သင်္ကြန်မတိုင်မီအဝေးပြေးယာဥ်လိုင်းများတိုးချဲ့ပြေးဆွဲပေးမည်ဖြစ်ပြီး ယာဥ်စီးခများပိုမိုကောက်ခံပါကတိုင်းကြားနိုင်ကြောင်းသိရ

သင်္ကြန်မတိုင်မီအဝေးပြေးယာဥ်လိုင်းများတိုးချဲ့ပြေးဆွဲပေးမည်ဖြစ်ပြီး ယာဥ်စီးခများပိုမိုကောက်ခံပါကတိုင်းကြားနိုင်ကြောင်းသိရ

သင်္ကြန်ရုံးပိတ်ရက်များမတိုင်မီရန်ကုန်မြို့မှအခြားတိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးသို့ ပြေးဆွဲနေသည့်အဝေးပြေးယာဉ်လိုင်းများကိုစီးနင်းမည့်ခရီးသည်အပေါ်မူတည်ကာယာဉ်အစီးရေတိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ပြီး

ခရီးသည်များအနေဖြင့် မှတ်ပုံတင်များပြသရန်လိုအပ်ကြောင်းရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ သိရပါတယ်။သင်္ကြန်ရက်ကာလတွင်ယာဉ်လိုင်းများခေတ္တရပ်နားထားမည်ဖြစ်ပြီး

သင်္ကြန်ကာလမတိုင်မီနှင့်သင်္ကြန်ကာလအပြီးတွင်စီးနင်းမည့်ခရီးသည်အပေါ်မူတည်ကာတိုးချဲ့ပြေးဆွဲပေးမည်ဖြစ်ကာအဝေးပြေးယာဉ်စီးနင်းသူများအနေဖြင့် အသက် ၁၆ နှစ်အထက်ဖြစ်ပါကနိုင်ငံရေးစိစစ်ရေးကတ်ပြသရန်လိုအပ်ကြောင်းသိရပါတယ်။

သင်္ကြန်ကာလအတွင်း အဝေးပြေးယာဉ်လိုင်းများယာဉ်စီးခများပိုမိုကောက်ခံပါကတိုင်ကြားနိုင်ကြောင်း YRTC ကပြောကြားထားပြီး ကိုဗစ်ကူးစက်မှုမြင့်မားစဉ်ကခရီးသည်တစ်ဦးလျှင်ခုံ၂ခုံစာလက်မှတ်ဝယ်ယူရသော်လည်း

ယခုအခါပုံမှန်အတိုင်း ခရီးသည်တစ်ဦးလျှင်တစ်ခုံစာသာလက်မှတ်ဝယ်ယူစီးနင်းနိုင်ကြောင်းသိရပါတယ်။လက်ရှိတွင်သင်္ကြန်ကာလနီးလာသော်လည်းအဝေးပြေးယာဉ်လက်မှတ်ဝယ်ယူမှုများမှာ ယခင်သင်္ကြန်ကာလများနှင့်နှိုင်းယှဉ်ပါကလျော့နည်းကြောင်းယာဉ်လိုင်းများမှသိရပါတယ်။

ရန်ကုန်မြို့မှ ခရီးသည်တင်အဝေးပြေးယာဉ်လိုင်းများအနေဖြင့် မတ်လ ၂၇ ရက်က ၁၈၇ လိုင်း၊ယာဉ်အစီးရေ ၄၉၉ စီးဖြင့်ပြေးဆွဲပေးခဲ့ပြီးခရီးသည် ၆၁၁၈ ဦးလိုက်ပါစီးနင်းခဲ့ကြောင်းသိရပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *