ဒီနှစ်မှာ အတာစားတဲ့သားသမီးများရှောင်ရန် ဆောင်ရန်များနှင့် နှစ်သစ်မှာ စီးပွားရေးလာဘ်လာဘကောင်းစေရန်ခုနှစ်ရက်သားသမီးများ နေ့နံအလိုက် ခေါင်းဆေးမင်္ဂလာပြုလုပ်နည်း

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနစ် သင်ခင်ခရစ်တော်ကို အကြောင်းပြုပြီး ရေးထိုးသော် 2022 ခုနစ် ဘယ်နေ့သားသမီးတွေ ကံကောင်းမလဲကံဆိုးမလဲ ဘာတွေဖြစ်လာမလဲ? သင်္ကြန်ဆိုတာဘာလဲ အတာ ဘယ်နေ့သားသမီးတွေ အတာစားလဲအတာပန်းအိုးဘယ်လိုထိုးရမလဲ?သိကြားမင်းဘယ်လို ကြိုမလဲ?




ဘာယတြာတွေချေရမလဲဘယ်လိုအဓိဌာန်ဂါထာတွေရွတ်ဖတ်ရမလဲ?ရှောင်ရန် ဆောင်ရန်တို့ကို ဂမ္ဘီရ စာရေးဆရာ မာန်သစ်ခိုင်ရဲ့ ဟောကြားချက်များကို ဖော်ပြပေးလိုက်ပါတယ်။ဒီနှစ်ထဲ(၁၃၈၄) မှာတနင်္ဂနွေ ကြာသပတေး၊သောကြာ၊စနေ သတိထားပါ။ ငွေကြေး အကုန်များနေမယ်။
ကျန်းမာရေးလည်း ကောင်းလိုက်မကောင်းလိုက်။ ကြီးကြီးမားမားမဟုတ်ပဲ ဟိုလိုလို ဒီလိုလို ဖြစ်နေတတ်ပါတယ် ငွေဝင်သော်ကျန်းမာရေး ညံ့နေတတ်ပါတယ်။အလုပ်ထဲမှာလည်း စိတ်ညစ် စိတ်ရှုပ်စရာများ ပေါ်လာတတ်ပါတယ်။နှစ်ဆန်းတစ်ရက်နေ့မှာခေါင်ဆေးပါ။ ငါး စာကလေး သတ္တဝါ လေးတွေ ဘေးမဲ့လွှတ်ပါ။




အတာစားတယ်ဆိုတာ−
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊နှောင်းတခူးလပြည့်ကျော်(၁)ရက်ခရစ်နှစ် 2022 ၊ဧပြီလ (16) ရက်၊(စနေ့ )ညနေစက် ၄ နာရီ ၄ မိနစ် ၁၃ စက္ကန့် မဟာသင်္ကြန်တက်သည်။မြန်မာသက္ကရာဇ် ၁၃၈၄ ခုနစ်ဦးတန်ခူးလပြည့်ကျော်(၂) ရက် ခရစ်နစ် 2022 ဧပြီလ(17) ရက် တနင်္ဂနွေနေ့ နှစ်ဆန်းတစ်ရက်နေ့ဖြစ်သည်။
အတာဟူသည် နောက်ဆုံးကာလ၊အကျပိုင်းကာလကိုဆိုလိုပါသည်။သင်္ကြန်အတက်ရက်နှင့်မွေးနေ့ တိုက်ဆိုင်သူများသည်အတာသင့်သူများဖြစ်ပါသည်။၄င်းကို “အတာစား” သည်ဟုပြောဆိုကြသည်။ဒီနှစ် အတက်နေ့က စနေ နေ့ဖြစ်လို့စနေ သားသမီးတွေကအတာစားပါတယ်။




အတာစားတဲ့သူများဟာအတာရက်မှာကောင်းမှုကုသိုလ်များလုပ်သင့်ပါသည်။မလုပ်မိလျှင်တစ်နှစ်လုံး အလုပ်အကိုင်စီးပွားရေးကံညံ့တတ်ပြီးကုသိုလ်ယတြာလုပ်ရင်တစ်နှစ်လုံးသူများထက်ပိုပြီးကောင်းကျိုးရတတ်ပါတယ်လို့စာဆိုရှိပါသည်။(ဗေဒင် သင်္ကြန်အယူအဆတစ်ခုဖြစ်ပါသည်)
အတာစားသူများရှောင်ရန်

အတက်နေ့နှင့် နစ်ဆန်းတစ်ရက်နေ့တို့တွင်(၁)ခြေလေးချောင်းသားစားခြင်း၊(၂) မေထုတ် အမှုပြုခြင်း/ လိင်ဆက်ဆံခြင်း။(၃)သူတစ်ပါးအသက်သတ်ဖြတ်ခြင်း။(၄)အရက်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း။(၅) စိတ်ဆိုးခြင်း၊ ခိုက်ရန်ဖြစ်ခြင်းတို့ကိုမပြုလုပ်ပဲရှောင်ကြဉ်သင့်သည်ဟုလည်းရှေ့ဟောင်းမှုများတွင်ဆိုထားပါသည်။
စနေသားသမီးများ လုပ်ရမည့် ယတြာအစီအရင်−
၁။ 16-4-2022 စနေနေ့ တွင် ခြေသည်းလက်သည်ညှပ်ပြီး ခေါင်းဆေးမင်္ဂလာကိုပြုလုပ်ရပါမည်။




၂။ နှစ်ဆန်း တစ်ရက်နေ့တွင်မိဘဆွေမျိုးများကို ဆေးဝါဓါတ်စာလှူဒါန်းပေးသင့်ပါသည်။မိဘနှစ်ပါးရှိလျှင် မိဘနှစ်ပါးကိုလှူပေးပါ။မရှိလျှင်ဘုန်းကြီးတစ်ပါးကိုလှူဒါန်းပေးပါ။သက်ကြီးရွယ်အိုများကို လှူဒါန်းလည်းရပါသည်။
၃။ဘုရားကျောင်းသန့်ရှင်းရေးလုပ်ပေးရပါမည်။မိမိအိမ်တွင်လုပ်လို့အဆင်မပြေသူများ နီးစပ်ရာဘုရားတစ်ဆူဆူ သို့သွားပြီး တံပျက်စီးလှည်းခြင်းရေသပ္ပါယ်ခြင်းတို့ကိုပြုလုပ်ပေးရပါမည်။




၄။ အတာစားသော အချိန်ကာလဖြစ်သော်16-4-2022 နေ့ တွင်ကောင်းမွန်သန့်ရှင်းစွာဝတ်စားဆင်ယင်လျှက်အရှေ့မြောက်အရပ်သို့ မျက်နှာမူကာဘုရား၊ တရား၊ သံဃာ၊ ဆရာသမား၊ မိဘ၊ဘိုးဘွား သိကြား၊ ဗြဟ္မာ၊စတုလောကပါလသမ္မာဒေဝ၊သာသနာတော်စောင့် နတ်ကောင်းနတ်မြတ်တို့အားရှိခိုးတိုင်ကြားပူဇော်ပြီးဆုမွန်ကောင်းတောင်းပါ။
ပြီးလျှင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးအားရေတော် ၅ ခွက်၊အလင်းတိုင် ၅ တိုင်၊အမွေးတိုင် ၈ တိုင် ပူဇော်ပြီး၂၄ ပစ္စည်းကို ၂၄ ခေါက်ရွတ်ပေးပါ။တတ်နိုင်လျှင်ပဌာန်းအကျယ် တစ်ခေါက်ရွတ်ပေးပါ။၂၄ ပစ္စည်း ပဌာန်း မရွတ်ခင် မေတ္တာသုတ်ကို ၃ ခေါက်ရွတ်ဆိုပေးပါ။
၅။ ပြီးလျှင် အားလုံး မေတ္တာပို့ အမျှအတမ်းပေးဝေပါ။ကျွန်ုပ်ပို့သသောအမျှရကြပြီး မေတ္တာရကြပြီး အားလုံးကိုယ်စိတ်နှစ်ဖျားကျန်းမာချမ်းသာ ကြပါစေလို့၉ ခွန်းပြောဆိုပါလေ။နှစ်ဆန်းတစ်ရက်နေ့မှာ ခေါင်ဆေးပါ။




တနင်္ဂနွေသားသမီးများ
ဇော်စိမ်း ၃ ခက် ဘယ်ခြေနဲ့နင်း ရွက်လှ ၄ ညွန့် ညာခြေနဲ့နင်းထားပါ။ဖလားတလုံးထဲတရော်ကင်ပွန်းမေမြို့ပန်း ၅ ပွင့် သပြေ ၆ ခက်ကံကော်၂ ခက်နွားနို့ အနည်းငယ်ထည့်ပြီးမြောက်အရပ်ကို မျက်နှာမူ၍ ခေါင်းဆေးပါ။ခြေနဲ့ နင်းထားသော အရွက်အခက်များတောင်အရပ်သို့ စွန့်ပစ်ပါ။ဦးခေါင်းဆေးထားသော ပန်များတရော်များမြောက်အရပ်မျက်နှာမူ၍ မြစ်ချောင်းထဲရေမျှောပါ။
တနင်္လာသားသမီးများ
ရွက်လှ ၄ ခက်ဘယ်ခြေနဲ့နင်းပျဉ်းမ ၅ ခက်ညာခြေနဲ့နင်းထားပါ။ဖလားတစ်လုံးထဲတရော်ကင်ပွန်း နှင်းဆီး ၇ ပွင့်ဇော်စိမ်း ၃ ညွန့် သပြေ ၆ ညွန့် နွားနို့ အနည်းငယ်ထည့်ပြီးအရှေ့မြောက်အရပ် မျက်နှာမူ၍ ခေါင်ဆေးပါ။




ခြေနဲ့နင်းထားသောအရွက်အခက်များအနောက်တောင်အရပ်သို့ စွန့်ပစ်ပါ။ခေါင်းဆေးထားသော ပန်းများ တရော်ကင်ပွန်း အရှေ့မြေါက်အရပ် မျက်နှာမူ၍ မြစ်ချောင်းထဲ ရေမျှော်ပါ။
အင်္ဂါသားသမီးများ
ပျဉ်းမသို့မဟုတ်မေမြို့ ၅ ခက် ဘယ်ခြေနဲ့နင်း သီဟို သို့မဟုတ် သပြေ ၆ ခက် ညာခြေနဲ့နင်းထားပါ။ဖလားတစ်လုံးထဲတရော်ကင်ပွန်း အုန်း ၁ ညွန့် ရွက်လှ၄ ညွန့် နှင်းဆီး ၇ ပွင့် နွားနို့ အနည်းငယ်ထည့်ပြီး ခေါင်းဆေးပါ။
အရှေ့အရပ်မျက်နှာမူ၍ခေါင်းဆေးပါ။ခြေနဲ့ နင်းထားသောအရွက်အခက်များ အနောက်အရပ်သို့ စွန့်ပစ်ပါ။ခေါင်းဆေးထားသော ပန်းများ တရော်ကင်ပွန်း အရှေ့အရပ် မျက်နှာမူ၍ မြစ်ချောင်းထဲ ရေမျှော်ပါ။




ဗုဒ္ဓဟူးနေ့သားသမီးများ
သပြေ ၆ ခက် ဘယ်ခြေနဲ့နင်း ဒါန်း သို့မဟုတ် နှင်းဆီ ၇ ခက် ညာခြေနဲ့နင်းထားပါ။ဖလားတစ်လုံးထဲ တရော်ကင်ပွန်း ကံကော် ၂ ညွန့် မေမြို့ ၅ ပွင့် အုန်း ၁ ညွန့် နွားနို့ အနည်းငယ်ထည့်ပြီး ခေါင်းဆေးပါ။အရှေ့တောင်အရပ်မျက်နှာမူ၍ခေါင်းဆေးပါ။
ခြေနဲ့နင်းထားသောအရွက်အခက်များ အနောက်မြောက်အရပ်သို့ စွန့်ပစ်ပါ။ခေါင်းဆေးထားသော ပန်းများ တရော်ကင်ပွန်း အရှေ့တေါင်အရပ် မျက်နှာမူ၍ မြစ်ချောင်းထဲရေမျောပါ။




ကြာသပတေးသားသမီးများ
နှင်းဆီး ၇ ခက် ဘယ်ခြေနဲ့နင်းအုန်း ၁ ခက်ညာခြေနဲ့နင်းထားပါ။ဖလားတစ်လုံးထဲတရော်ကင်ပွန်းဇော်စိမ်း ၃ ညွန့်သပြေ ၆ ညွန့် ကံကော် ၂ ညွန့် နွားနို့အနည်းငယ်ထည့်ပြီးခေါင်းဆေးပါအနောက်တောင်အရပ်မျက်နှာမူ၍ခေါင်းဆေးပါ။
ခြေနဲ့ နင်းထားသော အရွက်အခက်များ အရှေ့မြောက်အရပ်သို့ စွန့်ပစ်ပါ။ခေါင်းဆေးထားသော ပန်းများ တရော်ကင်ပွန်း အနေါက်တေါင်အရပ် မျက်နှာမူ၍ မြစ်ချောင်းထဲ ရေမျှော်ပါ။
သောကြာသားသမီးများ
အုန်း ၁ ခက် ဘယ်ခြေနဲ့နင်း ကုက္ကို သို့မဟုတ် ကံကော် ၂ ခက် ညာခြေနဲ့နင်းထားပါ။ဖလားတစ်လုံးထဲ တရော်ကင်ပွန်း ရွက်လှ၄ ညွန့် နှင်းဆီ၇ ပွင့်ဇော်စိမ်း၃ ညွန့်နွားနို့အနည်းငယ်ထည့်ပြီးခေါင်းဆေးပါ။အနောက်မြောက်အရပ်မျက်နှာမူ၍ခေါင်းဆေးပါ။
ခြေနဲ့နင်းထားသောအရွက်အခက်များအရှေ့တောင်အရပ်သို့ စွန့်ပစ်ပါ။ခေါင်းဆေးထားသောပန်းများ တရော်ကင်ပွန်းအနောက်မြောက်အရပ်မျက်နှာမူ၍ မြစ်ချောင်းထဲရေမျှောပါ။
စနေသားသမီးများ
ကံကော် ၂ ခက် ဘယ်ခြေနဲ့နင်း ဇော်စိမ်း ၃ ခက်ညာခြေနဲ့နင်းထားပါ။ဖလားတစ်လုံးထဲတရော်ကင်ပွန်း ရွက်လှ ၄ ညွန့် မေမြို့ ၅ ပွင့်အုန်း ၁ ညွန့် နွားနို့အနည်းငယ်ထည့်ပြီးခေါင်းဆေးပါ။တောင်အရပ် မျက်နှာမူ၍ခေါင်းဆေးပါ။ခြေနဲ့နင်းထားသောအရွက်အခက်များမြောက်အရပ်သို့ စွန့်ပစ်ပါ။




ခေါင်းဆေးထားသော ပန်းများ တရော်ကင်ပွန်း တေါင်အရပ် မျက်နှာမူ၍ မြစ်ချောင်းထဲ ရေမျှောပါ။တခြားရက်တွေမှာကံပွင့် လာဘ်ပွင့် အစစအရာရာအရင်ထက်အဆင်ပြေကံကောင်းချင်ရင်ဒီရက်တွေမှာခေါင်းလျော်ပါ။
ဤအတိုင်းပြုလုပ်ပါက202 (၁၃၈၄) ခုနှစ်တစ်ခုလုံးလုပ်ငန်းဆောင်တာများအဆင်ပြေအောင်မြင်ပြီး စီးပွားလာဘ်လာဘများတိုးတက်လာသည်ကိုကိုယ်တိုင်ကြုံတွေ့ရပါလိမ့်မည်။
ဂမ္ဘီရ စာရေးဆရာ မာန်သစ်ခိုင်