ဘဏ်အရစ်ကျစနစ်ဖြင့်ကားဝယ်ထားပြီး လစဥ်ငွေအားဆက်ပြီးမသွင်းနိုင်လို့အကျပ်ရိုက်နေသူများအတွက်နည်းလမ်းကောင်း

ဘဏ်အရစ်ကျနဲ့ ကားဝယ်ထားပြီး လစဥ်ငွေမပေးသွင်းနိုင်သောကားပိုင်ရှင်များအတွက် နည်းလမ်းကောင်းလေးတစ်ခုဖော်ပြပေးလိုက်ပါတယ်။အရစ်ကျနဲ့ဝယ်ထားပြီး လစဉ်ငွေမသွင်းနိုင်ဖဲ overdue ဖြစ်နေတဲ့ (ဘဏ်မှသတိပေးစာထုတ်ခံထိထားတဲ့)ကားတွေ




ကားစျေးတက်နေတုန်း အရစ်ကျဝယ်ယူထားတဲ့ကားကိုရောင်းချပီး ဘဏ်ကျန်ငွေများကိုငွေကြေဆပ်ပါ။အရစ်ကျကားများရောင်းတော့မယ်ဆိုရင် Owner Book ကဘဏ်မှသိမ်းထားမှုကြောင့်ကားဝယ်ယူသူနဲ့ရောင်းချဖို့စျေးညှိုနှိုင်းပြီးရောင်းချငွေထဲမှဘဏ်ကြွေးကျန်ငွေအားဘဏ်ကို ဝယ်ယူသူကိုသွင်းခိုင်းပါ။




ပြီးရင် Owner book ထုတ်လို့ရပါပြီ။လက်ထဲရှိနေလဲဘာမှလုပ်မရပါ။ဘဏ်မှပိုင်ဆိုင်မှုရှိသေးသောကားဖြစ်တာကြောင့် overdue ကားများအတွက်ဘဏ်မှစာထုတ်တားမြစ်မှုကြောင့်ကညန သက်တမ်းတိုးကိစ္စကအစဘဏ်ဖက်ကခွင့်မပြုရင် မိမိအစီစဉ်ဖြင့်ဘာမျှလုပ်ပိုင်ခွင့်မရှိပါ။




ဒါကြောင့် ခုချိန်ကားစျေးတက်နေချိန် ဘဏ်ငွေကြေဆပ်ပြီးတာတောင်ငွေပိုအများကြီးပြန်ရပါလိမ့်မယ်။ ဘဏ်မှကားသိမ်းခံရပါက နစ်နာပါလိမ့်မယ်ဒဏ်ကြေးတွေပိုများပြီးဘာမှပြန်မရဖြစ်ပါလိမ့်မယ်…။
Ref: Kyi Thar Han (Suzuki KL Seven)