၁၃၈၄ ခုနှစ် မဟာသင်္ကြန်စာ ၇ ရက်သားသမီး ဟောစာတမ်း (ဂမ္ဘီရ စာရေးဆရာ မာန်သစ်ခိုင်)

၁၃၈၄ ခုနှစ် မဟာသင်္ကြန်စာ ၇ ရက်သားသမီး ဟောစာတမ်း (ဂမ္ဘီရ စာရေးဆရာ မာန်သစ်ခိုင်)

ဇေယတုမြန်မာသက္ကရာဇ် (၁၃၈၃ -ခုနှစ်)၊နှောင်းတန်ခူးလ္ဆန်း (၁၄)ရက်၊ ခရစ်နှစ် 2022၊ဧပြီလ (၁၄)ရက်၊ ကြာသပတေးနေ့ မြန်မာစံတော်ချိန် နံနက် (၁၁)နာရီ (၅၉)မိနစ်(၃၀)စက္ကန့် အချိန်တွင် မဟာသင်္ကြန်ကြသည်။

မြန်မာသက္ကရာဇ်(၁၃၈၃-ခုနှစ်)နှောင်းတစ်ခုလ္ဆန်း (၁၅)ရက်၊ ခရစ်နှစ် 2022၊ဧပြီလ (15)ရက်သောက်ကြာနေ့မဟာသင်္ကြန် (အကြတ်ရက်)ဖြစ်သည်။

မြန်မာသက္ကရာဇ်(၁၃၈၃-ခုနှစ်)နှောင်းတစ်ခုလပြည် ကျော် (၁)ရက်စနေနေ့ ညနေစက် (4)နာရီ(4)မိနစ်(13)စက္ကန့် အချိန်တွင် မဟာသင်္ကြန် တက်ပါသည်။

ထို့ကြောင့် မြန်မာသက္ကရာဇ် ၁၃၈၄-ခုနှစ်၊ ဦးတန်ခူးလပြည်ကျော်(၂)ရက်၊ခရစ်နှစ် (2022)ဧပြီးလ(17)ရက်တနင်္ဂနွေ နေ့သည်နှစ်ဆန်း (၁)ရက်နေ့ဖြစ်သည်။

(သာသနာတော်အတွက်)၊ဝါဆို -ဝါကပ်(သံဃာတော်အရှင်သူမြတ်တို့ ဘုရား) ဤ (၁၃၈၄နှစ်)သည်
(လထပ်ရက်)ငင် မရှိပါ၍ဗုဒ္ဓဘာသာ၊သာသနာတော် ဝန်ထမ်းရဟန်းအရှင်မြတ်တို့မှာ မြန်မာသက္ကရာဇ် ၁၃၄၈ခုနှစ်၊ဝါဆိုလပြည့်ကျော် (၁)ရက်၊

ခရစ်နှစ် (2022)ဇူလိုင်လ (13)ရက်ဗုဒ္ဓဟူးနေ့တွင် ပတမ ပုရိမဝါ (ကပ်ဆိုတော်မူကြရမည်။)ဒုတိယ ပစ္ဆိမဝါကို ဝါခေါင်လပြည်ကျော် (၁)ရက်၊ ခရစ်နှစ်(2022)သြဂုတ်လ (12)ရက်သောကြာနေ့တွင် (ကပ်ဆိုတော်မူရမည်)။ (ကန်ဦးမူ၊သင်္ကြန်းစကာပြေကျမ်း)

ကောဇာသက္ကရာဇ် ၁၃၈၄ -ခုနှစ်အတွက်အရှင်သခင်ဂြိုဟ်ဖွဲ့ စည်းပုံ ဖွဲစည်းခြင်း ဝဿပတိ ဧကရာဇ်သောကြာဂြိုဟ် သေနာပတိကာကွယ်ရေး -ကြာသပတေဂြိုဟ် =ရဿပတိ ကုန်းသွယ်ရေး အဂါင်္ဂြိုဟ်- နိရဿတိ ဓာတ်သတ္တူ တနင်္ဂနွေဂြိုဟ်

အထက်ပါ သက်ဆိုင်ဂြိုဟ် အသီးသီးတိုသည်၊ နေ စကြာစဠာကြီးအားဘေးဥပါဒ်အန္တရာယ်အပေါင်းမှ ကင်ဝေးပြီး ကမ္ဘာသူ ကမ္ဘာသားအပေါင်း တို့အားကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေခြင်း ကောင်းကျိုးအလို့ငှာ

တာဝန်အသီးသီးယူကြလျက်ကာကွယ်စောင်ရှောက်ပေးကြလတ္တံ။ယခုနှစ်တွင် တနင်္လာဂြိုဟ်၊ဗုဒ္ဓဟူးဂြိုဟ်၊စနေ့ဂြိုဟ် တို့သည်နှစ်၏သခင်ဂြိုဟ်ဖွဲ့စည်းရာတွင် ကိုယ်စားပြု ပါဝင်ခြင်း မရှိပါ။မဟာသင်္ကြန်အကျ၊ မဟာသင်္ကြန်အတက် ဇာတာတော်ကို(မြောက်လတ္တိတွဒ် 19-46´ )

(အရှေလောင်ဂျီတွဒ် 96-11´)တွင် ဗဟိုပြု၍ တွက်ချက် (နာရဒသံဟိတကျမ်)အောင်ဇေယတု သဗ္ဗမင်္ဂလံသက္ကရာဇ် -(၁၃၈၄ခု)၊ ဒီဃနှစ်ကြွင်း (၂၈၃)ရဿ ဝေါဟာရမာသနှောင်တန်ခူးလ္ဆန်း (၁၄)ရက် ကြာသပတေး နေ့

မြန်မာစံတော်ချိန် နံနက် (11)နာရီ(၅၉)မိနစ်(၃၁)စက္ကန့်၊ မြန်မာနာရီနေ့ ဗဟိုရ် (၁)ချက်တီကျော် (၇နာရီး)(၃ပါဒ်)(သုည)ဗီဇန(၄ပြဏ်)(၅ခရာ)ကရကဋ်ရာသီလဂ်၊သိဟ်ရာသီစန်း စန်းယှဉ် ဥတြဖလဂုနီနက္ခတ်တနင်္လာဟောရတ်၊တနင်္လာတြင်း၊ တနင်္ဂနွေနဝင်း၊ တနင်္ဂနွေဒွါဒသင်း၊သောကြာ တိံသင်း၊

လဂ်စီးနက္ခတ် ဖုသျှနက္ခတ်(၇လုံး)ပါဒ်ပြည့် ဃဋီပြည်(၇)ဝိဃဋီ (၁၀)အနုဃဋီထက်လဂ်စီလျက်၊ထိုနာရီ၏ ဣဋ္ဌဘဝါးနာရီကား (၁)ဘဝါး (၃)လက်သစ်(၃)မုယော(၄)နှမ်း(၄)ဆံခြည်၊ယုဂ်(၂၇)မှ ဓူဝါယုဂ်၊ ယုဂ်(၂၈)မှမတင်္ဂယုဂ်(မိတ်သင်္ဂဟပေါများသောယုဂ်)

တိထီး(၁၃)လုံး ဇေယျာ ၂လာင်္မြေခံ၊ ဂြဟဇာ တောင်အရပ်၊ကောလဝကရိုဏ်းနှင့်ယှဉ်လျက်၊ ဘာနုရာဇာ တနင်္ဂနွေဂြိုဟ်မင်းသည် ရွှေအဆင်နှင်သူသော အဝတ်တန်ဆာကို ဝတ်ဆင်လျက် သိန္ဓောမြင်းကိုစီး၍ ရေချမ်းအိုးကို ပိုက်လျက်၊အနောက်ကသည် အရှေ့မြောက်ဒေါင့်သို့ ဝင်၏။မဟောရကာ ဒေဝီနတ်သမီးကားအလှည့်စေ့၍၊

ပရမိသွာနတ်မင်း၏သား အာသီအမည်ရှိသောဗြဟ္မာမင်း၏ဦးခေါင်းကိုကမ်းသည်ရှိသော် ပြောက်ကာဒေဝီနတ်သမီးကား ခရီးဦးကြိုဆို၍ ပုဆစ်တုတ်လျက် လှမ်းလင့်၏။ ရဿကာဒေဝီးနတ်သ္မီးကား အဖြူ၊ အနီ၊အစိမ်း၊ အပြည၊ အဝါအာဖြင့် ငါးပါးသော အဆင်းဖြင့်ပြီးသော အဝတ်တန်ဆာကိုဝတ်ဆင်လျက် သင်္ကြန်းမင်းကို စောင့်၏။

ထိုကြောင်မိုးဦးတံ့အံ့။ မိုးလည် မိုးနှောင်းကောင်းအံ့။ ရွှေ့ပြောင်း ခရီးသွားလာသူတို့ ဘေးသင့် ကုန်အံ့။ ဆင်၊မြင်းစသော အခြေ၄ခု ဘေးဖြစ်အံ့။ ယခုခေတ် အလိုအားဖြင့်ရေးကြောင်း၊ကုန်ကြောင်း ခရီးအဝေးး သွားလာရာတွင် ဘေးဥပါဒ်ကြုံရတတ်၊ကုန်းယာဉ်၊ရေယာဉ်၊လူစီးယာဉ်များ ထိခိုက်မူဖြစ်တတ်သည်ဟူ (နားလည်) ရေပေသည်။

ယခုနှစ်တွင် ဧကရာဇ်မင်းရာဇာတို့က အလေးအမြတ်ပူဇော် အားကိုးရသည့် ရဟန်းပညာရှိ၊ မင်းပညာရှိ သုခမိန်များအချင်းချင်း ပဋိပက္ခ၊အငြင်းအခုံများ ဖြစ်ပေါ်အံံ့။မင်းရာဇာနှင့်မင်းမိဖုရားအပေါင်းတို့သည်လည်း ဥပါဒ် အန္တရာယ်ရှိကုန်းအံ့။ပြည်သူပြည်သားအပေါင်းတို့သည်လည်း ဒဏ်သင့်ကြကုန်သည် ဖြစ်၍ အိမ်းနီးချင်းတိုင်နိုင်ငံများပါ ထိခိုက် (ပျက်စီးရတတ်)သည်။

ထိုအပြင် အစာအာဟာရ ဆန်စပါး အခြေခံ စားသောကုန်းများရှားပါလာအံ့။ဟု မဟာသင်္ကြန်းအကျနေ့အလိုအဖြင့် ဟောထားသည်။

၁၃၈၄-ခုနှစ်မဟာသင်္ကြန်စာဟောစာတမ်း

ကောဇာသက္ကရာဇ် (၁၃၈၄-ခုနှစ်)တွင် ဗုဒ္ဓဟူးနံ အထွန်းဖြစ်၍သောကြာနံ အပုပ်ဖြစ်သည်။အစိမ်းရောင်ရှိသောပစ္စည်းများရောင်းဝယ်လျှင် အကျိုးအမြတ်ရရှိမည်။စာသောက်ကုန်ပစ္စည်းများမက်ပဲ၊ပဲတီစိမ်း၊အသီအရွက် အဖူးအပွင်းများ စိုက်ပျိုးရောင်ချ အနုပညာရပ်နှင့် ပျော်ပွဲရွှင်ပွဲများနှင်သက်ဆိုင်သောလုပ်ငန်များ ပြန်လည်ဦးမောလာမယ်။

စာအုပ် စာပေ စာနယ်ဇင်းလုပ်ငန်းများနှင် ပြန်ကြားရေး သတင် နှင့် နိုင်ငံတကာ ပိုဆောင်ဆက်သွယ်ရေးနှင့်ဂီတပညာရှင်များ စာအုပ် စာပေလောကသားများနှင့် ပညာရေးလောက တိုတက်ဖြစ်ထွန်းမယ်။

ထိုအပြင် ရှေ့နေ ၊ပွဲစားများယခုနှစ် အတွက် အကျိုးဖြစ်ထွန်းနိုင်။ နည်းပညာရပ်ဆိုင်ရာထုတ်ကုန်များ စက်ပစ္စည်းများ ရုပ်ရှင်လောကနှင့် ဆက်စပ်သော လုပ်ငန်းများ အားလုံး တိုးတက်အောင်မြင်မူ ရှိတယ်။

သောကြာနံအပုပ်ဖြစ်းခြင်ကြောင့် တော်ဝင်ပစ္စည်းများ၊အမွှေးအကြိုင်၊အလှအပ၊ အဝတ်အထည်များ၊စိန်ရတနာ၊စီးသောယာဉ်များအရောင်းအဝယ် နှေးကွေးမယ်။ အမျိုးသ္မီးများ၏ အခွင်အရေးများ
ဆုံးရှုံးမယ်။

ထိုအပြင် ဣတ္ထိလင်တို့တွင် အနာရောဂါများနှင့် ကူစက်ရောဂါများ ကျရောက်တတ်သည်။ လိင်တူဆက်ဆံသူများထိခိုက်မူရှိမည်။ အရွယ်မရောက်သောကလေးငယ်များ ညှင်းပန်းနှိပ်စက်ခြင်း ခံရတတ်တယ်။

ကမ္ဘာပေါ်တွင် ထင်ရှားသော ဣတ္ထိလင် ပုဂ္ဂိုလ်များကျန်းမာရေးချို့တဲ့မယ်။ ထိခိုက်အနာတရ ဖြစ်တတ်တယ်။ကမ္ဘာတစ်ခွင်အမျိုးသ္မီးအရေးကိစ္စအတွက် ဆူပူ အုံကြွမူနှင့် နိုင်ငံတကာ အရေးပေါ် ညှိနှိုင်းဆွေးနွေး ဥပဒေချမှတ် ရတတ်တယ်။

ယခုကြာသပတေးဂြိုဟ် (48)နှစ် အာနန္ဒနှစ်အတွင်းမွေးဖွားကြမည် ကလေးသူငယ်များ အခါခပ်သိမ်း အမြဲပျော်ရွင်နေထိုင်ကြရသူများဖြစ်မည်။အလှူခံပုဂ္ဂိုလ်များအားစွန့်ကြဲလှူဒါန်နေသူများဖြစ်မည်။မိတ္တဗလနှင့်ပြည့်စုံပြီး ဥစ္စာဓနဖြင့်လ်း ကြွယ်ဝ ချမ်းသာသူများဖြစ်မယ်။ကြာသပတေးဂြိုဟ်၏ နဝမယုဂအတွင်ဖွားသည်ဖြစ်ပါ၍ သိကြားမင်းကဲ့သို့ ဘုန်းကံကြီးထွားကြမည်။

တနင်္ဂနွေသားသမီးများ

ဇော်စိမ်း ၃ ခက် ဘယ်ခြေနဲ့နင်း ရွက်လှ ၄ ညွန့် ညာခြေနဲ့နင်းထားပါ။ဖလားတလုံးထဲ တရော်ကင်ပွန်း မေမြို့ပန်း ၅ ပွင့် သပြေ ၆ ခက် ကံကော် ၂ ခက် နွားနို့ အနည်းငယ်ထည့်ပြီးမြောက်အရပ်ကို မျက်နှာမူ၍ ခေါင်းဆေးပါ။ခြေနဲ့ နင်းထားသော အရွက်အခက်များ တောင်အရပ်သို့ စွန့်ပစ်ပါ။ဦးခေါင်း ဆေးထားသော ပန်များ တရော်များ မြောက်အရပ် မျက်နှာမူ၍ မြစ်ချောင်းထဲရေမျှောပါ

တနင်္လာသားသမီးများ

ရွက်လှ ၄ ခက် ဘယ်ခြေနဲ့နင်း ပျဉ်းမ ၅ ခက် ညာခြေနဲ့နင်းထားပါ။ဖလားတစ်လုံးထဲ တရော်ကင်ပွန်း နှင်းဆီး ၇ ပွင့် ဇော်စိမ်း ၃ ညွန့် သပြေ ၆ ညွန့် နွားနို့ အနည်းငယ်ထည့်ပြီးအရှေ့မြောက်အရပ် မျက်နှာမူ၍ ခေါင်ဆေးပါ။ခြေနဲ့ နင်းထားသော အရွက်အခက်များ အနောက်တောင်အရပ်သို့ စွန့်ပစ်ပါ။ခေါင်းဆေးထားသော ပန်းများ တရော်ကင်ပွန်း အရှေ့မြေါက်အရပ် မျက်နှာမူ၍ မြစ်ချောင်းထဲ ရေမျှော်ပါ။

အင်္ဂါသားသမီးများ

ပျဉ်းမ သို့မဟုတ် မေမြို့ ၅ ခက် ဘယ်ခြေနဲ့နင်း သီဟို သို့မဟုတ် သပြေ ၆ ခက် ညာခြေနဲ့နင်းထားပါ။ဖလားတစ်လုံးထဲ တရော်ကင်ပွန်း အုန်း ၁ ညွန့် ရွက်လှ ၄ ညွန့် နှင်းဆီး ၇ ပွင့် နွားနို့ အနည်းငယ်ထည့်ပြီး ခေါင်းဆေးပါ။အရှေ့အရပ် မျက်နှာမူ၍ ခေါင်းဆေးပါ။ခြေနဲ့ နင်းထားသော အရွက်အခက်များ အနောက်အရပ်သို့ စွန့်ပစ်ပါ။ခေါင်းဆေးထားသော ပန်းများ တရော်ကင်ပွန်း အရှေ့အရပ် မျက်နှာမူ၍ မြစ်ချောင်းထဲ ရေမျှော်ပါ။

ဗုဒ္ဓဟူးနေ့သားသမီးများ

သပြေ ၆ ခက် ဘယ်ခြေနဲ့နင်း ဒါန်း သို့မဟုတ် နှင်းဆီ ၇ ခက် ညာခြေနဲ့နင်းထားပါ။ဖလားတစ်လုံးထဲ တရော်ကင်ပွန်း ကံကော် ၂ ညွန့် မေမြို့ ၅ ပွင့် အုန်း ၁ ညွန့် နွားနို့ အနည်းငယ်ထည့်ပြီး ခေါင်းဆေးပါ။အရှေ့တောင်အရပ် မျက်နှာမူ၍ ခေါင်းဆေးပါ။ခြေနဲ့ နင်းထားသော အရွက်အခက်များ အနောက်မြောက်အရပ်သို့ စွန့်ပစ်ပါ။ခေါင်းဆေးထားသော ပန်းများ တရော်ကင်ပွန်း အရှေ့တေါင်အရပ် မျက်နှာမူ၍ မြစ်ချောင်းထဲ ရေမျှော်ပါ။

ကြာသပတေးသားသမီးများ

နှင်းဆီး ၇ ခက် ဘယ်ခြေနဲ့နင်း အုန်း ၁ ခက် ညာခြေနဲ့နင်းထားပါ။ဖလားတစ်လုံးထဲ တရော်ကင်ပွန်း ဇော်စိမ်း ၃ ညွန့် သပြေ ၆ ညွန့် ကံကော် ၂ ညွန့် နွားနို့ အနည်းငယ်ထည့်ပြီး ခေါင်းဆေးပါ။အနောက်တောင်အရပ် မျက်နှာမူ၍ ခေါင်းဆေးပါ။ခြေနဲ့ နင်းထားသော အရွက်အခက်များ အရှေ့မြောက်အရပ်သို့ စွန့်ပစ်ပါ။ခေါင်းဆေးထားသော ပန်းများ တရော်ကင်ပွန်း အနေါက်တေါင်အရပ် မျက်နှာမူ၍ မြစ်ချောင်းထဲ ရေမျှော်ပါ။

သောကြာသားသမီးများ

အုန်း ၁ ခက် ဘယ်ခြေနဲ့နင်း ကုက္ကို သို့မဟုတ် ကံကော် ၂ ခက် ညာခြေနဲ့နင်းထားပါ။ဖလားတစ်လုံးထဲ တရော်ကင်ပွန်း ရွက်လှ ၄ ညွန့် နှင်းဆီး ၇ ပွင့် ဇော်စိမ်း ၃ ညွန့် နွားနို့ အနည်းငယ်ထည့်ပြီး ခေါင်းဆေးပါ။အနောက်မြောက်အရပ် မျက်နှာမူ၍ ခေါင်းဆေးပါ။ခြေနဲ့ နင်းထားသော အရွက်အခက်များ အရှေ့တောင်အရပ်သို့ စွန့်ပစ်ပါ။ခေါင်းဆေးထားသော ပန်းများ တရော်ကင်ပွန်း အနောက်မြောက် အရပ်မျက်နှာမူ၍ မြစ်ချောင်းထဲ ရေမျှော်ပါ။

စနေသားသမီးများ

ကံကော် ၂ ခက် ဘယ်ခြေနဲ့နင်း ဇော်စိမ်း ၃ ခက် ညာခြေနဲ့နင်းထားပါ။ဖလားတစ်လုံးထဲ တရော်ကင်ပွန်း ရွက်လှ ၄ ညွန့် မေမြို့ ၅ ပွင့် အုန်း ၁ ညွန့် နွားနို့ အနည်းငယ်ထည့်ပြီး ခေါင်းဆေးပါ။တောင်အရပ် မျက်နှာမူ၍ ခေါင်းဆေးပါ။ခြေနဲ့ နင်းထားသော အရွက်အခက်များ မြောက်အရပ်သို့ စွန့်ပစ်ပါ။ခေါင်းဆေးထားသော ပန်းများ တရော်ကင်ပွန်း တေါင်အရပ် မျက်နှာမူ၍ မြစ်ချောင်းထဲ ရေမျှော်ပါ။တခြားရက်တွေမှာ ကံပွင့် လာဘ်ပွင့် အစစအရာရာ အရင်ထက် အဆင်ပြေ ကံကောင်းချင်ရင် ဒီရက်တွေမှာ ခေါင်းလျော်ပါ။

ဂမ္ဘီရ စာရေးဆရာ မာန်သစ်ခိုင်

Facebook Comments Box