလင်္ကာနိုင်ငံမှတစ်ဆင့်ကြားခံပြီးတင်သွင်းနေရတယ်ဆိုတာမဟုတ်ပါဘူး။

ပြည်တွင်းသို့ စက်သုံးဆီများကို စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံနဲ့ ကိုရီးယားနိုင်ငံများက အဓိက တင်သွင်းနေတာဖြစ်ပါတယ်။စက်သုံးဆီလက်လီအရောင်းဆိုင်များအနေနှင့်လဲ ဌာနသို့ခွင့်ပြုချက်တောင်းခံပြီး ဆိုင်ပြင်ဆင်တည်ဆောက်နေတဲ့ဆိုင်တွေကလွဲလို့ ပိတ်သိမ်းထားသည့်ဆိုင်များမရှိပါဘူး။မိဘပြည်သူများ အနေနဲ့ ကောလဟလသတင်းများကြောင့် စိုးရိမ်စိတ်လွန်ကဲပြီး

အလုအယက်ဝယ်ယူမှုများကြောင့် အရောင်းဆိုင်များအနေနဲ့ အခြေခံအဆောက်အဦနဲ့ ဝန်ထမ်းအင်အားအခြေအနေတို့အရ အခုလို မနိုင် မနင်းတွေ ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ယခုလဲ အချိန်နဲ့တပြေးညီ ကျွန်တော်တို့ဌာနအနေနဲ့ သက်ဆိုင်ရာကော်မတီ၊ ဆက်စပ် ဝန်ကြီးဌာနများ၊ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း MPTA တို့နဲ့ပူးပေါင်း ဆောင်ရွက်လျက်ရှိနေလို့

မကြာခင်အချိန်မှာ ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်။ စက်သုံး ဆီအရောင်းဆိုင်လုပ်ငန်းရှင်များ အနေနဲ့လဲ ၎င်းတို့အနေဖြင့် ပုံမှန်ပြန်လည်ရောင်းချမည်ဖြစ်ပါကြောင်း မကြာခင်မှာ ထုတ်ပြန်ကြေငြာသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ဌာနအနေနဲ့ ဖြစ်သင့်တဲ့ ရည်ညွှန်ဈေးနှုန်းတွေကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိသလို၊

အရည်အသွေး အခြင်အတွယ်မှန်ကန်စွာနဲ့လွတ်လပ်၍ မျှတသော ဈေးကွက်ယှဉ်ပြိုင်မှုအတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့် ပြည်သူများဝယ်ယူသုံးစွဲနိုင်ရေးအတွက်၊နိုင်ငံတော်၏ စွမ်းအင် လိုအပ်ချက်နှင့်စွမ်းအင်လုံခြုံရေးအာမခံချက်ရှိစေရန်၊စဉ်ဆက်မပြတ်ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားလိုပါတယ်ဟု

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနကပြောကြားသည်။ယနေ့နေ့လည်မှာပင်စက်သုံးဆီဆိုင်များက ပုံမှန်အတိုင်း ရောင်းချနေပြီဟု အသီးသီးကြေညာထားကြသည်ကိုလည်းတွေ့ရသည်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *