အခြေခံလူတန်းစားများအတွက်အခမဲ့ဆေးခန်းတစ်ခု မင်္ဂလာဒုံမြို့နယ်တွင် ဖွင့်လှစ်

အခြေခံလူတန်းစားများအတွက်အခမဲ့ဆေးခန်းနှင့်ဆေးပေးခန်းတစ်ခုမင်္ဂလာဒုံမြို့နယ်အတွင်း ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်းပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့(ပုလဲ)ကသိရသည်။ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြိုနယ်၊ ပုလဲမြို့သစ်ရှိအရန်မီးသတ်တပ်ဖွဲ့ကဦးစီး၍




အလှူရှင်များ စုပေါင်းအလှူဖြင့် ပုလဲမေတ္တာအခမဲ့ဆေးခန်း ကို အရန်မီးသတ်တပ်ဖွဲ့(ပုလဲ)ရုံးဝင်းအတွင်း ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်းပုလဲအရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။”ကျွန်တော်တို့ ဖွင့်တာတစ်ပတ်လောက်ရှိပြီ။
မတတ်နိုင်တဲ့ သူတွေကို ဆေးကုပေးတယ်၊ ဆေးဝါးလှူဒါန်းပေးတယ်။ ဒီအချိန်မှာက အဆင်မပြေတဲ့ သူ တွေများတယ်လေ။ဆေးခန်းပြဖို့ အခက်အခဲရှိတဲ့သူတွေကအများကြီးရှိတယ်။ကိုဗစ်ကလည်း ရှိနေသေးတော့ကျွန်တော်တို့က ပြည်သူတွေအတွက် တစ်ဖက်တစ်လမ်းက ကူညီတဲ့သဘော ဖြစ်ပါတယ်” ဟု အဆိုပါတာဝန်ရှိသူကပြောသည်။




ယင်း အခမဲ့ဆေးခန်းကိုအပတ်စဉ်စနေနေ့နှင့် တနင်္ဂနွေနေ့တစ်ပတ်လျှင်နှစ်ရက်ဖွင့်လှစ်ပေးမည်ဖြစ်ပြီး လူမျိုးဘာသာမရွေးမည်သူမဆိုလာရောက်ကုသနိုင်ကြောင်းသိရသည်။
အေျခခံလူတန္းစားမ်ားအတြက္အခမဲ့ေဆးခန္းတစ္ခု မဂၤလာဒုံၿမိဳ႕နယ္တြင္ ဖြင့္လွစ္(Zawgyi)

အေျခခံလူတန္းစားမ်ားအတြက္အခမဲ့ေဆးခန္းႏွင့္ေဆးေပးခန္းတစ္ခုမဂၤလာဒုံၿမိဳ႕နယ္အတြင္း ဖြင့္လွစ္လိုက္ၿပီ ျဖစ္ေၾကာင္းပုလဲၿမိဳ႕သစ္အရန္မီးသတ္တပ္ဖြဲ႕(ပုလဲ)ကသိရသည္။ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳနယ္၊ ပုလဲၿမိဳ႕သစ္ရွိအရန္မီးသတ္တပ္ဖြဲ႕ကဦးစီး၍

အလႉရွင္မ်ား စုေပါင္းအလႉျဖင့္ ပုလဲေမတၱာအခမဲ့ေဆးခန္း ကို အရန္မီးသတ္တပ္ဖြဲ႕(ပုလဲ)႐ုံးဝင္းအတြင္း ဖြင့္လွစ္ခဲ့ျခင္း ျဖစ္ေၾကာင္းပုလဲအရန္မီးသတ္တပ္ဖြဲ႕ဝင္တစ္ဦးကေျပာသည္။”ကြၽန္ေတာ္တို႔ ဖြင့္တာတစ္ပတ္ေလာက္ရွိၿပီ။
မတတ္ႏိုင္တဲ့ သူေတြကို ေဆးကုေပးတယ္၊ ေဆးဝါးလႉဒါန္းေပးတယ္။ ဒီအခ်ိန္မွာက အဆင္မေျပတဲ့ သူ ေတြမ်ားတယ္ေလ။ေဆးခန္းျပဖို႔ အခက္အခဲရွိတဲ့သူေတြကအမ်ားႀကီးရွိတယ္။ကိုဗစ္ကလည္း ရွိေနေသးေတာ့ကြၽန္ေတာ္တို႔က ျပည္သူေတြအတြက္ တစ္ဖက္တစ္လမ္းက ကူညီတဲ့သေဘာ ျဖစ္ပါတယ္” ဟု အဆိုပါတာဝန္ရွိသူကေျပာသည္။

ယင္း အခမဲ့ေဆးခန္းကိုအပတ္စဥ္စေနေန႔ႏွင့္ တနဂၤေႏြေန႔တစ္ပတ္လွ်င္ႏွစ္ရက္ဖြင့္လွစ္ေပးမည္ျဖစ္ၿပီး လူမ်ိဳးဘာသာမေ႐ြးမည္သူမဆိုလာေရာက္ကုသႏိုင္ေၾကာင္းသိရသည္။