ယွမ်နဲ့ကျပ် တိုက်ရိုက်အသုံးပြုမှုအတွက် ပုဂ္ဂလိကဘဏ် လေးဘဏ်အားဗဟိုဘဏ်ခွင့်ပြု

ယွမ်နဲ့ကျပ် တိုက်ရိုက်အသုံးပြုမှုအတွက် ပုဂ္ဂလိကဘဏ် လေးဘဏ်အားဗဟိုဘဏ်ခွင့်ပြု

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုမှာ ယွမ်-ကျပ်တိုက်ရိုက်အသုံးပြုမှုအတွက်ပုဂ္ဂလိကဘဏ် ၄ ဘဏ်ကို ခွင့်ပြုလိုက်ပြီလို့ ဗဟိုဘဏ်က ဒီနေ့ ဧပြီ ၄ ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။လက်ရှိမှာ ယွမ်-ကျပ် တိုက်ရိုက်အသုံးပြုပြီးဘဏ်လမ်းကြောင်းအသုံးပြုငွေပေးချေဖို့

မြန်မာ့စီးပွားရေးဘဏ်၊ ICBC(Yangon Branch)နဲ့ BOC(Yangon Branch) တို့ကိုခွင့်ပြုထားပြီး “CB Bank ၊ ဧရာဝတီဘဏ်၊ UAB ဘဏ်နဲ့ မြန်မာ့ရှေ့ဆောင်ဘဏ်”တို့ကိုထပ်မံခွင့်ပြုလိုက်တာဖြစ်ပါတယ်။

ယွမ်-ကျပ်တိုက်ရိုက်အသုံးပြုပြီး ငွေပေးချေမှုကြောင့် မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှုတိုးမြှင့်လာနိုင်ပြီး ကုန်စည်စီးဆင်းမှုမြန်ဆန်ချောမွေ့ကာငွေပေးချေမှုနဲ့စာရင်းရှင်းလင်းမှုစနစ်တွေ လွယ်ကူချောမွေ့စေနိုင်မှာဖြစ်တယ်လို့ ဗဟိုဘဏ်က ပြောပါတယ်။

ငွေကြေးဈေးကွက်ကျွမ်းကျင်သူတစ်ဦးက “USD ကို နိုင်ငံခြားငွေကြီးကြပ်မှုကော်မတီတစ်ခုထဲကစီမံတော့မယ်။ဥပမာရုတ်ကိုကုန်ဖိုးပေးမယ်ဆိုရင် USD ကိုကြားမခံပဲ Yuan နဲ့တိုက်ရိုက်Change ပြီးအလုပ်လုပ်ဖို့ ပြည်တွင်းဘဏ်၄ ခုလဲ ဒီရက်ပိုင်းမှ ခွင့်ပြုထားတယ် ။

USD ကလဲ ဒီရက်ပိုင်းမှာ အကြီးအကျယ်လှုပ်နေတယ် ကမ္ဘာမှာကြီးကိုက USD ကိုကြားခံအသုံးမပြုဖို့ Gold Reserve ငွေတွေဘာတွေက အသံတွေကြားနေရတာကိုး” လို့မှတ်ချက်ပေးပါတယ်။အဆိုပါ ပုဂ္ဂလိကဘဏ်များအနေဖြင့်တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့များတွင်ဘဏ်ခွဲရှိသည့် နိုင်ငံခြားသုံးငွေ ရောင်းဝယ် ဖောက်ကားခွင့် လိုင်စင်ရပုဂ္ဂလိက ဘဏ်များကို ခွင့်ပြုခြင်းဖြစ်တယ်လို့ဆိုပါတယ်။

ယြမ္နဲ႔က်ပ္ တိုက္႐ိုက္အသုံးျပဳမႈအတြက္ ပုဂၢလိကဘဏ္ ေလးဘဏ္အားဗဟိုဘဏ္ခြင့္ျပဳ(Zawgyi)

ျမန္မာ-တ႐ုတ္နယ္စပ္ကုန္သြယ္မႈမွာ ယြမ္-က်ပ္တိုက္႐ိုက္အသုံးျပဳမႈအတြက္ပုဂၢလိကဘဏ္ ၄ ဘဏ္ကို ခြင့္ျပဳလိုက္ၿပီလို႔ ဗဟိုဘဏ္က ဒီေန႔ ဧၿပီ ၄ ရက္ေန႔မွာထုတ္ျပန္လိုက္ပါတယ္။လက္ရွိမွာ ယြမ္-က်ပ္ တိုက္႐ိုက္အသုံးျပဳၿပီးဘဏ္လမ္းေၾကာင္းအသုံးျပဳေငြေပးေခ်ဖို႔

ျမန္မာ့စီးပြားေရးဘဏ္၊ ICBC(Yangon Branch)နဲ႔ BOC(Yangon Branch) တို႔ကိုခြင့္ျပဳထားၿပီး “CB Bank ၊ ဧရာဝတီဘဏ္၊ UAB ဘဏ္နဲ႔ ျမန္မာ့ေရွ႕ေဆာင္ဘဏ္”တို႔ကိုထပ္မံခြင့္ျပဳလိုက္တာျဖစ္ပါတယ္။

ယြမ္-က်ပ္တိုက္႐ိုက္အသုံးျပဳၿပီး ေငြေပးေခ်မႈေၾကာင့္ ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံ ကုန္သြယ္မႈတိုးျမႇင့္လာႏိုင္ၿပီး ကုန္စည္စီးဆင္းမႈျမန္ဆန္ေခ်ာေမြ႕ကာေငြေပးေခ်မႈနဲ႔စာရင္းရွင္းလင္းမႈစနစ္ေတြ လြယ္ကူေခ်ာေမြ႕ေစႏိုင္မွာျဖစ္တယ္လို႔ ဗဟိုဘဏ္က ေျပာပါတယ္။

ေငြေၾကးေဈးကြက္ကြၽမ္းက်င္သူတစ္ဦးက “USD ကို ႏိုင္ငံျခားေငြႀကီးၾကပ္မႈေကာ္မတီတစ္ခုထဲကစီမံေတာ့မယ္။ဥပမာ႐ုတ္ကိုကုန္ဖိုးေပးမယ္ဆိုရင္ USD ကိုၾကားမခံပဲ Yuan နဲ႔တိုက္႐ိုက္Change ၿပီးအလုပ္လုပ္ဖို႔ ျပည္တြင္းဘဏ္၄ ခုလဲ ဒီရက္ပိုင္းမွ ခြင့္ျပဳထားတယ္ ။

USD ကလဲ ဒီရက္ပိုင္းမွာ အႀကီးအက်ယ္လႈပ္ေနတယ္ ကမာၻမွာႀကီးကိုက USD ကိုၾကားခံအသုံးမျပဳဖို႔ Gold Reserve ေငြေတြဘာေတြက အသံေတြၾကားေနရတာကိုး” လို႔မွတ္ခ်က္ေပးပါတယ္။အဆိုပါ ပုဂၢလိကဘဏ္မ်ားအေနျဖင့္ တ႐ုတ္-ျမန္မာ နယ္စပ္ကုန္သြယ္ေရးၿမိဳ႕မ်ားတြင္ဘဏ္ခြဲရွိသည့္ ႏိုင္ငံျခားသုံးေငြ ေရာင္းဝယ္ ေဖာက္ကားခြင့္ လိုင္စင္ရပုဂၢလိက ဘဏ္မ်ားကို ခြင့္ျပဳျခင္းျဖစ္တယ္လို႔ဆိုပါတယ္။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *