ရုပ်ရှင်သရုပ်ဆောင်ဒေါင်းနှင့်အဆိုတော်ဟန်ထူးလွင်(ကျားပေါက်)တို့အပါအဝင်၁၇ဦးအားနိုင်ငံသားအဖြစ်မှရပ်စဲကြောင်း န.စ.က ထုတ်ပြန်

ရုပ်ရှင်သရုပ်ဆောင်ဒေါင်းနှင့်အဆိုတော်ဟန်ထူးလွင်(ကျားပေါက်)တို့အပါအဝင်၁၇ဦးအားနိုင်ငံသားအဖြစ်မှရပ်စဲကြောင်း န.စ.က ထုတ်ပြန်

ရုပ်ရှင် သရုပ်ဆောင်ဒေါင်း နှင့် အဆိုတော်ဟန်ထူးလွင်(ကျားပေါက်) တို့အပါအဝင်လူပုဂ္ဂိုလ် ၁၇ ဦးကို နိုင်ငံသားအဖြစ်ကနေရပ်စဲတယ်ဆိုပြီး စစ်ကောင်စီက ထုတ်ပြန်လိုက်ပါတယ်။အဆိုပါ လူပုဂ္ဂိုလ် ၁၇ ဦးသည် နိုင်ငံတော်ရဲ့တည်ဆဲဥပဒေများကိုဖောက်ဖျက်တယ်လို့ဆိုပြီး

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေပုဒ်မ (၆၇) အရဖွဲ့စည်းသည့်ဗဟိုအဖွဲ့၏ လုပ်ပိုင်ခွင့်အရယင်းပုဂ္ဂိုလ်များအားနိုင်ငံသားအဖြစ်မှရပ်စဲတာလို့ ထုတ်ပြန်ချက်မှ ဖော်ပြထားပါတယ်။ယင်းလူပုဂ္ဂိုလ်၁၇ ဦးကတော့ ဦးမောင်မောင်လတ်၊ ဦးကျော်မိုးထွန်း၊ အောင်ကျော်နိုင်၊ မြမြကြည်၊ ကျော်စွာမင်း၊

သက်ထားမြရည်စံ၊ စုစုအောင်၊ ကျော်စွာထွန်း၊ ကြူကြူမြင့်၊ မြတ်သွယ်အောင်၊ ယမင်းယု၊ ရဲခေါင်၊ အဆိုပါတော်ဟန်ထူးလွင် (ခ) ကျားပေါက်၊မိတ်ကပ်မေဦး (ခ) ဟိန်းမင်းဦး၊ ညီညီသရဝဏ်(ပြည်)၊ ဟန်လင်းနှင့် ရုပ်ရှင်သရုပ်ဆောင် ဒေါင်းတို့ တို့ ဖြစ်တယ်လို့ဆိုပါတယ်။

၎င်းတို့နှင့် ဆက်စပ်တွေ့ရှိသူများကိုလည်း အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ရုပ်ရှင်သရုပ်ဆောင်ဒေါင်းနှင့်အဆိုတော်ဟန်ထူးလွင်(ကျားပေါက်)တို့အပါအဝင်၁၇ဦးအားနိုင်ငံသားအဖြစ်မှရပ်စဲကြောင်း န.စ.က ထုတ်ပြန်(Zawgyi)





Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *