သင်္ကြန်ကာလတွင် ရန်ကုန်−မန္တလေးခရီးစဥ်နှင့်ရန်ကုန်−ပြည်ခရီးစဥ်များကိုယာရီရပ်နားထားပြီး နေပြည်တော်−ရန်ကုန်ခရီးစဥ်အားအထူးရထားပြေးဆွဲပေးမည်ဟုသိရ

လာမည့်သင်္ကြန်ကာလတွင်ရန်ကုန်-မန္တလေးရထားခရီးစဉ်နှင့်ရန်ကုန်-ပြည်ရထားခရီးစဉ်များပြေးဆွဲမှုကိုယာယီရပ်နားထားမည်ဖြစ်ကြောင်းနှင့်ယခုနှစ်သင်္ကြန်ကာလ နေရပ်ပြန်ပြည်သူများအတွက် နေပြည်တော်-ရန်ကုန်အထူးရထားပြေးဆွဲပေးမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှသိရပါတယ်။




ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင်အမှတ် ၃ အဆန်၊၄အစုန်အမြန်ရထားသည်ဧပြီ ၄ ရက်မှ ၁၀ ရက်အထိနေ့စဉ်ပြေးဆွဲပေးမည်ဖြစ်သော်လည်း ဧပြီ ၁၁ ရက်မှ ၁၆ ရက်အထိရပ်နားထားမည်ဖြစ်ကာဧပြီ ၁၇ ရက်တွင်ပြန်လည်ပြေးဆွဲပေးမည်ဖြစ်ကြောင်းသိရပါတယ်။
ရန်ကုန်-ပြည်ရထားလမ်းပိုင်းတွင်အမှတ်၇၁အဆန်၊၇၂ အစုန်အမြန်ရထားသည်လည်းဧပြီ ၁၃ ရက်အထိသာပြေးဆွဲမည်ဖြစ်ပြီးဧပြီ ၁၄ ရက်မှ၁၆ ရက်အထိပြေးဆွဲမှုယာယီရပ်နားထားမည်ဖြစ်ကာဧပြီ ၁၇ ရက်တွင်နေ့စဉ်ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။




ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင်အမှတ် ၁ အဆန်၊ ၂ အစုန်စာပို့ရထားသည်သင်္ကြန်ကာလရပ်နားခြင်းမရှိဘဲနေ့စဉ်ပုံမှန်ပြေးဆွဲပေးမည်ဖြစ်ပြီးရန်ကုန်-ပြည် ရထားလမ်းပိုင်းတွင်အမှတ် ၆၃ အဆန်၊ ၆၄ အစုန်စာပို့ရထားသည်သင်္ကြန်ကာလနေ့စဉ်ပုံမှန်ပြေးဆွဲပေးမည်ဖြစ်ကြောင်းသိရပါတယ်။
လက်ရှိတွင်ရန်ကုန်-မန္တလေးအမှတ် ၃ အဆန်ရထားကို တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တို့တွင် ညနေ ၃ နာရီ ၄၅မိနစ်တွင်ပြေးဆွဲပေးလျက်ရှိပြီး မန္တလေး-ရန်ကုန်အမှတ်၄အစုန်ရထားသည်တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊သောကြာနေ့တို့တွင်ညနေ ၃ နာရီပြေးဆွဲပေးနေကာ




အမှတ် ၁ အဆန်ရထားသည်နေ့စဉ် နံနက် ၈ နာရီ၊ အမှတ် ၂ အစုန်ရထားသည်နေ့စဉ် ညနေ ၃ နာရီ ၁၅ မိနစ်တွင်ပြေးဆွဲပေးနေကြောင်းနှင့်နေပြည်တော်-ရန်ကုန်သင်္ကြန်အထူးရထားကို ဧပြီ ၈ ရက် ည ၇ နာရီတွင်နေပြည်တော်ဘူတာကြီးမှစတင်ထွက်ခွာမည်ဖြစ်ပြီး
လက်မှတ်ခနှုန်းထားများမှာ ရိုးရိုးတန်းငွေကျပ် ၂၈၀၀ နှင့် အထက်တန်း ငွေကျပ် ၅၆၀၀ သတ်မှတ်ကာ ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရပါတယ်။ရန်ကုန်မှ နေပြည်တော် သင်္ကြန်အထူးရထားကို ဧပြီ ၁၇ ရက် ည ၇ နာရီတွင် ရန်ကုန်ဘူတာကြီးမှထွက်ခွာမည်ဖြစ်ပြီး




လက်မှတ်ခနှုန်းထားများမှာ ရိုးရိုးတန်းငွေကျပ် ၂၈၀၀ နှင့်အထက်တန်းငွေကျပ် ၅၆၀၀ ဖြင့် ပြေးဆွဲပေးမည်ဖြစ်ကြောင်းမြန်မာ့မီးရထားမှသိရပါတယ်။မြန်မာ့မီးရထားအနေဖြင့်ယခင်နှစ်များကဲ့သို့ ရထားလမ်းပိုင်းအားလုံးမပြေးဆွဲပေးနိုင်သော်လည်း၀န်ထမ်းအများစုနေထိုင်သည့်နေပြည်တော်-ရန်ကုန်လမ်းပိုင်းအတွက်သင်္ကြန်အထူးရထားပြေးဆွဲပေးမည်ဖြစ်ကြောင်းထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။