နိုင်ငံသားကတ် (မှတ်ပုံတင်) အတုနှင့် အပိုကိုင်ဆောင်ထားသူများကို အရေးယူမည်ဟုကြေညာ

နိုင်ငံသားကတ်(မှတ်ပုံတင်)အတုနှင့်အပိုကိုင်ဆောင်ထားသူများကိုတည်ဆဲဥပဒေအရ စတင်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဋ္ဌာနက တရားဝင်ကြေညာထားကြောင်းသိရသည်။




ထို့အပြင် နိုင်ငံအနှံ့ခရီးသွားလာရာတွင်သက်ဆိုင်ရာတာဝန်ရှိသူများကစစ်ဆေးပါကနိုင်ငံသားကတ် (မှတ်ပုံတင်)ကိုပြသစစ်ဆေးခံရမည်ဖြစ်ပြီး၊ယခု ဧပြီ ၁ ရက်နေ့မှစတင်၍စတင်စစ်ဆေးခြင်းများဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
ထို့ကြောင့် ခရီးသွားလာရာတွင်နိုင်ငံသားကတ်(မှတ်ပုံတင်)အစားထောက်ခံချက်များပြသ၍ ခရီးသွားလာခြင်း ၊ အစစ်ဆေးခံခြင်းများကိုခွင့်ပြုတော့မည်မဟုတ်ဘဲနိုင်ငံသားကတ်အတုနှင့် အပိုကိုင်ဆောင်ထားသူများကို တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားတော့မည်ဖြစ်သည်။




ထို့အပြင်ခရီးသွားပြည်သူများအနေဖြင့်လိုအပ်ချက်အရ ခရီးသွားလာရာတွင်လည်းကောင်း၊တည်းခိုနေထိုင်ရာတွင်လည်းကောင်းနိုင်ငံသားကတ်(မှတ်ပုံတင်)ကိုပြသမှသာသွားလာတည်းခိုခွင့်ရမည်ဖြစ်သည်။
ယင်းအတွက် အသက် (၁၆)နှစ် အထက်အကျုံးဝင်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးအတွက်ပန်းခင်း စီမံချက်ဖြင့် ခရိုင်/မြို့နယ်များအလိုက်လူဝင်မှု ကြီးကြပ်ရေးရုံးများတွင်ဆောင်ရွက်ပေးခြင်း၊




ကွင်းဆင်းဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့်နေရာများတွင် တစ်အိမ်တက် တစ်အိမ်ဆင်းဆောင်ရွက်ပေးခြင်းများကို ၂၀၂၁ မေလ ၃ ရက်နေ့မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ လ ၃ အထိ နိုင်ငံတစ်ဝန်းလုံး ရက်ဆက်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။