ဧပြီလ ၉ ရက်နေ့ မုန်တိုင်းငယ်တစ်လုံးဖြစ်ပေါ်လာနိုင်ပြီးရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ်အချို့ မိုးရွာသွန်းမည်

ဧပြီလ ၉ ရက်နေ့ မုန်တိုင်းငယ်တစ်လုံးဖြစ်ပေါ်လာနိုင်ပြီးရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ်အချို့ မိုးရွာသွန်းမည်

လာမယ့် ဧပြီလ ၉ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာမုန်တိုင်းငယ်တစ်လုံးဖြစ်ပေါ်လာနိုင်ပြီး ဧရာဝတီတိုင်းရန်ကုန်တိုင်းအပါအဝင်တိုင်းနဲ့ပြည်နယ်အချို့ မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသပညာရှင်စုစုစံမှ ကြိုတင်ခန့်မှန်းထုတ်ပြန်ပေးထားပါတယ်။

ထုတ်ပြန်ချက်မှာ ”၂၀၂၂ ဧပြီလ ၉ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ depression မုန်တိုင်းငယ်တစ်လုံးဖြစ်ပေါ်လာနိုင်ပြီးမုန်တိုင်းညာဖက်လေယက်အားက ဧရာဝတီတိုင်း ရန်ကုန်တိုင်းမွန်ပြည်နယ်၊ပဲခူးတိုင်း၊နေပြည်တော်၊ရှမ်းပြည်နယ်တောင်ပိုင်း၊ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်

မန္တလေးတိုင်းတွေမှာမိုးတွေရွာနိုင်ပါတယ်။ အဆင့်မြင့်မိုးလေဝသဂြိုလ်တုတွေကနေပြီးအချိန်ပြည့်​နီးပါး စောင့်ကြည့်ထောက်လှမ်းနေပါတယ်။နောက်၃၆နာရီအတွင်း မွန်ပြည်နယ်ရန်ကုန်တိုင်း ဧရာဝတီတိုင်း ပဲခူတိုင်း နေပြည်တော်

မန္တလေးတိုင်း ရှမ်းပြည်နယ်တောင်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်စစ်ကိုင်းတိုင်းအောက်ပိုင်းတွေမှာမိုးတွေရွာနိုင်ပါတယ်။ မိုးရေထိမှန်ပြီးပျက်စီးနိုင်တာမှန်သမျှ ပျက်စီးမှုမရှိအောင်လုပ်ကိုင်ဆောင်ရွက်ထားကြပါနော်” ဆိုပြီး သတိပေးထုတ်ပြန်ပေးထားပါတယ်။

Source: Su Su San 𝘾𝙡𝙞𝙢𝙖𝙩𝙤𝙡𝙤𝙜𝙞𝙨𝙩

Facebook Comments Box