အွန်လိုင်း ဗီဇာလျှောက်ထားမှုတွေကို လာမည့်လအစမှာပြန်လည်ခွင့်ပြုဆောင်ရွက်ပေးမည်ဖြစ်

အွန်လိုင်း ဗီဇာလျှောက်ထားမှုတွေကို လာမည့်လအစမှာပြန်လည်ခွင့်ပြုဆောင်ရွက်ပေးမည်ဖြစ်

Online e-Visa လျှောက်ထားမှုတွေကို ဧပြီ(၁)ရက်နေ့မှစပြီး ပြန်လည်ခွင့်ပြုဆောင်ရွက်ပေးမယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။Online e-Visa လျှောက်ထားမှုတွေကို

ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ပြည့်နှစ် မတ်လ ၂၀ ရက်နေ့ကစတင်ပြီး ယာယီရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း လျော့နည်းကျဆင်းလာတဲ့အပြင်နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ဖို့အတွက်

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုမှာ ဖြစ်တဲ့အတွက် Online e-Visa စနစ်ကို ပြန်လည်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ယင်းကဲ့သို့ ဆောင်ရွက်ရာမှာ ဧပြီ(၁)ရက်နေ့မှ စတင်ပြီး Business Visa(လုပ်ငန်းဗီဇာ) လျှောက်ထားမှုတွေကိုခွင့်ပြုဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။Online e-Visa (Business) လျှောက်ထားဖို့လိုအပ်တဲ့သတ်မှတ်ချက်တွေကို

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဝင်ရောက်ကြည့်ရှုလေ့လာပြီး လျှောက်ထား နိုင်တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *