အိမ်နှင့် ဝိုင်း ဝယ်တော့မယ်ဆို ဂရန်အတုလား အစစ်လားအလွယ်တကူခွဲခြားနည်း

အိမ်နှင့် ဝိုင်း ဝယ်တော့မယ်ဆို ဂရန်အတုလား အစစ်လားအလွယ်တကူခွဲခြားနည်း

ဂရန်အတုဂရန်အစစ်အားအောက်ပါအချက်များဖြင့်ခွဲနိုင်ပါသည်။ဂရန်အစစ်မှာ ဂရန်မျက်နှာဖုံးကသားရေအစိမ်းရင့်ပါတွန့်ကြေခြင်းမရှိပါ။ဌာနတံဆိပ်မှာရွှေရောင်လက်နှင့်ပွတ်ကြည့်လျင်ကြမ်းပြီးဖောင်းကြွဖြစ်ပါတယ်။အိုးအိမ်ဂရန်မှာအပြာရောင်ပါ။

အတုမှာနက်ပြာရောင်သို့မဟုတ်အစိမ်းပုတ်ရောင်ဖြစ်ပြီးဌာနတံဆိပ်မှာကြမ်းမနေပါ။

ဌာန တံဆိပ်ရေစာမှာအပြာနုပါထင်ရှားပြီး မှုံဝါးမနေ အရောင်မှာအရမ်းတောက်ပမနေပါ။စာအုပ်ချုပ်ထားတဲ့ချုပ်ရိုးမှာသက်သက်ရပ်ရပ်ဖြစ်နေပြီး အပ်ပေါက်ရာနှင့်ချုပ်ထားသောချုပ်ရိုးစများအပြင်သို့ထွက်မနေပါ။

အတုမှာ ချုပ်ထားသောကြိုးစများထွက်နေပြီးကြိုးထက်အပ်ပေါက်ရာကကြီးနေတက်ပါတယ်။

စာရွက်ရဲ့အသားဟာထူပြီး ချောနေပါတယ်။စာရွက်ကို ထောင်ကြည့်လျှင်ရေစာသည်အရောင်ဖျော့ ပြီးပြတ်သားစွာမြင်ရပါတယ်။

အတုသည် ရေစာအားcolourprinterဖြင့်ထုတ်ထားသဖြင့်အရမ်းထင်းလွန်းပြီးစာရွတ်သားမှာမထူပါ စာလုံးများအားပွတ်ကြည့်လျှင်အရောင်ပျက်သွားပါသည်။

မြေပုံဆွဲသည့်အခါအဝိုင်းများနှင့်မြေကွက် ဘောင်ခတ်ခြင်း အားမှင်နီဖြင့်ဆွဲပြီးလက်ရာမှာသေသပ်ပြီး အစွန်းများထွက်မနေပါ။လိုင်းများညီညာလွန်းပါတယ်။စာသားအားအနက်ဖြင့် သာရေးလေ့ရှိပါတယ်။

အတုမှာဘောင်လိုင်းများအစွန်းထွက်ပြီးစာသားအားမှင်ပြာဖြင့်ရေးလေ့ရှိပါတယ်။ဟော်လိုဂရန်မှာ အစစ်ရောအတုမှာပါပါလေ့ရှိပါတယ်…။အားလုံးပဲ အတုအယောင်များမှကင်းဝေး၍ လူအချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေလို့ဆန္ဒပြုလိုက်ရပါသည်။

ခရစ်ဒစ်

အိမ္ႏွင့္ ဝိုင္း ဝယ္ေတာ့မယ္ဆို ဂရန္အတုလား အစစ္လားအလြယ္တကူခြဲျခားနည္း(Zawgyi)

ဂရန္အတုဂရန္အစစ္အားေအာက္ပါအခ်က္မ်ားျဖင့္ခြဲႏိုင္ပါသည္။ဂရန္အစစ္မွာ ဂရန္မ်က္ႏွာဖုံးကသားေရအစိမ္းရင့္ပါတြန႔္ေၾကျခင္းမရွိပါ။ဌာနတံဆိပ္မွာေ႐ႊေရာင္လက္ႏွင့္ပြတ္ၾကည့္လ်င္ၾကမ္းၿပီးေဖာင္းႂကြျဖစ္ပါတယ္။အိုးအိမ္ဂရန္မွာအျပာေရာင္ပါ။

အတုမွာနက္ျပာေရာင္သို႔မဟုတ္အစိမ္းပုတ္ေရာင္ျဖစ္ၿပီးဌာနတံဆိပ္မွာၾကမ္းမေနပါ။

ဌာန တံဆိပ္ေရစာမွာအျပာႏုပါထင္ရွားၿပီး မႈံဝါးမေန အေရာင္မွာအရမ္းေတာက္ပမေနပါ။စာအုပ္ခ်ဳပ္ထားတဲ့ခ်ဳပ္႐ိုးမွာသက္သက္ရပ္ရပ္ျဖစ္ေနၿပီး အပ္ေပါက္ရာႏွင့္ခ်ဳပ္ထားေသာခ်ဳပ္႐ိုးစမ်ားအျပင္သို႔ထြက္မေနပါ။

အတုမွာ ခ်ဳပ္ထားေသာႀကိဳးစမ်ားထြက္ေနၿပီးႀကိဳးထက္အပ္ေပါက္ရာကႀကီးေနတက္ပါတယ္။

စာ႐ြက္ရဲ႕အသားဟာထူၿပီး ေခ်ာေနပါတယ္။စာ႐ြက္ကို ေထာင္ၾကည့္လွ်င္ေရစာသည္အေရာင္ေဖ်ာ့ ၿပီးျပတ္သားစြာျမင္ရပါတယ္။

အတုသည္ ေရစာအားcolourprinterျဖင့္ထုတ္ထားသျဖင့္အရမ္းထင္းလြန္းၿပီးစာ႐ြတ္သားမွာမထူပါ စာလုံးမ်ားအားပြတ္ၾကည့္လွ်င္အေရာင္ပ်က္သြားပါသည္။

ေျမပုံဆြဲသည့္အခါအဝိုင္းမ်ားႏွင့္ေျမကြက္ ေဘာင္ခတ္ျခင္း အားမွင္နီျဖင့္ဆြဲၿပီးလက္ရာမွာေသသပ္ၿပီး အစြန္းမ်ားထြက္မေနပါ။လိုင္းမ်ားညီညာလြန္းပါတယ္။စာသားအားအနက္ျဖင့္ သာေရးေလ့ရွိပါတယ္။

အတုမွာေဘာင္လိုင္းမ်ားအစြန္းထြက္ၿပီးစာသားအားမွင္ျပာျဖင့္ေရးေလ့ရွိပါတယ္။ေဟာ္လိုဂရန္မွာ အစစ္ေရာအတုမွာပါပါေလ့ရွိပါတယ္…။အားလုံးပဲ အတုအေယာင္မ်ားမွကင္းေဝး၍ လူအခ်င္းခ်င္းလွည့္ပတ္ျခင္းကင္းရွင္းၾကပါေစလို႔ဆႏၵျပဳလိုက္ရပါသည္။

ခရစ္ဒစ္

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *