အော်စကာဆုပေးပွဲအခမ်းအနားမှာအစီအစဥ်တင်ဆက်သူကိုပါးရိုက်ခဲ့တဲ့ မင်းသားအနုပညာနှင့် သိပ္ပံအကယ်ဒမီအဖွဲမှနုတ်ထွက်

အော်စကာဆုပေးပွဲအခမ်းအနားမှာအစီအစဥ်တင်ဆက်သူကိုပါးရိုက်ခဲ့တဲ့ မင်းသားအနုပညာနှင့် သိပ္ပံအကယ်ဒမီအဖွဲမှနုတ်ထွက်

တကမ္ဘာလုံးကစောင့်ကြည့်နေတဲ့ မတ် ၂၈ ရက်နေ့က ၉၄ ကြိမ်မြောက် အော်စကာရုပ်ရှင်ဆုပေးပွဲ အခမ်းအနားမှာသရုပ်ဆောင်မင်းသား ဝီလ်စမစ်သ်ကအစီအစဉ် တင်ဆက်သူ ခရစ်ရော့ခ်ကို ရုတ်တရက်ရှေ့ထွက်ပါးရိုက်ခဲ့တာပါ။

ဝီလ်စမစ်သ်ရဲ့ဇနီးကတုံးဆံပင်နဲ့ ဂျာဒါပင်ကက်စမစ်သ်ဟာ မင်းသမီးဒယ်မီမိုးကတုံးဆံပင်နဲ့ ရိုက်ခဲ့တဲ့ G.I. Jane ရုပ်ရှင်မျိုးနောက်တကားရိုက်ရင်ဝင်သရုပ်ဆောင်လို့ရပြီလို့ ခရစ်ရော့ခ်က အရွှန်းဖောက်ခဲ့တာကြောင့်ပါးရိုက်ခဲ့တာဖြစ်ပြီးနောက်တရက်မှာ ပြန်လည်တောင်းပန်ခဲ့ပါတယ်။

ဝီလ်စမစ်ဟာ ‘King Richard’ ဇာတ်ကားနဲ့ အကောင်းဆုံးသရုပ်ဆောင်ဆုလည်းရရှိခဲ့ပါတယ်။ဆုရမင်းသားဝီလ်စမစ်က ဟောလီးဝုဒ်ရုပ်ရှင် အနုပညာနဲ့သိပ္ပံအကယ်ဒမီအဖွဲ့မှနုတ်ထွက်လိုက်ပါတယ်။ဝီလ်စမစ်က “ဂုဏ်သိက္ခာကြီးမားတဲ့ အကယ်ဒမီအဖွဲ့ရဲ့ ယုံကြည်မှုကိုကျနော်ဖောက်ဖျက်မိခဲ့ပါတယ်။

ဆုလျာထားခံရတဲ့ အခြားသူတွေနဲ့ ဆုရရှိသူတွေ သူတို့ရဲ့ထူးခြားတဲ့စွမ်းဆောင်မှုတွေအတွက်ပျော်ရွှင်စွာအောင်ပွဲခံရမယ့်အခွင့်အရေးကိုဖျက်ဆီးမိခဲ့ပါတယ်။ကျနော် ရုပ်ရှင်အနုပညာနဲ့သိပ္ပံ အကယ်ဒမီ အဖွဲ့ဝင်အဖြစ်မှနုတ်ထွက်ပါတော့မယ်။

အကယ်ဒမီဘုတ်အဖွဲ့ကသင့်လျော်မယ်လို့ယူဆတဲ့နောက်ထပ်ဆောင်ရွက်မယ့် အကျိုးဆက်တွေကိုလည်းကျနော်လိုလားစွ လက်ခံပါမယ်” လို့ ကြေညာချက်ထုတ်ခဲ့ပါတယ်။

ေအာ္စကာဆုေပးပြဲအခမ္းအနားမွာအစီအစဥ္တင္ဆက္သူကိုပါး႐ိုက္ခဲ့တဲ့ မင္းသားအႏုပညာႏွင့္ သိပၸံအကယ္ဒမီအဖြဲမွႏုတ္ထြက္(Zawgyi)

တကမာၻလုံးကေစာင့္ၾကည့္ေနတဲ့ မတ္ ၂၈ ရက္ေန႔က ၉၄ ႀကိမ္ေျမာက္ ေအာ္စကာ႐ုပ္ရွင္ဆုေပးပြဲ အခမ္းအနားမွာသ႐ုပ္ေဆာင္မင္းသား ဝီလ္စမစ္သ္ကအစီအစဥ္ တင္ဆက္သူ ခရစ္ေရာ့ခ္ကို ႐ုတ္တရက္ေရွ႕ထြက္ပါး႐ိုက္ခဲ့တာပါ။

ဝီလ္စမစ္သ္ရဲ႕ဇနီးကတုံးဆံပင္နဲ႔ ဂ်ာဒါပင္ကက္စမစ္သ္ဟာ မင္းသမီးဒယ္မီမိုးကတုံးဆံပင္နဲ႔ ႐ိုက္ခဲ့တဲ့ G.I. Jane ႐ုပ္ရွင္မ်ိဳးေနာက္တကား႐ိုက္ရင္ဝင္သ႐ုပ္ေဆာင္လို႔ရၿပီလို႔ ခရစ္ေရာ့ခ္က အ႐ႊန္းေဖာက္ခဲ့တာေၾကာင့္ပါး႐ိုက္ခဲ့တာျဖစ္ၿပီးေနာက္တရက္မွာ ျပန္လည္ေတာင္းပန္ခဲ့ပါတယ္။

ဝီလ္စမစ္ဟာ ‘King Richard’ ဇာတ္ကားနဲ႔ အေကာင္းဆုံးသ႐ုပ္ေဆာင္ဆုလည္းရရွိခဲ့ပါတယ္။ဆုရမင္းသားဝီလ္စမစ္က ေဟာလီးဝုဒ္႐ုပ္ရွင္ အႏုပညာနဲ႔သိပၸံအကယ္ဒမီအဖြဲ႕မွႏုတ္ထြက္လိုက္ပါတယ္။ဝီလ္စမစ္က “ဂုဏ္သိကၡာႀကီးမားတဲ့ အကယ္ဒမီအဖြဲ႕ရဲ႕ ယုံၾကည္မႈကိုက်ေနာ္ေဖာက္ဖ်က္မိခဲ့ပါတယ္။

ဆုလ်ာထားခံရတဲ့ အျခားသူေတြနဲ႔ ဆုရရွိသူေတြ သူတို႔ရဲ႕ထူးျခားတဲ့စြမ္းေဆာင္မႈေတြအတြက္ေပ်ာ္႐ႊင္စြာေအာင္ပြဲခံရမယ့္အခြင့္အေရးကိုဖ်က္ဆီးမိခဲ့ပါတယ္။က်ေနာ္ ႐ုပ္ရွင္အႏုပညာနဲ႔သိပၸံ အကယ္ဒမီ အဖြဲ႕ဝင္အျဖစ္မွႏုတ္ထြက္ပါေတာ့မယ္။

အကယ္ဒမီဘုတ္အဖြဲ႕ကသင့္ေလ်ာ္မယ္လို႔ယူဆတဲ့ေနာက္ထပ္ေဆာင္႐ြက္မယ့္ အက်ိဳးဆက္ေတြကိုလည္းက်ေနာ္လိုလားစြ လက္ခံပါမယ္” လို႔ ေၾကညာခ်က္ထုတ္ခဲ့ပါတယ္။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *