ဧပြီလအတွင်း ဓာတ်အားခ နောက်ဆုံးပေးဆောင်ရမည့်ရက်များအားပြင်ဆင်သတ်မှတ်

၂၀၂၂ခုနှစ်ဧပြီလအတွင်းဓါတ်အားခများအားနောက်ဆုံးပေးဆောင်ရမည့်ရက်(Last Date)များအား ပြင်ဆင်သတ်မှတ်လိုက်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အသိပေးပန်ကြားချက်ထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဓါတ်အားသုံးစွဲသူများ လစဥ်ပေးဆောင်ရမည့် ဓါတ်အားခများအတွက် လစဥ်လဆန်း ၁ရက်နေ့မှ ၅ရက်နေ့အထိ မီတာဖတ်ခြင်း၊၆ရက်နေ့မှ ၁၀ရက်နေ့အထိ ဘီလ်ထုတ်ခြင်း၊၁၁ရက်မှ ၁၅ရက်နေ့အထိ ဘီလ်ပေးဝေခြင်းများဆောင်ရွက်ပြီး




ငွေလက်ခံခြင်းများစောင်ရွက်ပေးလျှက်ရှိတယ်လို့ဆိုပါတယ်။ ထို့ကြောင့် ဓါတ်အားခနောက်ဆုံးပေးဆောင်ရမည့်ရက် များအား လစ၏(၁၇၊၁၉၊၂၁၊၂၃၊၂၅)ရက်များတွင်နောက်ဆုံးပေးဆောင်ရန် သတ်မှတ်ကောက်ခံနေတာပဲဖြစ်ပါတယ်။




သို့ရာတွင် ၂၀၂၂ခုနစ် ဧပြီလအတွင်း အတာသင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်များရှိပါသဖြင့် ဓါတ်အားသုံးစွဲသူများအနေဖြင့် ဓါတ်အားခများပေးဆောင်ရာတွင် အဆင်ပြေစွာပေးစောင်နိုင်ရေးတွက် ၃/၂၀၂၂ လတောင်းခံငွေအပေါ် ဓါတ်အားခနောက်ဆုံးပေးဆောင်ရမည့်ရက်များအား မူလနောက်ဆုံးရက် ၁၇.၄.၂၀၂၂ ရက်အစား ၂၀.၄.၂၀၂၂ရက်၊




၁၉.၄၀၂၀၂၂ရက် အစား ၂၂.၄.၂၀၂၂ရက်၊ ၂၁.၄၀၂၀၂၂ရက် အစား ၂၄.၄.၂၀၂၂ရက်၊ ၂၃.၄.၂၀၂၂ ရက်အစား ၂၆.၄.၂၀၂၂ရက်၊ ၂၅.၄.၂၀၂၂ ရက်အစား ၂၈.၄.၂၀၂၂ ရက်အဖြစ်ပြောင်းလဲသတ်မှတ်၍ ဓါတ်အားခများကောက်ခံသွားမည်ဖြစ်ကြောင်း အသိပေးထားပါသည်။
ဧပြီလအတွင်း ဓာတ်အားခ နောက်ဆုံးပေးဆောင်ရမည့်ရက်များအားပြင်ဆင်သတ်မှတ်(Zawgyi)
