TV, ရေခဲသေတ္တာ နှင့် aircon တွေမှာခံသုံးနေတဲ့မဖြစ်မနေသိထားရမယ့် Safeguard ခေါ် မီးဖြတ်စက် အကြောင်း

TV, ရေခဲသေတ္တာ နှင့် aircon တွေမှာခံသုံးနေတဲ့မဖြစ်မနေသိထားရမယ့် Safeguard ခေါ် မီးဖြတ်စက် အကြောင်း

ကျွန်တော်တို့ နိုင်ငံရဲ့ နေရာ ဒေသ အများအပြားမှာ လျှပ်စစ်မီးတွေရရှိနေကြပြီး ဖြစ်သလို အိမ်တိုင်း လိုလို လျှပ်စစ် အသုံးအဆောင် ပစ္စည်းလေးတွေဝယ်ယူသုံးစွဲလာကြပါတယ်။အဲဒီလိုလူတိုင်းလူတိုင်း လျှပ်စစ်ပစ္စည်းလေးတွေသုံးစွဲလာကြတဲ့အခါမှာလျှပ်စစ်နဲ့ပတ်သက်တဲ့ဗဟုသုတလေးတွေအနည်းအကျဉ်းတော့ ရှိထားသင့်တယ်လို့ ထင်ပါတယ်။

လျှပ်စစ်မီး မတည်ငြိမ်ခြင်း၊ မီးအားနည်းလွန်းခြင်း၊ မီးအားများလွန်းခြင်း၊ မီး ခဏခဏလာလိုက် ပြတ်လိုက်ဖြစ်ခြင်း၊ စသည်တို့ကြောင့်လည်းလျှပ်စစ်ပစ္စည်းများပျက်စီးရတတ်ပါတယ်။ဒါကြောင့် ဒီနေ့ လျှပ်စစ် ပစ္စည်းတွေသုံးတဲ့အခါ မှာလျှပ်စစ်မီးကြောင့်မလိုအပ်ဘဲပျက်စီး ဆုံးရှုံးမှုများ မရှိရစေရန် ဗဟုသုတ အနေနဲ့ Safeguard လေးတွေ အကြာင်းပြောပြပေးချင်ပါတယ်။

Safeguard ဆေ့ဖ်ဂတ်ဆိုတာကတော့ လျှပ်စစ် ကာကွယ်ရေး စက်တစ်မျိုး ဖြစ်ပါတယ်။တစ်ချို့ကမီးဖြတ်စက်လို့လည်း ခေါ်သေးတယ်ဗျ။သူ့ကို ကြားခံတပ်ဆင်ထားခြင်းဖြင့်ကိုယ်အသုံးပြုနေသည့် လျှပ်စစ်ပစ္စည်းအားလျှပ်စစ်မီးမတည်ငြိမ်ခြင်း၊

မီးအားနည်းလွန်းခြင်း၊ မီးအား များလွန်းခြင်း၊မီး ခဏခဏလာလိုက်ပြတ်လိုက်ဖြစ်ခြင်း၊များကြောင့်မပျက်စီးရလေအောင် တားဆီးဖြတ်တောက်ကာကွယ်ပေးထားနိုင်ပါတယ်။

Safeguard ရဲ့ လုပ်ဆောင် ချက် ၃ ရပ်

၁။ မီးအားနည်းနေလျှင် ဖြတ်တောက် ကာကွယ် ပေးခြင်း

၂။ မီးအားများနေလျှင် ဖြတ်တောက် ကာကွယ် ပေးခြင်း

၃။ အချိန် စောင့်ဆိုင်း ပေးခြင်း

၁။ မီးအားနည်းနေလျှင် ဖြတ်တောက် ကာကွယ် ပေးခြင်း

photo crd

လျှပ်စစ် ပစ္စည်းတိုင်းမှာ ၎င်း သုံးစွဲရမယ့် လျှပ်စစ် ဗို့အား (rated voltage ) ဆိုတာရှိပါတယ်။ထို သတ်မှတ်ဗို့အားထက်အလွန်လျော့နည်းစွာရရှိသုံးစွဲနေရလျှင်၎င်းလျှပ်စစ်ပစ္စည်းပျက်စီးတတ်ပါတယ်။ထို့ကြောင့်သတ်မှတ်ဗို့အားထက်လျော့နည်းနေလျှင်ဆေ့ဖ်ဂတ်မှ ဖြတ်တောက်ပေးခြင်းဖြင့် စက်မပျက်ဆီးအောင်ကာကွယ်ပေးပါတယ်။

၂။ ထို သတ်မှတ် ဗို့အားထက် အလွန် ပိုမို မျာပြားစွာ ရရှိ သုံးစွဲ ရလျှင်လည်း ၎င်း လျှပ်စစ် ပစ္စည်း ပျက်စီးတတ်ပါတယ်။ထို့ကြောင့်သတ်မှတ်ဗို့အားထက်ပိုမို များပြား နေလျှင်ဆေ့ဖ်ဂတ်မှ ဖြတ်တောက်ပေးခြင်းဖြင့်စက်မပျက်ဆီးအောင်ကာကွယ်ပေးပါတယ်။

၃။ (မီး အခုပျက်သွားတယ်။ ချက်ခြင်း ပြန်လာတယ်။( သို့မဟုတ်) ခလုပ်မှားပိတ်မိလိုက်တယ်။ချက်ခြင်းပြန်ဖွင့်လိုက်တယ်။)ဆိုကြပါစို့။အဲဒီလိုအချိန်မျိုးတွေမှာမီးအားမတည်ငြိမ်မှုတွေကြောင့် ၎င်း လျှပ်စစ်ပစ္စည်းပျက်စီးတတ်ပါတယ်။

ထို့ကြောင့် ထိုအချိန်မျိုးမှာ လျှပ်စစ် ပစ္စည်းကို ချက်ခြင်း ဗို့အား ပြန်ထုတ် မပေးပဲဆေ့ဖ်ဂတ်မှ အချိန် စောင့်စိုင်းပြီးမှ ပြန်လည် ဗို့ထုတ် ပေးခြင်းဖြင့် စက်မပျက်ဆီးအောင်ကာကွယ်ပေးပါတယ်။ရေခဲသေတ္တာတွေ၊ အဲကွန်းတွေဆိုရင်အခုပိတ်ပြီးအခုချက်ခြင်းပြန်ဖွင့်ရင်အထဲက compressor motor ဟာချက်ခြင်းမလည်နိုင်ပါဘူး။

ဒါကြောင့်အနည်းဆုံးသုံးမိနစ်စောင့်ပြီးမှ ပြန်ဖွင့်ပေးရပါတယ်။ အဲဒီအတွက် ဆေ့ဖ်ဂတ်က ၅ မိနစ်စောင့်ပေးပြီးမှ ပြန်လည်မောင်နှင်ပေးပါတယ်။အခုနောက်ပိုင်း TVတွေ အဝတ်လျှော်စက်တွေမှာအော်တို ဗို့အားထိန်း circuit ( AVR ) တွေထည့်သွင်းတည်ဆောက်လာကြပြီဖြစ်လို့ TV တွေ လျှော်စက်တွေ အတွက်မလိုတော့ပေမယ့် ခံသုံးရင်တော့ ပိုစိတ်ချရပါတယ်။

ရေခဲသေတ္တာနဲ့ အဲကွန်းအတွက်တော့မဖြစ်မနေကြားခံသုံးစွဲပေးရပါမယ်။safeguard တွေမှာပါတဲ့ ၊under voltage ၊over voltage ၊delay time ၊current စတာတွေကို ကြည့်ပြီး ဘယ်လျှပ်စစ်ပစ္စည်းအတွက်ဘယ် safeguard သုံးရမလဲဆိုတာရွေးချယ်ရပါမယ်။

TV, DVD နဲ့ လျှော်စက်များ အတွက် under 90 V ၊over 240V ၊delay time 5sec ၊current 5A ရေခဲသေတ္တာ အတွက် under 175 V ၊over 240V ၊delay time 5min ၊current 5A အဲကွန်းအတွက် under 175 V ၊over 240V ၊delay time 5min ၊current 15A

အချို့ ရေခဲသေတ္တာအဲကွန်း ဆေ့ဖ်ဂတ်တွေမှာ delay time 5min မစောင့်ပဲချက်ခြင်း operate လုပ်နိုင်ရန်နှိပ်ပေးလို့ရတဲ့ quick start ခလုပ်ကလေးပါပါတယ်။အဲဒီ ခလုပ်ကလေးက ရပ်ထားတာ ၅ မိနစ် ကျော်ပြီးမှ ပြန်ဖွင့်တာမျိုး ဆိုရင် နှိပ်သုံးရတာပါ။ရပ်ပြီး ၅ မိနစ်မကျော်သေးပဲပြန်ဖွင့်တာမျိုးဆိုရင်မနှိပ်သင့်ပါဘူး။

ဒီလောက်ဆိုရင် လျှပ်စစ်ပစ္စည်းသုံးစွဲသူများအနေနဲ့ ဘယ်လို ပစ္စည်းမျိုး တွေကို ဆေ့ဖ်ဂတ်ခံသုံးသင့်လဲ။ဘာကြောင့် ဆေ့ဖ်ဂတ်တွေ ကြားခံသုံးစွဲ သင့်သလဲဆိုတာသိလောက်ပြီ ဖြစ်ပါတယ် ခင်ဗျာ။သိပြီးသူများ အတွက်လည်း ပိုမှတ်မိစေတာပေါ့ဗျာ။ဒီနေရာမှာ ဆေ့ဖ်ဂတ် ထုပ်လုပ်သူတွေကိုအကြံပြု ချင်တာကတော့

အဲဒီ quick start ခလုပ်မထည့်ပဲ delay time ကို မီးပိတ်သွားတဲ့အချိန် ကနေ ပြန်လာတဲ့ အချိန်ကိုတွက်ပြီး operate လုပ်ပေးတဲ့စနစ်သုံးရင်သုံးစွဲသူတွေအတွက်ပိုအဆင်ပြေစေမယ်လို့ ထင်ပါတယ်ခင်ဗျာ။ဆိုလိုတာက မီးပျက်တာ ၅မိနစ် ကျော်မှ ပြန်လာတာဆိုရင် ၅ စက္ကန့်လောက်ပဲ delay လုပ်ပြီး operate ပြန် လုပ်ပေးတာမျိုး၊

မီးပျက်ပြီး ၃မိနစ်မှာ ပြန်လာတယ် ဆိုရင် ၂ မိနစ်လောက် delay လုပ်ပြီး ပြန် operate လုပ်ပေးတာမျိုး ကို ပြောတာပါ။ဆရာလုပ်တာမျိုး မဟုတ်ပါဘူး ခင်ဗျာ။ သုံးစွဲသူတွေ ပိုမို အဆင်ပြေစေဖို့ အကြံပြုတာပါခင်ဗျာ။

အဲဒီလို လုပ်ပေးခြင်း အားဖြင့် သုံးစွဲသူတွေ အတွက် မီးပြန်လာလို့ ထနှိပ်ရတာမျိုး လုပ်စရာ မလိုတော့ဘူး။ ၅ မိနစ် မပြည့်သေးပဲ ထနှိပ်လို့ စက်ပျက်မှာလည်းမပူရတော့ဘူးပေါ့ခင်ဗျာ။အားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာ၍ လိုအင်ဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်စုံကြပါစေခင်ဗျာ။

Source by ကို ထိုက် ( မေတ္တာအိမ် )? မေတ္တာအိမ် electronic ✳️ Short Way Air-con; Trainin

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *