သင်္ကြန်မှာ စတုဒီသာအနေနဲ့ မုန့်လုံးရေပေါ် လှူကြကျွေးကြတဲ့အကြောင်း

သင်္ကြန်မှာ စတုဒီသာအနေနဲ့ မုန့်လုံးရေပေါ် လှူကြကျွေးကြတဲ့အကြောင်း

သင်္ကြန်အခါမှာ မုန့်လုံးရေပေါ်စတုဒီသာကျွေးမွေးကြပေမယ့် ဘာကြောင့်ကျွေးတယ်ဆိုတာ မသိသေးတဲ့ချစ်မိတ်ဆွေတို့အတွက် မျှဝေပေးလိုက်ပါတယ်။သင်္ကြန်ဆိုတာနှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးချိန်၊ နှစ်ဟောင်းက အညစ်အကြေးတွေကို

နှစ်သစ်ကိုပါမလာအောင်ရေနဲ့ဆေးချသန့်စင်ကြတယ်လို့အဆိုလည်း ရှိပါတယ်။နောက်ပြီး သင်္ကြန်ကာလမှာဆို သင်္ကြန်အစားအစာများဖြစ်တဲ့မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ သာကူကျို၊ ငါးခြောက်ထောင်းနဲ့ထမင်း၊သင်္ကြန်ထမင်းတွေကိုစတုဒီသာကျွေးမွေးကြတဲ့ချစ်စရာကောင်းတဲ့မြန်မာ့ဓလေ့တွေ ရှိပါတယ်။

မြန်မာ့နှစ်ကူးအခါသင်္ကြန်ကာလမှာတော့ မုန့်လုံးရေပေါ်ကတော့မဏ္ဍပ်တိုင်းကလှူကြကျွေးကြပါတယ်။ဘာလို့ကျွေးတာလဲဆိုတာရှာဖွေမှတ်သားကြည့်တော့သင်္ကြန်တွင်းမှာမုန့်လုံးရေပေါ်စားရသူတိုင်းမှာကံကောင်းခြင်းတွေ၊ ကောင်းခြင်းမင်္ဂလာတွေ ရရှိစေတဲ့အတွက်လူတိုင်းစားဖြစ်အောင်အလှူလုပ်ရင်း ကျွေးမွေးကြခြင်းဖြစ်ပါတယ်လို့

မာဃအရှင် (အညာမြေ) ရေးသားမှုမှာ မှတ်သားရသည့်အပြင် မုန့် = ၅၊ လုံး=၄၊ ရေ – ၄၊ ပေါ် = ၅ ပေါင်းခြင်း ၁၈ ရပြီး ထပ်ပေါင်းတဲ့အခါမှာ ၉ ဂဏန်းရတဲ့အတွက် ကိုးနဝင်းပြည့်တယ်ကောင်းခြင်းမင်္ဂလာနဲ့ ပြည့်စုံတယ်ဆိုတဲ့ ရှေးလူကြီးတွေရဲ့လောကီပြုလုပ်ပုံကိုအစွဲပြုပြီး

နှစ်ကူးအခါသမယမှာမုန့်လုံးရေပေါ်ကျွေးကြတယ်။အလှူဒါန ပြုလုပ်ကြတယ်လို့ပါ မှတ်သားရပါတယ်။ နောက်ပြီး မုန့်လုံးရေပေါ်လို့ဆိုသည့်အတွက် ကောင်းသောကံ၊ ကောင်းသောအကြောင်းတရားများ တိမ်မြှပ်နေတယ်ဆိုရင်ပေါ်ပေါက်လာအောင် ကံပေါ်အောင်မုန့်လုံးရေပေါ်ကိုကျွေးကြလှူကြစားကြတယ်လို့လည်းသိရှိရပါတယ်။

ဒီနေရာမှာ Admin ကို ကပ်သီးကပ်သပ် မကောင်းတဲ့ကံပါ ပေါ်လာရင်ကောလို့ ချစ်ရတဲ့ဉာဏ်ကြီးရှင်လေးတွေကပြောလာရင်တော့ Admin က ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း နမိတ်ထွန်းတဲ့ကျွန်း ဖြစ်တဲ့အတွက် ကောင်းတဲ့ကံပဲ ပေါ်တယ်ဆိုပြီး အကောင်းမြင်ဝါဒလေးနဲ့ ကံကောင်းအောင်ကံပေါ်အောင် စားကြတယ်လှူကြတယ်လို့ မှတ်ယူပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်နော်..

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *