ယနေ့ညမှစပြီး ဧပြီလ၂၁ရက်ထိ ရုတ်တရက်လျှပ်စီးမိုးကြိုးမိုးနှင့်လေပြင်းအန္တရာယ်ရှိသောတိုင်းဒေသကြီးများနှင့် လာနီညာအခြေအနေ

၂၀၂၂ဧပြီလ ၁၅ရက် ယနေ့ညပိုင်းမှာ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ရခိုင်ပြည်နယ်မြောက်ကပိုင်း၊ချင်းပြည်နယ်၊စစ်ကိုင်းတိုင်းအလယ်ပိုင်းဒေသ၊ကသာရွှေကူ၊ ဗန်းမော်၊ကွတ်ခိုင်၊လောက်ကိုင်၊မူဆယ်တွေမှာ
K-Index မြင့်တက်နေသဖြင့် လျှပ်စီးမိုးကြိုးမိုးများနှင့် ရုတ်တရက်လေပြင်းများကျရောက်နိုင်ပါတယ်။၁၆ရက်နေ့တွင် ကချင်ပြည်နယ်တွင် လျှပ်စီးမိုးကြိုးမုန်တိုင်း နှင့် ရုတ်တရက် လေပြင်းအန္တရာယ်ရှိပါသည်။




၁၅ရက်နှင့် ၁၆ရက်နေ့များတွင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွေမှာလည်း မိုးရွာနိုင်ပါတယ်။ဧပြီလ ၁၈ ရက်၁၉ရက်နေ့ ရှမ်းပြည်နယ်အရှေ့ပိုင်း ထိုင်းလာအိုမြန်မာနယ်စပ် မိုးကြီးရေလျှံနိုင်ပါတယ်။၂၀၂၂ ဧပြီလ ၁၉ရက်နေ့နှင့် ၂၀ရက်နေ့များတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း




တာချီလိတ်ခရိုင်ကျိုင်းတုံခရိုင်ဒေသတွေမှာ မိုးကြီးနိုင်ပါသည်။ဧပြီ ၁၉ရက်နှင့် ၂၀ရက်တွေမှာ နေပြည်တော်၊တပ်ကုန်း၊ရမည်းသင်း၊ရွှေဒါး၊ရွားတန်း၂၄ရွာ ၊ပျော်ဘွယ်၊မိတ္ထီလာ၊သာစည်၊ ပင်လောင်း၊နောင်တရား၊ကလော၊အောင်ပန်း၊ဟဲဟိုး၊ညောင်ရွှေ၊အင်းလေး၊တောင်ကြီးရွှေညောင်၊ဗထူး၊ရပ်စောက်၊




ကျိုင်းခမ်း၊ပင်းတယ၊ရွာငံ၊မြို့ကြီး၊ကျောက်ဆည်၊ဟန် မြင့်မိုရ်၊မြစ်သား၊နထိုးကြီး၊မြင်းခြံ၊ငါန်းဇွန်၊မြင်းမူ၊စစ်ကိုင်း၊အင်းဝ၊တံတားဦး၊အမရပူရ၊မန္တလေး၊ ပုသိမ်ကြီး၊အုန်းချော၊အနီးစခန်း၊မေမြို့၊နောင်ချို၊ကျောက်မဲ၊သီပေါ၊လားရှိုး၊တန့်ယန်း၊ ကွမ်လုံ၊ လောက်ကိုင်၊မူဆယ်၊နမ့်ခမ်း ဒေသတွေမှာ မိုးရွာနိုင်ပါသည်။




စပါးရိတ်သိမ်းနေကြသူများအတွက် ဖျက်မိုး ဧပြီလ ၂၀ ရက် ၂၁ရက်နေ့တို့တွင် သနင်္သာရီတိုင်း၊မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ရန်ကုန်တိုင်း၊ဧရာတီတိုင်း၊နှင့်ပဲခူးတိုင်းဒေသတွေများ မိုးရွာနိုင်ပြီး ပြင်ဦးလွင်နှင့် မိုးကုတ်မြို့ မိုးမိတ်မြို့တွေမှာမိုးကြီးနိုင်တဲ့အတွက်စပါးရိတ်သိမ်းနေကျသူများ




ဆားလုပ်ငန်းအုတ်လုပ်ငန်းသမားများ ပျက်စီးဆုံးရှုံးမှုမဖြစ်အောင်အထူးသတိထားကြဖို့လိုအပ်ပါတယ်ဆိုပြီး မိုးလေဝသပညာရှင်မလေး စုစုစံမှ ခန့်မှန်းပေးထားပါတယ်။ထို့အပြင် လာနီညာသည် မြောက်ကမ္ဘာခြမ်း မြန်မာ့မိုးရာသီကို ဖြတ်သန်းရန်မျက်နှာသာပေးထားပြီး




၂၀၂၂ခုနှစ် ဇွန်လမှ သြဂုတ်လအတွင်း အခွင့်အလမ်း၅၉% နှင့် ဆောင်ဦးတွင် ၅၀/၅၅ % အသက်ဝင်ဆဲဖြစ်တယ်လို့လည်းခန့်မှန်းပေးထားပါသေးတယ်။
ယနေ့ညမှစပြီး ဧပြီလ၂၁ရက်ထိ ရုတ်တရက်လျှပ်စီးမိုးကြိုးမိုးနှင့်လေပြင်းအန္တရာယ်ရှိသောတိုင်းဒေသကြီးများနှင့် လာနီညာအခြေအနေ(Zawgyi)



Source Su Su San