မိမိပတ်ဝန်းကျင်တွင်ပျားအုံစွဲလာတဲ့အခါ မဖြစ်မနေသိရှိထားသင့် သော နိမိတ်များ

မိမိပတ်ဝန်းကျင်တွင်ပျားအုံစွဲလာတဲ့အခါ မဖြစ်မနေသိရှိထားသင့် သော နိမိတ်များ

ရှေးလူကြီးများလက်ထက်ကတည်းကအတိတ်နိမိတ်များဖတ်တက်ကြပါတယ်။အဲဒီထဲမှ ပျားစွဲနိမိတ်များအကြောင်းကို ဗဟုသုတအဖြစ်ပြန်လည်မျှဝေပေးလိုက်ရပါတယ်…အများအားဖြင့်ပျားအုံများသည်သစ်ပင်သစ်ကိုင်းများလှိုဏ်ဂူများတွင်သာ အသိုက်အအုံစွဲလေ့ရှိပါသည်။

အိမ်များကျောင်းများဘုရားစေတီများတွင်ဖြစ်ပေါ်နှုန်းနည်းပါးပါသည်။သာမန်အားဖြင့် ဖြစ်ပေါ်လေ့မရှိပါ။အကယ်၍ဖြစ်ပေါ်လာခဲ့ပြီဆိုရင်လဲဖြစ်ပေါ်လာသောနေရာဌာနကိုလိုက်၍တစုံတခုသော ကောင်းကျိုးဆိုးကျိုးကိုပေးလေ့ရှိသည်ဟုရှေမြန်မာလူမျိုးတို့ယုံကြည်ခဲ့ကြပါသည်။

ဤသို့ဖြင့်လောကီပညာတွင် * ပျားစွဲ နိမိတ် * ဟူသောပညာခန်းတခုဖြစ်ပေါ်လာခဲ့ပါသည်။ပျားစွဲနိမိတ်ပျားစွဲအဟောတို့သည်များပြားလှသည်ဖြစ်ရာ အပြည့်အစုံရေးပြရပါလျှင်ကျမ်းတစောင်ပေတဖွဲ့ပင်ဖြစ်လောက်စရာရှိပါသည်။

ထို့ကြောင့်အောက်ပါအတိုင်းအကြမ်းဖျဥ်း(၁၃)မျိုးဖြင့်အလွယ်တကူခွဲခြားနားလည်နိုင်ကြပါသည်

၁။ဘယ်ဘက်လက်၌ ပျားစွဲပါက ငွေဝင်မည်။

၂။ညာဘက်လက်၌ ပျားစွဲပါက စီးပွားပျက်မည်။

၃။အိမ်ခေါင်မိုး၊ထုတ်တန်း၌ပျားစွဲပါကစီးပွားပျက်မည်။

၄။ရေအိုး၌ ပျားစွဲပါက သူဌေးဖြစ်မည်။

၅။အဝတ်ပုဆိုး၌ ပျားစွဲပါက ချမ်းသာမည် ။

၆။အိပ်ရာအောက်၊သင်ဖြူးဖျာအောက်၊ထမင်းအိုး၌ပျားစွဲပါကကောင်းသောနိမိတ်ဖြစ်သည်။

၇။အထက်ဖျားဝါးပေါ်၌ ပျားစွဲပါက ရှိသမျှ စည်းစိမ်ဥစ္စာကုန်မည်။

၈။အရှေ့မှလာပြီးပျားစွဲပါကအငြင်းအခုံ ကြုံရတတ်။

၉။အရှေ့တောင်မှ လာပြီး ပျားစွဲပါက ငွေဝင်မည် ။

၁၀။တောင်မှလာပြီး ပျားစွဲပါက ပျက်စီးဆုံးရှုံးမည်။

၁၁။အနောက်မှလာပြီးပျားစွဲပါကအိမ်ထောင်ကျမည် ။

၁၂။အနောက်မြောက်မှလာပြီးပျားစွဲပါကငွေရမည်။

၁၃။အနောက်တောင်မှလာပြီးပျားစွဲပါကသူခိုးခိုးခံရမည် ။

ကြိုးစားခြင်းဖြင့် အောင်မြင်ပါစေ။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *