သွေးပေါင်ကျ ပြတက်သောလက္ခဏာများနှင့် အစားအသောက်ကုထုံး

သွေးပေါင်ကျ ပြတက်သောလက္ခဏာများနှင့် အစားအသောက်ကုထုံး

သွေးပေါင်ကျခြင်းဆိုသည်မှ

အရွယ်ရောက်သူတစ်ဦးရဲ့ပုံမှန်သွေးပေါင်ချိန်ဟာ(၁၂၀/၈၀)အပေါ်သွေး ၁၂၀ အောက်သွေး ၈၀ ရှိသင့်ပါတယ်။ အကယ်၍ သွေးပေါင်ချိန်ဟာ(၉၀/၆၀) အောက်သိုထိုးဆင်းသွားခြင်းကိုသွေးပေါင်ကျတယ်လို့ခေါ်ပါတယ်။ရုတ်တရက်သွေးပေါင်ကျခြင်းဟာရုတ်တရက်သွေးတိုးခြင်းလိုဘဲအသက်အန္တရာယ်စိုးရိမ်ရပါတယ်။

နာတာရှည်သွေးပေါင်ကျခြင်းကြောင့်ခန္ဓာကိုယ်ရဲ့အရေးကြီးအစိတ်အပိုင်းများသို့အောက်စီဂျင်ပြတ်လပ်ကာ၊နောက်ဆုံးမှာတော့နှလုံး၊ဦးနှောက်အာရုံကြောနှင့် သွေးပြန်ကြော များကိုထိခိုက်ပျက်စီးစေပါတယ်။

သွေးပေါင်ကျဘာ့ကြောင့်ဖြစ်?

အမျိုးသား/အမျိုးသမီး၁၀ဦးတွင်ဝ.၅ဦးနှုန်းခန့်မွေးရာပါသွေးပေါင်ကျရောဂါပါလာတတ်ကြပါတယ်။အာဟာရချို့တဲ့ခြင်း၊သွေးအားနည်းခြင်း၊ရေဓာတ်ခမ်းခြောက်ခြင်း၊ဟိုက်ပါသိုင်းရွုက်၊ဆီးချို၊ဂလူးကို့စ်ကျဆင်းခြင်း၊ဟိုမုန်းမျှတမှုမရှိခြင်း၊ ဓာတ်မတည့်ခြင်း၊ သွေးမလျှောက်ရောဂါတို့ကြောင့်သွေးပေါင်ကျစေပါတယ်။

ထို့ပြင်သွေးတိုးကျဆေးများဆက်တိုက်သောက်သုံး ခြင်း၊နှလုံးရောဂါပျောက်ဆေး၊လေဖြတ်ရောဂါနှင့်အသည်းရောဂါဆေးများမှီဝဲကြရသူများတွင်ထိုဆေးများ၏ဘေးထွက်ဆိုး ကျိုးကြောင့်သွေးပေါင်ကျလာပါတယ်။

ကိုယ်ဝန်ဆောင်မိခင်လောင်များသည်ခန္ဓာကိုယ်တွင်းသွေးလည်ပတ်စီးဆင်းမှု ချဲ့ထွင်ပေးရသဖြင့်မကြာခဏသွေးပေါင်ကျလေ့ရှိပါတယ်။

သွေးပေါင်ကျ လက္ခဏာများ

သွေးတိုးရောဂါကဲ့သို့ခေါင်းမူး၊ခေါင်းကိုက်၊မျက်ရိုးကိုက်တတ်ပါတယ်။ထို့ပြင်မူးနောက်နောက်ဖြစ်ခြင်း၊အီလည်လည်ဖြစ်ပြီးအန်ချင်ခြင်း၊အမြင်အာရုံေ၀ဝါးခြင်း၊ရေငတ်ခြင်း၊နှူတ်ခမ်းလက်ဖဝါး၊မျက်တွင်းသား၊ခြေဖဝါးနှင့်အရေပြားအရောင်ဖျော့တော့ခြင်း၊နှလုံးခုန်နှုန်းမမှန်ခြင်း၊နှလုံးလျှင်မြန်စွာခုန်လာခြင်း၊အသက်ပြင်းပြင်းမရှုနိုင်ခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊သတိမေ့မျောခြင်း၊ရုတ်တရက်မွန်းကြပ်ခြင်းစသည်တို့ကသွေးပေါင်ကျလက္ခဏာများဖြစ်ပါတယ်။

အစားအသောက် ကုထုံး

၁) ခန္ဓာကိုယ်အတွင်းရေဓာတ်ဆုံးရှုံးခြင်းကသွေးပေါင်ချိန်ကျစေလို့ရေဓာတ်မဆုံးရှုံးရလေအောင်တစ်နေလျှင်အနည်းဆုံးသောက်ရေ၈ခွက်(သို့မဟုတ်)အရည်ရွှမ်းသောသစ်သီးများများစားပေးပါ။

၂)ဆားနှင့်ဆိုဒီယမ်ဓာတ်ပါရှိသောအစားအစာများကလည်းသွေးပေါင်တက်စေပါတယ်။ (သို့သော်အလွန်အကျွံမစားပါနှင့်)

၃)စပျစ်သီးခြောက်၁၀၊လုံးကိုရေတစ်ညသိပ်ပြီးစားပါ။ ဤနည်းအတိုင်းတစ်လတိတိစားပေးပါက၊သွေးပေါင်ကိုပုံမှန်ဖြစ်လာစေပါတယ်။

၄) ဗာဒံစေ့ကိုနွားနို့ပူပူဖြင့်သောက်ခြင်းကသေသွးပေါင်ပြည့်စေတဲ့အကောင်းဆုံးအိမ်တွင်းကုထုံးလို့ဆိုကြပါတယ်။

၅)မြေပဲမှာဗီတာမင်နှင့်ပရိုတင်းဓာတ်တိုကြွယ်ဝစာပါရှိလို့မြေပဲကြော်စားပေးပါ။

၆)စွန်ပလွန်သီးကိုနွားနို့နွေးနွေးဖြင့်တစ်နေ့၂ကြိမ်(သို့မဟုတ်)၃ကြိမ်သောက်ခြင်းကလည်းထိရောက်မှုဖြစ်စေပါတယ်။

၇)သဘာဝကြံရည်ကခွန်အားတိုးပွားစေပြီး၊မူးမော်ခြင်းကင်း၍သွေးပေါင်ပြည့်စေပါတယ်။

၈)ဂျုံမြက်မှာခွန်အားပြည့်စေတဲ့အာနိသင်ရှိလို့၊ဂျုံမြက်ကိုနွားနို့ဖြင့်ပြုတ်၍တစ်နေ့၂ကြိမ်သောက်ပေးပါ။

၉)ဆီကြော်မုန့်များနှင့်အနီရောင်အသားများကိုအလွန်အကျွံစားသုံးခြင်းကသွေးပေါင်အတက်/အကျကြမ်းစေရုံသာမက၊ကျောက်ကပ်နှင့်ဆိုင်သောရောဂါများလည်းဖြစ်လာစေပါတယ်။

၁၀)ဗီတာမင်စီကြွယ်ဝသောသံပုရာသီးကိုဆား/သကြားသင့်ရုံဖျော်သောက်ပေးခြင်းက အမူးအမော်ပြေစေသလို၊သွေးပေါင်ချိန်ပြန်တက်လာစေပါတယ်။

၁၁) ကွေကာအုတ်ထဲတွင်ပါရှိသောကစီဓာတ်ကခွန်းအားလည်းပြည့်၊သွေးလည်ပတ်မှုလည်းကောင်းမွန်စေပါတယ်။

၁၂)ခန္ဓာကိုယ်တွင်းပိုတက်စီယမ်ဓာတ်ဆုတ်ယုတ်ခြင်းကျသွးပေါင်ချိန်ကျစေတတ်ပါတယ်။ ပိုတက်စီယမ်ကြွယ်ဝသောဌက်ပျောသီး၊မုန်လာဥနီ၊တရုပ်နံနံပင်တို့စားပေးပါ။

၁၃)တစ်နေ့တာအစားအစာများထဲတွင် ဗီတာမင်ဘီဓာတ်ပေါင်းစုနှင့် ပရိုတင်းဓာတ် အမြောက်အများပါဝင်သောအဆီနည်းသည့်အသား၊ကြက်ဥ၊နို့၊နို့ထွက်ပစ္စည်းနှင့်ချောကလက် စားပေးပါ။

၁၄) ကြက်သွန်ဖြူကသွေးဖိအားကိုထိန်းညှိပေးလို့၊ညအိပ်ယာဝင်ခါနီးတိုင်းကြက်သွန်ဖြူ ၂ တက်(၂မြွှာ)စားပါ။

(သို့မဟုတ်) ဂျင်စင်းကလည်းသွေးလည်ပတ်စီးဆင်းမှုကိုလှုံ့ဆော်ပေးကာ၊ အိပ်မောကျစေလို့ညအိပ်ယာဝင်ခါနီးဂျင်စင်းဖျော်ရည် ၁-ခွက်သောက်ပေးနိုင်ပါတယ်။

ဆေးဘက်ဝင်ဟင်းခတ်အမွှေးအကြိုင်များဖြစ်သောမန်ကျည်းသီး၊ဂျင်း၊ ငရုပ်ကောင်း၊သစ်ကြံ့ပိုး ခေါက်များကသွေးပေါင်တက်လာစေသလို၊ ကျောက်ကပ်ကိုလည်း ကောင်းကျိုးပြုပါတယ်။

၁၅) ဆူးပန်းရွက်ဟာသဘာဝသွေးအားနည်းပျောက်ဆေးဖြစ်လို့ဆီနိုင်နိုင်ဖြင့်ကြော်စားပေးပါက၂၄ နာရီအတွင်းသွေးပေါင်ချိန်တက်လာစေပါတယ်။

၁၆)ကီဝီသီး၊ဖရဲသီးတို့ကလည်းသွေးပေါင်ကျခြင်းအတွက်သဘာဝဓာတ်စာများပါဘဲ။

၁၇)ကဖိန်းဓာတ်ပါသောလ္ဘက်ရည်၊ကော်ဖီများက သွေးပေါင်ချိန်ကိုယာယီတက်စေပါတယ်။

၁၈) အမဲအသည်းကိုကြော်စားခြင်းက ချက်ချင်းသွေးပေါင်တက်လာစေတယ်လို့ဆိုပါတယ်။

၁၉) အစားအစာများကိုနဲနဲ နှင့်မကြာခဏစားပေးခြင်းကသွေးပေါင်ချိန်ရုတ်တရက်လျော့ကျခြင်းမှကာကွယ်ပေးပါတယ်။

မှတ်ချက်။အချို့သောသွေးအားနည်းရောဂါ လက္ခဏာများဟာသွေးတိုးခြင်းနဲ့ခပ်ဆင်ဆင်တူလို့အတွေ့အကြုံမရှိပါကဆေးမှားသောက်တတ်ကြပါတယ်။

သွေးပေါင်ချိန်အရမ်းထိုးကျသွားပါက၊ နီးစပ်ရာဆရာဝန်ပြေးခေါ် ပါ။ဆရာဝန်မရောက်ခင်နှလုံးနှင့်ဦးနှောက် ထဲသို့သွေးပြန်လည်စီးဆင်းစေရန်နှင့်သတိလစ်မေ့မြောခြင်းမဖြစ်စေရန်တို အတွက် ခြေထောက်၂ ချောင်းကိုအပေါ်သို့ထောင်ထားပေးပါ။

မူးရင်းဆောင်ပါးရှင်အားခရက်ဒစ်ပေးပါတယ်ရှင့်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *