မီးအားမြှင့်စက်တပ်ထားပြီး ဘာမှ မသုံးဘဲနဲ့ မီတာ တက်နိုင်လား

မီးအားမြှင့်စက်တပ်ထားပြီး ဘာမှ မသုံးဘဲနဲ့ မီတာ တက်နိုင်လား

Electronic Instructor-ဆရာရဲ (လျှပ်စစ်ကျောင်းသား)

အိမ်သုံးမီးအားမြှင့်စက်တွေက အသုံးမပြုပဲ Free Load မှာ မီတာတက်နိုင်လားဆိုတော့ဘာမှမသုံးပဲ မီးအားမြှင့်စက်ကို ပါဝါပေးထားရုံနဲ့တင် မီတာတက်ပါတယ်။ဘာကြောင့်လဲဆိုမီးအားမြှင့်စက်အဝင်ခြမ်းမှာကွိုင်ပါတ်ထားပါတယ်။

ထိုကွိုင်သည်ပါဝါရနေသဖြင့် Magnetic Flux တွေထွတ်နေမှာပါ။ထို့အကြောင်းရင်းကြောင့် Ampere အနည်းငယ်စားပါတယ်။ Ampere စားနေပြီဆိုပါက Volt နဲမြှောက်ရင် Watt ရပြီပေါ့။ Watt ရရင် နာရီနဲ့ ပြန်တွက်တော့မီတာ Unit ရပြီ။

နမူနာအနေနဲ့ ဝပ် ၅၀၀ မိန်းထုတ်လေးကို ၂၂၀ ဗို့အားထည့်ပြီး Clamp Meter နဲ့ Ampere တိုင်းထားပါတယ်။ အခုအခြေအနေမှာတော့ 0.05 A ပဲဆွဲသုံးပါတယ်။ ဒါကမိန်းထုတ်အသစ်ဖြစ်တာရယ် ဝပ် နည်းတာရယ်ကြောင့်ပါ။

1000 W ရှိသောလျှပ်စစ်ပစ္စည်း တခုအား ၁ နာရီကြာအသုံးပြုနေခြင်းကို 1 Unit ကုန်ဆုံးသည်ဟု သတ်မှတ်ပြီး မီတာပုံးတွင် အမှတ် ၁ ခုတက်လာမှာဖြစ်ပါသည်။နေအိမ်များတွင်တပ်ဆင်အသုံးပြုသောမီတာများမှာ Single Phase, Two Wire ဖြစ်ပြီး

စက်ရုံအလုပ်ရုံသုံးမီတာများမှာ 3 Phase, 3 wire သို့မဟုတ် 3 Phase, 4 Wire စသည့် မီတာအကြီးများလည်းရှိသေးတယ်။ဝပ် ၅၀၀ မိန်းထုတ်တခုကိုအလွတ်ပါဝါကျွေးထားပါကတနာရီလျှင် 0.011 Unit မီတာတက်မှာဖြစ်ပါသည်။

ဝပ်ကြီးလျှင်ပိုပြီး မီတာတက်ပါမည်။ထို့ကြောင့် ဝပ်ကြီးသည်မီးအားမြှင့်စက်များအနေဖြင့် မီးအားကောင်းနေချိန်တွင် Transformer ကိုအသုံးမပြုပဲ Direct ဖြင့်အသုံးပြုသင့်ပါသည်။မိန်းထုတ်များ ဟောင်းလာလျှင်လည်းမီတာပိုစားနိုင်ပါသည်။

Electronic Instructor-ဆရာရဲ (လျှပ်စစ်ကျောင်းသား)

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *