ယာဥ်မောင်းလိုင်စင်ပျောက်သွားလို့ အသစ်ပြန်လျှောက်တဲ့အခါ နံပါတ်လည်းမှတ်မထားမိဘူးဆိုဘယ်လိုလုပ်ရမလဲ?

ယာဉ်မောင်းလိုင်စင်အပျောက်လျှောက်တဲ့အခါလိုင်စင်နံပါတ်မမှတ်မိတော့ရင်ဘယ်လိုလုပ်မလဲ…။ကျွန်တော်တို့ယာဉ်မောင်းလိုင်စင်တွေ အကြောင်းအမျိုးမျိုးကြောင့်ပျောက်ဆုံးသွားခဲ့မယ်ဆိုရင်အသစ်ပြန်လျှောက်ရပါတော့မယ်။
အဲ့ဒီလိုအသစ်ပြန်လျှောက်တဲ့အခါ မှတ်ပုံတင်မူရင်း၊မိတ္ထူယာဉ်ထိန်း ရဲတပ်ဖွဲ့ရုံးထောက်ခံစာပက်စ်ပို့ပုံ(၃)ပုံလို့လိုအပ်ပါတယ်။မှတ်ပုံတင်တို့ ပတ်စ်ပို့ပုံတို့ကမိမိမှာရှိပြီးသားမို့အခက်အခဲမရှိပါဘူး။ဒါပေမယ့်ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးထောက်ခံစာယူမယ်ဆိုရင်တော့ အနည်းဆုံး ယာဉ်ထိန်း ရုံးကိုတော့သွားရပါတော့မယ်။




ဒီအခါမှာ မိဘပြည်သူများကိုနားလည်ထားစေချင်တာကယာဉ်ထိန်းရဲထောက်ခံစားဟာ ပျောက်ဆုံးသွားတဲ့မိမိလိုင်စင်နံပါတ်ကိုအမှုကင်းရှင်းကြောင်းစီစစ်ထောက်ခံပေးတာဖြစ်တာမို့ မိမိရဲ့ယာဉ်မောင်းလိုင်စင်နံပါတ်လေးသိထားဖို့လိုပါတယ်။
နံပါတ်ကလည်းမမှတ်မိဘူး ယာဉ်မောင်းလိုင်စင်ကိုမိတ္ထူကူးထားတာလည်းမရှိဓာတ်ပုံရိုက်ထားတာလည်းမရှိဘူးဆိုရင်ထောက်ခံပေးရမည့်ယာဉ်မောင်းလိုင်စင်နံပါတ်မရှိတဲ့အတွက်ထောက်ခံစာရေးရာမှာအဆင်မပြေပါဘူး။




ယာဉ်မောင်းလိုင်စင်နံပါတ်ရရှိမှသာ အဆင်ပြေမှာဆိုတော့ နံပါတ်ကလည်းမမှတ်မိတာမို့ ဘယ်လိုလုပ်ရမှန်းမသိတော့ဘူးဖြစ်ကြရတယ်။ဒီတော့ မိမိရဲ့ယာဉ်မောင်းလိုင်စင်နံပါတ်ကို မှတ်ထားပါ မိတ္တူကူးထားပါ။ဓါတ်ပုံရိုက်ထားပါ။




ဘာမှမှတ်ထားတာမရှိလို့ အခုလို ထောက်ခံစာယူတဲ့အခါမျိုးမှာဆိုရင်တော့ နောက်ဆုံး ဒီလိုလေးလုပ်လို့ရပါတယ်။မိမိရဲ့မှတ်ပုံတင်နံပါတ်နဲ့ မိမိယာဉ်မောင်းလိုင်စင်လုပ်ခဲ့တဲ့ရုံးမှာလိုင်စင်နံပါတ်ရှာပေးဖို့အကူညီတောင်းလို့ရပါတယ်။သက်ဆိုင်ရာရုံးကအကူအညီလည်းပေးပါတယ်။




ယာဉ်မောင်းလိုင်စင်နံပါတ်သာမှတ်မိထားရင်တော့အချိန်ကုန်သက်သာသွားတာပေါ့။ဒါကြောင့်မိမိရဲ့ယာဉ်မောင်းလိုင်စင်နံပါတ်လေးတော့ တစ်နည်းနည်းနဲ့မှတ်ထားဖို့ သတိပေးပါရစေဗျာ။
ဒုရဲအုပ်ဌေးလွင်(ခ) နေမျိုးသူရ