မြန်မာ့ရိုးရာမုန့် ငှက်ပျောရွှေကြည် နှင့် ရွှေကြည်ဆနွင်းမကင်းပြုလုပ်နည်း

မြန်မာ့ရိုးရာမုန့် ငှက်ပျောရွှေကြည် နှင့် ရွှေကြည်ဆနွင်းမကင်းပြုလုပ်နည်း

ငှက်ပျောရွှေကြည်ပြုလုပ်နည်း

ပါဝင်ပစ္စည်းများ

ရွှေကြည် – ၃၀သား ၊ဖီးကြမ်းငှက်ပျောသီး – 500gm..(၅လုံးခန့်) ၊အုန်းနို့ – (400ml)၁ဗူး၊သကြား၂၅သား(400gm)ခန့်၊ ဆီ – ၁၀သား၊ဆား- လက်ဖက်ဇွန်း..၂ဇွန်း၊ အနီရောင် food Colour အနည်းငယ်ေ၊ ရသန့် 300ml(ငါးကြင်းဖန်ခွက်တစ်ခွက်ခန့်)

ပြုလုပ်ပုံအဆင့်ဆင့်

ပထမဦစွာရွှေကြည်မှူန့်ကို မီးအေးအေးနဲ့ မွှေးနေအောင်အရင်လှော်ပေးရပါတယ် အရောင်နဲနဲညိုလာရင်မီးပိတ်ပါ။ငှက်ပျောသီးများကို ကြိတ်စက်ဖြင့်ကြိတ်ထားပါ။ရွှေကြည်\ငှက်ပျောသီးကြိတ်ပြီးသားအုန်းနိ့ု\ရေသန့်\ဆီ ၅ကျပ်သား\သကြား\ဆားတို့ကိုထည့်၍ မီးအပူပေး၍ မွှေပေးပါ၊မုန့်သားများစေးပြီးလုံးလာပါက ကျန် ဆီ၅ကျပ်သားထည့်၍ မီနစ်၂၀ခန့်ထပ်မွှေပါ၊ရွှေကြည်များကျက်ပြီး မုန့်သားထဲမှဆီများထွက်ပါက အနီရောင်Food Colour တစက် နှစ်စက်ခန့်ထည့်ပြီးသမအောင် မွှေပြီးမီးပိတ်ပါ၊ မုန့်ထည့်ဖုတ်မည့်ဗန်းထဲသို့ မုန့်များထည့်၍ ဇွန်းဖြင့်ဖိပေးပါ။ပြီးပါက ဘိန်းစေ့ လှော်ပြီးသား ကိုအပေါ်ဖြူးပေးပါ။မီးပူချိန် ၁၇၅ဖြင့်မီနစ်၄၀ခန့်အပေါ်မီးအောက်မီးဖြင့်ဖုတ်ပေးပါ..မုန့်မျက်နှာပြင်များအက်ကွဲလာသည်ပြီး ရွှေရောင်သန်းလာရင်တော့ မုန့်ကျက်ပါပြီးရှင်။မုန့်ကို အအေးခံပြီးမှ မိမိကြိုက်နှစ်သက်သလို တုံးပြီး သုံးဆောင်လို့ရပါပြီရှင့်။

ရွှေကြည်ဆနွင်းမကင်းလုပ်နည်

ပြုလုပ်နည်းလေး ကို အလှုတွေမှာ ပြုလုပ်လို့ရတဲ့နည်းလေးပါ၊ ရွှေကြည်တစ်ပိသာ အချိုးနဲ့ပြောပြပါ့မယ် ပွဲထိုင်ဗန်းဆို ပုံမှန် တစ်ပိသာ နဲနဲထူချင်ရင် တစ်ပိသာ၂၅ ကျပ်သားလောက် လုပ်လို့ရပါတယ်

ပါ၀င်ပစ္စည်းများ

ရွှေကြည် တစ်ပိသာ၊ အုန်းသီးရင့်ရင့် ၆ လုံး၊ နို့စိမ်း ၅ လုံး၊ ကြက်ဥ အလုံး ၂၀၊ သကြား ၅၀သား ( အစိမ့်)၊ ထောပါတ် ၂၀သား၊ ဆီ ၂၅ ကျပ်သား၊စပျစ်သီးခြောက် အချို ၁၅ ကျပ်သား၊ ဆားနဲနဲ၊ ဘိန်းစေ့ နဲနဲ လိုအပ်ပါတယ် အကောင်းစား အရသာရှိလှတဲ့ ရွှေခြည်ဆနွင်းမကင်း တစ်ပိသာ အိုးရဲ့အချိုးပါရှင်

ပြုလုပ်နည်း

ရှေးဦးစွာ ရွှေခြည်နဲ့သကြားကို မွှေးလာအောင် လှော်ထားပါ။ကြက်ဥကို ကြေအောင်ခေါက်ထားပေးပါ။ထို့နောက် လှော်ပြီးသား ရွှေခြည် ထဲကို အုန်းနို့ နို့ဆီဗူးနဲ့ ၁၂ ခွက်ထဲ့ပါ။ ကြက်ဥခေါက်ထားတာကိုပါ ထည့်ပါ။ ထောပါတ်ထဲ့ပါ ဆီထဲ့ပါ ဆားထဲ့ပါ။နို့စိမ်း ၅ ဗူးထဲ့ပါ။ အားလုံးသမအောင်ရောမွှေပါ။မုန့်လုပ်ရန် အဆင်သင့်ဖြစ်ပါပြီ။ရောထားသည်များကို အိုးထဲမှာ ဆီပြန်လာအောင် ကျိုပါ။ ဆီပြန်ပြီး မုန့်သား လည်လာလျှင်စပျစ်သီးခြောက်ထည့်ပါ။ထို့နောက် ဖုတ်မည့်ဗန်းထဲ လောင်းထည့်ပါ။အုန်းနို့ဦးရည် နဲနဲချန်ထားပြီး ဖြန်းပေးပါ။ဘိန်းစေ့ဖြူးပြီး အပေါ်မီးများများ အောက်မီးနဲနဲနှင့် မိနစ် ၃၀ မှ ၄၅ မိနစ်ကြာအောင် မီးအနဲအများအလိုက်ဖုတ်ပါ တစ်ရက် အနဲဆုံး ၈ နာရီ အအေးခံပါ။

စားသုံးရန်အဆင်သင့် ရွှေခြည်ဆနွင်းမကင်းရပါပြီ

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *