သင့်ဆီမှာ ဒီလိုလက္ခဏာတွေထဲမှတစ်ခုခုပါပြီဆို သေချာပြီ သင်လည်းချမ်သာကြွယ်ဝတော့မည်

လူတိုင်းလူတိုင်းသည်ချမ်းသာချင်ကြ၏ ။သို့သော် လူတိုင်းလူတိုင်းသည် ချမ်းသာချင်းတော့မရှိနိုင်ပေ။လူတစ်ဦးတစ်ယောက် ဆင်းရဲချင်းချမ်းသာချင်းသည် မိမိအတိတ်ကပြုခဲ့ဖူးသောကံတရားအတိုင်းသာ ခံစားရပေသည်။
ထို့ကြောင့်အသက်ဉာဏ်စောင့်ဥစ္စာကံစောင့်ဟုမြန်မာစကားပုံရှိနေချင်းပင်ဖြစ်သည်။လက္ခဏာပညာရပ်တွင်လက်ပုံစံတနည်းလက်ဝါးပြင်သည်မူလဇာတာနှင့်တူပြီး လက်ဝါးပြင်အတွင်းရိုက်နှိပ်ထားသောလမ်းကြောင်းလေးများကတော့ကောဇာဂြိုဟ်နှင့်တူလှသည်။




လက်ပုံစံကောင်းမွန်ပြီး လက်မအဆင့်မှီကာ ကောင်းမွန်သောလက်ချောင်းလေးများနှင့်အတူလက်ဝါးပြင်အရောင်အသွေးကောင်းမွန်ကာဂြိုဟ်ခုံလေးများ မို့မောက်ပြည့်ဖြိုးကောင်းမွန်ပြီးဖျက်မှတ်ကင်းကာအားရှိနေမည်ဆိုပါက လက္ခဏာရှင်သည်ချမ်းသာရန်ကံတရားပါရှိပြီးသူဖြစ်ပေသည်။ထိုပြင်အောက်ပါ အမှတ်လက္ခဏာများကလည်းငွေကြေးရှာဖွေရလွယ်ကူချင်း စီးစိမ်ဥစ္စာပြည့်စုံခြင်းကိုဖော်ပြပြီး




ချမ်းသာသောလူတွေရဲ့လက်မှာသာအတွေ့ရများသောငွေဝင်လမ်းကြောင်းတွေဖြစ်တာကြာင့်ဒီအမှတ်သားလေးများသင့်ရဲ့လက်မှာပါမပါသေချာလေ့လာကြည့်ဖို့လိုအပ်ပါသည်။အကယ်၍ သင့်ရဲ့လက်မှာသာဒီအမှတ်သားတခုမဟုက်တခုပါလာခဲ့မယ်ဆိုရင်သင်သည်လည်းငွေကြေးဥစ္စာပြည့်စုံပြီးချမ်းသာသူတယောက်ဖြစ်လာမယ်ဆိုတာအသေချာပါပဲ ။




၁။လက်သူကြွယ်လက်ချောင်းနှင့်လက်ချောင်းခြေရင်းဖြစ်သောတနင်္ဂနွေဂြိုဟ်ခုံသည်ချမ်းသာကြွယ်ဝချင်း အနုပညာ အောင်မြင်မှုစသည်တို့ကိုဖော်ပြသောလက်ချောင်းဖြစ်သည်။ထိုလက်ချောင်းခြေရင်း တနင်္ဂနွေဂြိုဟ်ပေါ်တွင်ကြယ်အမှတ်သား( A )ပါခဲ့မယ်ဆိုရင်လက္ခဏာရှင်သည် စီးစိမ်ဥစ္စာပြည့်စုံချင်း ငွေကြေးရှာဖွေရလွယ်ကူချင်းဘွဲ့ထူးဂုဏ်ထူးရရှိခြင်း၊




အစိုးရဝန်ထမ်းများရာထူးတတ်ခြင်း၊ အနုပညာရှင်များ အကယ်ဒမီရလွယ်ခြင်းတို့ကိုပေးစွမ်းပြီးသာမာန်လူတွေမှာပါခဲပြီးအောင်မြင်ချမ်းသာသူတွေရဲ့လက်မှာသာတွေ့ရများသောအမှတ်သားဖြစ်သည်။ထိုအမှတ်သားပါသောလက္ခဏာရှင်သည်တမိပေါက်တယောက်ထွန်းဆိုသကဲ့သို့ ကြီးပွားမည့်အမှတ်သားလက္ခဏာဖြစ်ပေသည်။
၂။ လက်သွယ်ကြွယ်ခြေရင်း တနင်္ဂနွေဂြိုဟ်ခုံလို့ခေါ်တဲ့နေရာလေးမှာ အလံပုံစံ( B )လေးပေါ်လာခဲ့မယ်ဆိုရင် ဒီအမှတ်သားကိုအောင်လံအမှတ်သားလို့ခေါ်ပါတယ်။ဒီအောင်လံအမှတ်သားပါလာတဲ့လက္ခဏာရှင်ဟာမိဘမျိုးရိုးစဉ်ဆက်ချမ်းသာကြွယ်ဝတတ်ပြီးငွေကိုရေလိုသုံးနိုင်တဲ့လူတွေရဲ့လက်မှာသာတွေ့ရတတ်တာကြောင့်ဒီအမှတ်သားသင့်လက်မှာပါလာရင်မယ်ဆိုရင် အလွန်ကောင်းမွန်တဲ့အမှတ်သား ချမ်းမဲ့အမှတ်သားအဖြစ်မှတ်ယူရပါလိမ့်မယ် ။




၃။ ဦးခေါ်င်းလမ်းကြောင်းနဲ့ဉာဏ်လမ်းကြောင်းကြားမှာ အောင်လံအမှတ်သား( C )ပါလာရင်တော့ သင်ဟာ မိဘမျိုးရိုးကချမ်းသာသူမဖြစ်နိုင်ပါဘူး။အချိန်တန်အရွယ်ရောက် ကိုယ့်လမ်းကိုယ်လျောက်ပြီး ကိုယ့်ရဲ့ကြိုးစားမှုကြောင့်ဘဝအထွဋ်ထိပ်ရောက်က ငွေကြေးဥစ္စာပြည့်စုံချင်းနှင့်အတူချမ်းသာသုခရရှိနိုင်သူဖြစ်ပါလိမ့်မယ်။
၄။ လက်မ ပထမဆစ်နဲ့ ဒုတိယဆစ်ကြားမှာ ( D )စပါးစေ့ကဲ့သို့ လမ်းကြောင်းတွေဟာ လူအတော်များများမှာ ပါလာတတ်ပါတယ်။ဒီစပါးစေ့အမှတ်သားပါသူတွေဟာစားဝတ်နေရေးပြည့်စုံချင်း ငွေကြေးရှာဖွေရလွယ်ကူခြင်းးပြဆိုပါတယ်။ဒီအမှတ်သားကတော့ လူတရာမှာ၇၀%လောက်ပါတတ်ပါတယ် ။




ဒါပေမဲ့ လူအများရဲ့လက်မှာတွေ့ရတဲ့စပါးစေ့ပုံကတော့အတွင်းထဲမှာဟနေခြင်း (သို့မဟုတ်)အပြင်ဘက်မှာဟနေခြင်း (သို့မဟုက်) အပေါ်တချမ်းအောက်တချမ်းကွဲနေတတ်ပြီး လမ်းကြောင်းနှစ်ခုဆက်ပြီး လုံနေတဲ့စပါးစေ့ကတော့ ရှာမှရှားပါပဲ။
လက်မပထမဆစ်နဲ့ဒုတိယဆစ်ကြားမှာပါလာတဲ့စပါးစေ့ဟာ ဟချင်းကွဲချင်းမရှိလောက်အောင်လှပပြီးလုံနေမယ်ဆိုရင်ငွေလည်းရှာနိုင်သူ ရှာနိုင်သလောက်လည်းစုဆောင်နိုင်သူဖြစ်တာကြောင့်အဲဒီလိုလှပပြီးလုံနေတဲ့စပါးစေ့ကတော့ချမ်းသာသူတွေရဲ့လက်မှာသာမြင်တွေ့ရတတ်တာကြောင့်သင့်ရဲ့လက်မှာသာ ထိုအမှတ်သားပါလာခဲ့မယ်ဆိုရင် သင်ဟာငွေကြေးဥစ္စာပြည့်စုံပြီးချမ်းသာသူတယောက်ဖြစ်လာဖို့ရှိပါတယ်။




၅ ။ တနင်္လာဂြိုဟ်ခုံလို့ခေါ်တဲ့ လက်ဝါးစောင်းနားလေးမှာ အလံကဲ့သို့ အမှတ်သားလေးပါလာခဲ့မယ်ဆိုရင် ( E )လက္ခဏာရှင်ဟာ အနုပညာစိတ်ကူးစိတ်သန်းကောင်းမွန်းချင်းကြောင့်အကြံကောင်းတော့တသက်ကံကောင်းတော့တချက်ဆိုသလို အကြံကောင်းဉာဏ်ကောင်း စိတ်ကူးကောင်းတွေကြောင့် ပွပေါက်တိုးကာငွေကြေးဥစ္စာရရှိပြီး ကြည့်ကြည့်တတ်ချမ်းသာသူတွေဖြစ်လာတတ်ပါတယ် ။




၆။ အသက်လမ်းကြောင်းအဆုံးမှာစမူဆာပုံစံတြိဂံအမှတ်သား( F )လေးပါလာခဲ့မယ်ဆိုရင် မိဘတွေပေးအပ်သော အမွေအနှစ်စီးစိမ်ဥစ္စာတွေရရှိနိုင်ပြီး မိဘကျေးဇူးမြင့်မိုရ်ဦးဆိုသလိုမိဘတွေရဲ့အထောက်ပံ့တွေနဲ့ကြီးပွားချမ်းသာမဲ့လက္ခဏာပါပဲ။
၇။ လက်ဝါးအောက်ခြေ လက်ကောက်ရစ် လမ်းကြောင်းပေါ်မှာ စမူဆာပုံစံတြိဂံအမှတ်သား ( G )နှင့် ကြယ်စုံစံအမှတ်သား( H )ပုံပါလာခဲ့မယ်ဆိုရင်ငွေအစုလိုက်အပြုလိုက်ဝင်ခြင်း၊အမွေရခြင်း၊ ထီပေါက်ခြင်းစသော ငွေကြေးဥစ္စာအလုံးလိုက် အရင်းလိုက်ရရှိပြီး




ငွေကြေးကံကောင်းကာ ချမ်းသာသောဘဝအောင်မြင်သောဘဝကိုဧကန်မုချရရှိနိုင်ပါလိမ့်မယ်။သင့်ရဲ့လက်မှာ ဒီအမှတ်သားတွေပါမပါ သေချာလေ့လာတိုက်ဆိုင်စစ်ဆေးကြည့်နိုင်ရန်တင်ပြပေးလိုက်ရပါသည် ။
ခရက်ဒစ်