ရန်ကုန်တိုင်းအတွင်းသင်္ကြန်ကာလ မပျက်တဲ့မီး ယနေ့မှစ၍ပြန်လည်ပျက်တော့မည်ဟုသိရ

ရန်ကုန်တိုင်းအတွင်း၌ သင်္ကြန်ကာလရုံးပိတ်ရက်၌ အချိန်ပြည့် လျှပ်စစ်ဓာတ်အားပေးခဲ့ရာမှ ဧပြီ ၁၈ ရက်(ယနေ့)မှစ၍ အလှည့်ကျဓာတ်အားပေးစနစ်အား ပြန်လည်ပြုလုပ်သွားမည်ဖြစ်ကြောင်းရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှသိရသည်။




ရန်ကုန်တိုင်းအတွင်း အုပ်စုများခွဲ၍ အလှည့်ကျလျှပ်စစ်ဓာတ်အားပေးစနစ်အားမတ်လ၏တတိယပတ်မှစတင်ကျင့်သုံးခဲ့ပြီး ၄ နာရီခြားတစ်ကြိမ်အလှည့်ကျဖြင့် လျှပ်စစ်ဓာတ်အားကိုခွဲဝေပေးခဲ့ကြောင်းသိရသည်။
“သင်္ကြန်ရုံးပိတ်ရက်ကမီးအချိန်ပြည့်လာတော့သင်္ကြန်ပြီးသွားလည်း မီးကပုံမှန်အတိုင်းလာမယ်ထင်ထားတာ အခုလိုအလှည့်ကျစနစ်ပြန်ဖြစ်သွားတော့လည်း မီးလာတဲ့အချိန်ကိုလုပ်စရာရှိတာတွေလုပ်ရတော့မှာပေါ့ လျှပ်စစ်စီမံကိန်းတွေပြီးရင်တော့အချိန်ပြည့်မီးရတော့မယ်နဲ့တူပါတယ်” ဟု




ဒဂုံတောင်ပိုင်းနေကိုမျိုးဝင်းကပြောသည်။”ဟုတ်ပါတယ် အရင်လိုပဲအုပ်စုလိုက်အလှည့်ကျလျှပ်စစ်ဓာတ်အားပေးသွားမှာပါ”ဟုရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှတာဝန်ရှိသူ တစ်ဦးကလည်းပြောပါသည်။
သၾကၤန္ကာလ မပ်က္တဲ့မီး ယေန႔မွစ၍ျပန္လည္ပ်က္ေတာ့မည္ဟုသိရ(Zawgyi)

ရန္ကုန္တိုင္းအတြင္း၌ သၾကၤန္ကာလ႐ုံးပိတ္ရက္၌ အခ်ိန္ျပည့္ လွ်ပ္စစ္ဓာတ္အားေပးခဲ့ရာမွ ဧၿပီ ၁၈ ရက္(ယေန႔)မွစ၍ အလွည့္က်ဓာတ္အားေပးစနစ္အား ျပန္လည္ျပဳလုပ္သြားမည္ျဖစ္ေၾကာင္းရန္ကုန္တိုင္းလွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္းမွသိရသည္။
ရန္ကုန္တိုင္းအတြင္း အုပ္စုမ်ားခြဲ၍ အလွည့္က်လွ်ပ္စစ္ဓာတ္အားေပးစနစ္အားမတ္လ၏တတိယပတ္မွစတင္က်င့္သုံးခဲ့ၿပီး ၄ နာရီျခားတစ္ႀကိမ္အလွည့္က်ျဖင့္ လွ်ပ္စစ္ဓာတ္အားကိုခြဲေဝေပးခဲ့ေၾကာင္းသိရသည္။
“သၾကၤန္႐ုံးပိတ္ရက္ကမီးအခ်ိန္ျပည့္လာေတာ့သၾကၤန္ၿပီးသြားလည္း မီးကပုံမွန္အတိုင္းလာမယ္ထင္ထားတာ အခုလိုအလွည့္က်စနစ္ျပန္ျဖစ္သြားေတာ့လည္း မီးလာတဲ့အခ်ိန္ကိုလုပ္စရာရွိတာေတြလုပ္ရေတာ့မွာေပါ့ လွ်ပ္စစ္စီမံကိန္းေတြၿပီးရင္ေတာ့အခ်ိန္ျပည့္မီးရေတာ့မယ္နဲ႔တူပါတယ္” ဟု
ဒဂုံေတာင္ပိုင္းေနကိုမ်ိဳးဝင္းကေျပာသည္။”ဟုတ္ပါတယ္ အရင္လိုပဲအုပ္စုလိုက္အလွည့္က်လွ်ပ္စစ္ဓာတ္အားေပးသြားမွာပါ”ဟုရန္ကုန္တိုင္းလွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္းမွတာဝန္ရွိသူ တစ္ဦးကလည္းေျပာပါသည္။