ဂျပန်တက္ကသိုလ်မှ ဒေါက်တာဘွဲ့ကို ရယူနိုင်ခဲ့တာကြောင့် ဂျပန်ဘာဌာနတွင့်အမြင့်ဆုံးဘွဲ့ကိုပထမဆုံးရရှိခဲ့တဲ့မြန်မာအမျိုးသမီး

ဂျပန်တက္ကသိုလ်မှ ဒေါက်တာဘွဲ့ကို ရယူနိုင်ခဲ့တာကြောင့် ဂျပန်ဘာဌာနတွင့်အမြင့်ဆုံးဘွဲ့ကိုပထမဆုံးရရှိခဲ့တဲ့မြန်မာအမျိုးသမီး

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှ တွဲဖက်ပါမောက္ခဒေါ်ယဥ်မိုးသက်သည်ဂျပန်နိုင်ငံ Okayama တက္ကသိုလ်မှ​ဒေါက်တာဘွဲ့ရယူနိုင်ခဲ့ခြင်းကြောင့်မြန်မာနိုင်ငံရှိနိုင်ငံခြားဘာသာတက္ကသိုလ်၊ ဂျပန်ဘာသာဌာနတွင်အမြင့်ဆုံးဘွဲ့ကိုပထမဆုံးရရှိသူဖြစ်လာသည်။

ဂျပန်နိုင်ငံ Okayama University မှ PhD ဘွဲ့ကို ရရှိခဲ့သည့်အတွက်ဂုဏ်ယူရကြောင်းဒေါ်ယဥ်မိုးသက်၏မိတ်ဆွေများကလူမှုကွန်ရက်၌ရေးသားထားကြတာပဲဖြစ်ပါတယ်။” ဒေါက်တာယဥ်မိုးသက်သည် မြန်မာနိုင်ငံမှာလူသိများသည့် ရုပ်သံ​ကြေညာသူအဖြစ်မှCDMပြုလုပ်ပြီး PDF တပ်ဖွဲ့ဝင်ဖြစ်လာ​သော ဦးကျော်သက်လင်း၏ အစ်မဖြစ်သည်။

ကျွန်မတို့ လေးစားချစ်ခင်ရတဲ့ မြန်မာ့အသံဦးကျော်သက်လင်းရဲ့ အစ်မဖြစ်သူတွဲဖက်ပါမောက္ခ ဆရာမ ဒေါ်ယဥ်မိုးသက်သည်ဂျပန်နိုင်ငံ Okayama University မှ PhD ဘွဲ့ကို ရရှိခဲ့ပါပြီ။ကျွန်မတို့ မြန်မာနိုင်ငံရှိ နိုင်ငံခြားဘာသာတက္ကသိုလ်၊ ဂျပန်ဘာသာဌာနတွင် ပထမဆုံးရရှိသောအမြင့်ဆုံးဘွဲ့ဖြစ်ပါသည်” ဟု

CDM ပြုလုပ်ထားသည့် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှ တွဲဖက်ပါမောက္ခဒေါ်အေးအေးသင်းက ၎င်း၏ ဖေ့စ်ဘွတ်လူမှုကွန်ရက်၌ မတ်လ၂၈ ရက်တွင်ဂုဏ်ပြု​ရေးသားထားသည်။ဌာနတစ်ခုတည်းတာဝန်ထမ်းဆောင်ခဲ့သည့်ဒေါ်ယဥ်မိုးသက်နှင့် ဒေါ်အေးအေးသန်းသည် CDM ပြုလုပ်ခဲ့၍ ရာထူးမှထုတ်ပယ်ထားကြောင်းစစ်ကောင်စီကကြေငြာထားသည်။

၎င်းတို့နှစ်ဦးအပါအဝင် CDMပြုလုပ်ထားသည့် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှ ပညာရေးဝန်ထမ် ရှစ်ဦးကိုရာထူးမှထုတ်ပယ်ကြောင်းစစ်ကောင်စီက၂၀၂၁ ခုနှစ် ဇွန်လ ၁၁ရက်တွင်ထုတ်ပြန်ထားသည်။ဂျပန်နိုင်ငံOkayama University မှ PhD ဘွဲ့ကိုတွဲဖက်ပါမောက္ခဒေါ်ယဥ်မိုးသက်ရရှိခဲ့သည့်အပေါ်

ဒေါ်ယဥ်မိုးသက်၏ တပည့်တစ်ဦးက ” ဒီထက်ဂုဏ်ယူစရာမရှိတော့ဘူး။ ဇူးတို့ကိုစာသင်ပေးခဲ့တဲ့အပြုံးပိုင်ရှင်ဆရာမကဒီလိုကွဆိုပြီး proud မျိုးဒီတစ်ခါပိုင်ဆိုင်ဖူးပြီ” ဟုလူမှုကွန်ရက်၌ ရေးသားထားသည်။

credit LuduNwayOo ,ဒေါက်တာယဥ်မိုးသက်,ဦးကျော်သက်လင်း,ဂျပန်,မြန်မာ,ထူးချွန်ထင်ရှားမြန်မာအမျိုးသမီးများ

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *