လက်ခံထားတဲ့ပွဲတွေအားလုံးကိုဖျက်သိမ်းလိုက်တဲ့ သရုပ်ဆောင်ပိုင်တံခွန်

သရုပ်ဆောင်ပိုင်တံခွန်ကလက်ရှိလက်ခံထားတဲ့ ပွဲတွေအားလုံးကိုဖျက်သိမ်းလိုက်ပြီဖြစ်တယ်လို့ ၎င်းရဲ့ ဖေ့ဘုတ်စာမျက်နှာကတစ်ဆင့် အသိပေးပြောကြားထားပါတယ်။“မနှစ်က ဒီလိုနေ့ မနက် ၄ နာရီ ကျွန်တော်တစ်နှစ်နီးပါးဆင်းရဲဒုက္ခခံစားခဲ့ရပါတယ်။




ဒါပေမယ့် ကျနော့်ထက် အခုချိန်မှာ ပိုခက်ခဲကြပ်တည်းနေတဲ့ သူတွေရှိတာ ကျနော်နားလည်ပါတယ်။ ဒါကြောင့် ဒီအတောအတွင်းလက်ခံထားတဲ့ပွဲတက်တွေအားလုံး ကျနော့်ဘက်ကတရားဝင်ဖျက်သိမ်းလိုက်ပါပြီ။” လို့ ၎င်းကအသိပေးပြောကြားထားပါတယ်။




ရုပ်ရှင်ရုပ်ဆောင် ပိုင်တံခွန်ကိုဆန္ဒပြသပိတ်စစ်ကြောင်းများအတွင်းပါဝင်သည်ဟုဆိုကာ ၂၀၂၁ခုနှစ် ဧပြီလပိုင်းအတွင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိနေအိမ်မှာဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ယင်းနောက်ပုဒ်မ ၅၀၅(က)အမှုအတွက်အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃နှစ်ချမှတ်ခံခဲ့ရပြီး




ပြီးခဲ့တဲ့မတ်လ၂ ရက်ကလွတ်ငြိမ်းနဲ့ ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။လက်ရှိမှာ ကုန်ပစ္စည်းမိတ်ဆက်ပွဲများ၊ ပွဲအခမ်းအနားများသို့ တက်ရောက်တဲ့အတွက် ၎င်းကို ဝေဖန်မှုများလည်း ရှိနေပါတယ်။