ပြောင်းလဲလိုက်တဲ့ ဝင်ငွေခွန်မူဝါဒကြောင့် သေချာပေါက် ကားစျေးတက်တော့မယ့်အခြေအနေနဲ့ အိမ်ခြံမြေ အမည်ဖောက်သူတွေအနေ ၄ လပိုင်းမတိုင်မှီ အပြီး အခွန်ဆောင်ထားသင့်တဲ့အကြောင်း…

ပြောင်းလဲလိုက်တဲ့ ဝင်ငွေခွန်မူဝါဒကြောင့် သေချာပေါက် ကားစျေးတက်တော့မယ့်အခြေအနေနဲ့ အိမ်ခြံမြေ အမည်ဖောက်သူတွေအနေ ၄ လပိုင်းမတိုင်မှီ အပြီး အခွန်ဆောင်ထားသင့်တဲ့အကြောင်း…

၂၀၂၂ ခုနှစ် မတ်လ ၂၅ ရက်နေ့ ယမန်နေ့က ထွက်ပေါ်လာတဲ့ ဝင်ငွေခွန်မူဝါဒအပြောင်းအလဲသတင်းကြောင့် ကားစျေးတက်တော့မယ့်အခြေအနေနှင့် အိမ်ခြံမြေအမည်ဖောက်မည့်သူတွေအနေနဲ့ ၄ လပိုင်းမတိုင်မှီအပြီး အခွန်ဆောင်ထားသင့်တဲ့အကြောင်းကို ဆရာကြီး ဦးသီဟကပြောပြထားတာဖြစ်ပါတယ်။

ကားများဝင်ငွေခွန်ဆောင်ရာတွင် ကားတန်ဖိုးသိန်း ၂၀၀ ထက်ကျော်သောကားဖြစ်ပါက သိန်း ၂၀၀ ထက်ကျော်သော ငွေပမာဏအား ဘဏ်ငွေလွှဲအထောက်အထားပြမှသာ ဝင်ငွေခွန်ဆောင်လို့ရပါတော့သည်။သဘောက ငွေသားကို သိန်း ၂၀၀ အထိဘဲသုံးရမယ်။ပိုတဲ့အမောင့်ကို banking နဲ့ ပေးချေထားတာဖြစ်ရမယ်။

အဲ့အတွက် ကားတန်ဖိုး သိန်း ၂၀၀ ကျော်တဲ့ပမာဏ အားလုံးအတွက် banking နဲ့ပေးချေထားတဲ့ အထောက်အထားပြပေးရမယ်.. (KTH) ကဲ ဆရာတို့ရေ.. အထူးကုန်စည်ခွန် နဲ့ ဝင်ငွေခွန် ရာခိုင်နှုန်းပြန်လည် တိုးမြင့် သတ်မှတ်ဖို့ ပြင်ဆင်နေတယ်လို့ကြားမိတယ်။ဒီသတင်းက နိုင်ငံခြားကနေ တင်သွင်းလာမယ့် CBU ကားတွေနဲ့

ပြည်တွင်းထုတ် SKD ကားတွေရဲ့ ဝယ်လိုအားကို အားပါပါနဲ့ ရိုက်ချမယ့် အဟန့်အတားတစ်ခုဖြစ်လာနိုင်ပါတယ်။ ကြားသိရသလောက် မူဝါဒအသစ်နဲ့ဆိုရင် နိုင်ငံခြားကနေတင်သွင်းတဲ့ CBU ကားတွေ အထူးကုန်စည်ခွန် ၃၀% ထက်ပို ဆောင်ရမှာဖြစ်ပြီး

ဒီကားတွေဟာ Income Tax ၃၀% ကျော်ကိုလဲ နံပါတ်မယူမှီ ပေးဆောင်မှသာ ကနဦး မူသေနံပါတ်ယူခွင့်ရရှိတော့မှာပါ။ဒါဆို ဒီအခွန်နှုန်းနဲ့ ရောက်လာမယ့်ကားတွေဟာ လက်ရှိစျေးကွက်မှာရှိနေတဲ့ကားတွေထက် သိန်း ရာဂဏန်းစျေးတက်သွားတော့မှာပါ။Used Car တွေဟာလဲ အလိုလိုစျေးတက်ပြီး ရောင်းရမယ့် အနေအထားဖြစ်သွားတဲ့သဘောပေါ့။

ဒီမူဝါဒ အတည်ဖြစ်ရင် သေချာပေါက် ကားစျေးတက်မှာပါ။Used Car ကားတွေကလဲ အမည်ပြောင်း ဝင်ငွေခွန် ၆% ဆောင်ရမယ်ဆို လက်ရှိ ၃% နဲ့ ကွာဟချက် ၃% ရှိသွားမှာဖြစ်တဲ့အတွက်အဲ့ဒါကြောင့် ကားသစ်ဝယ်ကြမယ့် အမျိုးတွေအနေနဲ့ ယခုအချိန်မှာ အမြန်ဝယ်ယူထားသင့်ပါတယ်ခင်ဗျာ။

အိမ်ခြံမြေ အမည်ဖောက်မည့်သူတွေလဲ ၄ လပိုင်းမတိုင်မှီ အပြီး အခွန်ဆောင်ထားသင့်ပါတယ်.. မနှစ်ကလျော့ထားတဲ့ အခွန်က မတ်လကုန်ထိပဲ လို့ဆိုတော့ Used ကားဟောင်းတွေ အမည်ပြောင်းခြင်းကို ခုချိန်လုပ်ထားသင့်ပါတယ်။

ယခုလက်ရှိ ၃% နဲ့ အခွန်သက်သာခွင့် ပေးထားပေမယ့် လက်ရှိ တိုင်းပြည်ရဲ့ အခွန်လိုအပ်ချက်ကြောင့် တိုးသွားနိုင်ပါတယ်။Under Table ကြေးနဲ့ ကျော်လို့ရပေမယ့် ရာခိုင်နှူန်း တိုးရင် Table ကြေးလဲ တိုးသွားမှာပါပဲ..ဒါပေမယ့် ငွေဖြူရချင်တဲ့ သူတွေအနေနဲ့ကတော့ ယခုအချိန် ၃% နဲ့ သိန်း ၁၀၀၀ တန်ကားကို ဝင်ငွေခွန်ဆောင်မယ်ဆို

သိန်း ၃၀ ပေးဆောင်ရုံနဲ့ ငွေဖြူ သိန်း ၁၀၀၀ ရရှိမှာဖြစ်ပြီး နောင်တချိန် သိန်း ၁၀၀၀ တန်ကားကို ၆% ဝင်ငွေခွန်ဆောင်မယ်ဆို သိန်း ၆၀ ဆောင်ရတော့မှာဖြစ်ပေမယ့်။ ငွေဖြူကတော့ သိန်း ၁၀၀၀ သာရရှိမှာမို့ ဆောင်ရတဲ့ငွေသာတိုးသွားတာ ငွေဖြူရရှိတဲ့ ပမာဏကတော့ အတူတူပါပဲ။ ကျွန်တော်တော့ မှန်တယ်မှားတယ် မပြောတတ်ပါဘူး။

တစ်ခုသတိပေးချင်တာက အခွန်လုပ်ငန်းတွေကိုလေ့လာကြပါ ရုံးလုပ်ငန်းတွေကို ကိုယ်တိုင်ဆောင်ရွက်ကြပါ။ကျွန်တော်တို့တွေ တိုးတက်လာတဲ့အခါ ဒီရုံးကိစ္စတွေနဲ့ ဘယ်လိုမှ ကင်းလို့မရပါဘူး နားလည်ထားဖို့လိုအပ်ပါတယ်။(ဆရာကြီး ဦးသီဟ)။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *