အိမ်ဆောက်မယ့်သူတွေအတွက်အသုံးဝင်စေမည့် ဘိလပ်မြေတွက်နည်း၊သစ်တွက်နည်း၊မြေတွက်နည်းနှင့် ရေဝင်ဆန့်တွက်နည်း

အိမ်ဆောက်မယ့်သူတွေအတွက်အသုံးဝင်စေမည့် ဘိလပ်မြေတွက်နည်း၊သစ်တွက်နည်း၊မြေတွက်နည်းနှင့် ရေဝင်ဆန့်တွက်နည်း

ရေဝင်ဆန့်တွက်နည်း ၊သစ်တွက်နည်း၊မြေတွက်နည်း၊ဘိလပ်မြေတွက်နည်းလေးဗဟုသုတအဖြစ်မျှဝေပေးလိုက်ပါတယ်။

(1)ရေဝင်ဆန့်တွက်နည်း

အုတ်ရေကန်ဝင်ဆန့်မှု တွက်ချက်နည်းကပိုလွယ်ပါတယ်။အလျား×အနံ×အမြင့်=ကုဗပေရတယ်။အဲဒီကုဗပေနဲ့ ၁ ကုဗပေမှာ ရေ ၆•၂၅ ဂါလံ နဲ့မြှောက်ရတာဝင်ဆန့်တဲ့ရေဂါလံပေါ့

(2)သစ်တွက်နည်း

မြန်မာလက်သမားတို့၏သစ်တွက်နည်းဝေမျှပါသည်။သစ်တစ်တန်=၄၀၀လက္မ သတ်မှတ်ပါသည်။(ဥပမာ ၂”X၁”( အရှည်၁၈ ပေ)=၂”ဟုသတ်မှတ်သည်။) ၄၀၀ ÷၂= ၂၀၀။ထို့ကြောင့် ၂”၁”(အရှည်၁၈ပေ) ၂၀၀ချောင်းသည်တစ်တန်ဖြစ်သည်။ ၂”၁”(အရှည်၁၈ပေ) ၂၀၀ ချောင်းသည်တစ်တန်ဖြစ်သည်။

၃”၁”=၃”(အားလုံးပေရှည် ၁၈ပေမှတ်ယူရပါမည်)။ ၄”၁”=၄”(၁၀၀ချောင်း) ၅”၁”=၅”(၄၀၀စား၅ (၈၀ချောင်း) ၆”၁”=၆”(၆၆.၆ ချောင်း) ၊ ၃”ဝ.၅”=၁.၅”(၂၆.၆၆ ချောင်း) ၄”ဝ.၅”=၂”(၂၀၀ ချောင်း) ၄”x၄”=၁၆ လက္မ(၂၅ ချောင်း)

၅”x၅”=၂၅လက္မ(၁၆ ချောင်း) ဥပမာ။တန်ဘိုး တစ်တန်=၄၀၀၀၀၀ကျပ် ၊ ၄၀၀၀၀၀%၄၀၀= ၁၀၀၀ ကျပ်(၁”တန်ဘိူးဖြစ်သည်)၂”x၁၀၀၀=၂၀၀၀၀ကျပ်(၂”၁” ၁၈ပေတစ်ချောင်း၏တန်ဘိုးဖြစသည်။

အမြန်ဆုံးသောသစ်တွက်နည်း

ဥပမာ သစ်တစ်တန် ၆၅၀၀၀၀ ဈေးဖြင့် ၄”x၂ ” (လေးနှစ်) ၁၈ ပေ တစ်ချောင်းတန်ဖိုးကိုတွက်ကြည့်မယ်။ဈေးနှုံး ကိုတည် ဒသမ သုညသုည နှစ်ငါး ဖြင့်မြှောက် (၆၅၀၀၀၀ × ၀၀၂၅ )၊ရလဒ်ကိုသစ်ချောင်း၏ ဒု × ဗျက် (၄”×၂”) ရလဒ်ဖြင့် ပြန် မြှောက်လိုက်ပါ။ဒါဆို ၄” × ၂” (လေးနှစ်) ၁၈ပေ တစ်ချောင်း၏တန်ဖိုးရပါပြီ။၆၅၀၀၀၀× .၀၀၂၅ = ၁၆၂၅၊ ၄× ၂ = × ၈

၁ ၃၀၀၀ လေးနှစ်တစ်ချောင်းတန်ဖိုး ၁၃၀၀၀ ဖြစ်ပါသည်။မည်သည့် ဒု ဗျက် မည်သည့် ဈေး နှုံး မဆို တွက်ကြည့် နိုင်ပါသည်။

(3) မြေတွက်နည်း မြေဧက ဖွဲ့နည်း တွက်နည်း

တစ်ဧက =၄၃၅၆၀ စတုရန်းပေ၊လေးနားညီ စတုရန်း=လျား ၂၀၈.၇၁ ပေ x နံ ၂၀၈.၇၁ ပေ။

နှစ်နားညီ စတုဂံ = လျားxနံ ÷ 43560နှစ်နားပြိုင် တြာဗီဇီယံ=ပြိုင်နား နှစ်ခုပေါင်း ÷၂ x နံ ÷ 43560

တိဂံ = .၅xအခြေxအမြင့် ÷ 43560 ၊ တြိဂံ = ½ အခြေxအမြင့် ÷ 43560

ထောင့်မှန် တြိဂံ–အခြေxအမြင့် = ရလာဒ် ÷ ၂ ÷ 43560 ၊စက်ဝိုင်း – အချင်းဝက်x အချင်းဝက်x 3.1416 ÷ 43560

စက်ဝိုင်း –အချင်းxအချင်းx .၇၈၅၄ ÷ 43560 ၊ပုံသေ မြှောက်ကိန်း .၇၈၅၄.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို (အနားလေးဖက်) ၄ နှင့်စားပြီး စတုရန်းကွက်ဖေါ်သည်။အနားငါးမျက်နှာ ၆မျက်နှာနှင့် အနားများစွာ = စတုဂံ စတုရန်းတြိဂံစသည်အကွက်စိပ်ပြီးတွက်ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။

ခြံမြေကွက်အကျယ်အဝန်းအရ စိုက်ပင် တွက်နည်း ( ဒေါက်တာချစ် စိုက်ပျိုးရေး စာအုပ်မှ…. )

(၁) လျား x နံ ရှိ စိုက်ပင် အရေအတွက်ကို မြှောက်။

(၂) ခြံကွက်၏ လျား x နံ မြှောက်ကိန်း ÷ ပင်ခြား ကွာဝေးမြှောက်ကိန်းမြေကွက် လျား ၃၀၀ x နံ၂၀၀ = ၆၀၀၀၀ စတုရန်းပေ ။ သစ်ပင် ၁၂ ပေခြား စိုက်လျှင် ၁၂ x ၁၂=၁၄၄၆၀၀၀၀ ÷ ၁၄၄ = ၄၁၆ ပင် ဖိုခနောက်ဆိုင်စိုက်လျှင် ၁၅% အပိုထွက်မည် ၄၁၆ x .၁၅ = ၆၂၄၁၆ + ၆၂= ၄၇၈ ပင်

( ၃) ဧကပြည့် ( ၁ ဧက )တွက်လျှင်စိုက်ပင်အကွာအဝေးနှစ်ခုမြှောက်ကိန်း နှင့် ၄၃၅၆၀ ကိုစား။စိုက်ပင်ကွာဝေး ၁၉ x ၁၉ = ၃၆၁၄၃၅၆၀ ÷ ၃၆၁ = ၁၂၀ဖိုခနောက်ဆိုင်စိုက်လျှင် ၁၂၀ x .၁၅ = ၁၈ ပင်ပိုထွက်၁၂၀ + ၁၈ = ၁၃၈ ပင်

(4) ဘိလပ်မြေတွက်နည်း

ဘိလပ်မြေ အုတ်သဲကျောက် ဘယ်လောက်ကုန်မလဲမေးတတ်လို့ အကြမ်းတွက်လို့ရအောင်ပါ။ မြန်မာပြည်ဆောက်လုပ်ရေးမှာကျင်းနဲ့ပြောကြပါတယ်။ကုဗကျင်းနဲ စကွဲယားကျင်း ဆိုပြီးရှိပါတယ်။ကုဗကျင်းကအလျား အနံ အမြင့် ၃ ခု မြှောက်တာပါ။ ၃ ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းပါ။

၅၀ ဆို ကျင်းဝက် ၂၅ ဆို ကျင်းတစ်မတ် စသဖြင့်ပါ။ကုဗကျင်းကို ၉ လက်မနဲ့အထက် အုတ်စီခြင်းတို့ ကွန်ကရစ်လောင်းခြင်းတို့ မြေကြီးတူးခြင်းတို့မှာအများဆုံးသုံးပါတယ်။ရှိသမှအလျားအနံအမြင့်တွေ လိုက်မြှောက်ပေါင်းလိုက်ရင် ကုဗကျင်းထွက်လာပါပြီ။

မြေကြီး၁ ကျင်းဆို ၁၀ပေပတ်လည် ၁ ပေ အနက် ရှိရပါမယ်။1:3:6 အချိုး ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန့် သဲကျင်းဝက်ကျောက် ၁ ကျင်း 1:2:4 အချိုး ကွန်ကရစ်ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့် သဲကျင်းဝက် ကျောက် ၁ ကျင်း

1: 1-1/2 အချိုး ကွန်ကရစ် ဘိလပ်မြေ ၂၅ အိတ်ခန့် သဲကျင်းဝက် ကျောက်၁ ကျင်းအုတ်ဖိနပ်တွေမှာ အသုံးများတဲ့ ၉ လက်မအထက် အုတ်စီခြင်း ကုဗတစ်ကျင်းဆို ၁၃၅၀ လုံးဘိလပ်မြေကတော့ သုံးတဲ့အချိုးမှာမူတည်ပါတယ်။

အများသုံးတဲ့ 1:4 အချိုးဆို ဘိလပ်မြေ ၆ အိတ်နီးပါး။ သဲ ၂၈ ကျင်းတစ်မတ် သာသာလောက်။စကွဲယားကျင်း အလျားနဲ့ အနံ ပဲမြှောက်ပြီး ၁၀၀ ဆို ၁ ကျင်း။ ၄လက်မခွဲ အုတ်စီခြင်း ဆေးသုတ်ခြင်းတို့ အမိူးမိုးခြင်းတို့ ကြွေပြားကပ်ခြင်းတို့မှာ သုံးပါတယ်။

နံရံတွေမှာ အသုံးများတဲ့ ၄.၅ လက်မ အုတ်စီခြင်း မှာ အုတ် ၅၅၀ လုံး1:4 အချိုး ဘိလပ်မြေ 2.7 အိတ် သဲ .11 ကျင်းသံချောင်းတစ်ချောင်းဟာ ဆိုက်မှန်ပါက ပေ ၄၀ ၁၂ မီတာရှိရပါတယ်။သို့ပေမယ့် ၃၉ပေ ၆ လက်မလောက်ဆို မှန်တယ်ပြောရပါမယ်။ ဘာမားဖြစ်ကတော့ အတိအကျပြောလို့ မရပါဘူး။

တစ်တန်မှာရှိရမယ့် အချောင်းရေက10 မီလီ၃မူး( ၃/၈) မှာပေ၄၀အရှည်၁၃၅ချောင်း၊၁၂မီလီ၅မူး( 1/2) မှာ၈၈ချောင်း။၁၆ မီလီ၆မူး( 5/8) မှာ၅၃ချောင်း၂၀ မီလီ၃မတ် (3/4) မှာ၃၃ ချောင်း ၊၂၅ မီလီကျပ်လုံးမှာ(1) မှာ၂၁ ချောင်းရှိပါတယ်။

ဘိလပ်မြေ (၁)အိတ်ဟာ၅၀ကီလိုလေးပြီး အိတ်၂၀ ဟာ(၁)တန်ပါ။ သံံချောင်းတွေဆက်ဖို့လိုရင် တိုင်တွေမှာ အနည်းဆုံး အဆ၄၀ထပ်မိနေစေရပါမယ်။ထုပ်တွေယက်မတွေမှာတော့အဆ၆၂ လောက်ထိသုံးတတ်ပါတယ်။ခိုချင်ရင်တော့ ၅၀ဆလောက်ဆိုရလောက်ပါတယ်။

အခုနောက်ပိုင်း မီတာနဲ့သုံးလာပါတယ်။ဆက်သွယ်ချက်က၁မီတာ1M မှာ ၃ပေ၃လက်မ၃မူးရှိပါတယ်။လက်သမားနဲ့ဲယှဥ်ပြောလို့ရတဲ့အခေါ်ပါ။1 M မီတာ= 3.281 ပေ၊1လက်မ= 25.4 mm မီလီမီတာ1( 1m X 1m) မီတာစကွဲယား=10.78 ပေစကွဲယား

ကွန်ကရစ် 1(1mX 1mX 1m) မီတာကျု = 35.32 ကုဗပေ Cuftရေကန်တစ်ခု ရေဂါလံဘယ်လောက်ရှိလဲတွက်ချင်ရင်၁ကုဗပေမှာ ၆.၂၄ ဂါလံရှိပါတယ်။အလျား အနံအမြင့်တစ်ပေစီရှိတဲ့ပုံးတစ်လုံးဟာရေ ၆.၂၄ ဂါလံဆန့်ပါတယ်။ဒါကြောင့် ၆ပေအလျား ၄ ပေအနံံ ၃ ပေအမြင့်ရှိတဲ့ရေကန်ဟာ6 X 4 X 3 X 6.24=449.28ရေ ၄၅၀ ဂါလံဆန့်ပါတယ်။ရေတစ်ဂါလံ ၁၀ ပေါင်လေးလို့ ၄၅၀၀ ပေါင်လေးပါတယ်။ ၂၂၄၀ ပေါင် ၁ တန်လေးလို့ ၂ တန်လောက် အလေးချိန်ရှိပါမယ်။

ရေကန်ကို အပေါ်မှာ ထားရင် dead load ဝန်သေ ၂ တန်ကို ခံနိုင်အောင် သံချောင်း ကော်လံတိုင် ဆိုဒ် ကို သုံးရပါမယ်။ တွက်တတ်လားမေးရင်တော့မသိပါဘူး။1 ဂါလံမှာ ၄.၅၄၆ လီတာရှိပါတယ်။ အခုနောက်ပိုင်း စတီးရေတိုင်ကီတွေကလီတာနဲ့ ပြထားတတ်လို့ ပြန်တွက်ကြည့်လို့ရပါလိမ့်မယ်။

သစ်တစ်တန်ဟာ၁လက်မပတ်လည် မှာ( 1 X 1) မှာ ၇၂၀၀ ပေ အရှည်ရှိရပါမယ်။၂X၁ နှစ်တစ် တစ်တန်ဟာ ( 7200÷2= 3600 ပေအရှည်)3 X 2 တစ်တန် ( 7200÷6=1200 ပေအရှည်)စသဖြင့် တွက်ယူကြည့်ပါ။

ခရစ်ဒစ်

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *