(၃)မိနစ်ရေနွေးအိုးဝယ်မယ်ဆို မဖြစ်မနေစစ်ဆေးပေးရမယ့်အရာ..

(၃)မိနစ်ရေနွေးအိုးဝယ်မယ်ဆို မဖြစ်မနေစစ်ဆေးပေးရမယ့်အရာ..

ကျွန်တော် နဲ့ တရုတ်ရေနွေးအိုး ..၃ မိနစ်အိုးလို့ပြောလိုက်တာနဲ့ ဈေးကွက်ထဲမှာ ၅ ထောင်တန်လောက်ရေနွေးအိုးတွေမျက်လုံးထဲပြေးမြင်မိတယ်။တန်လည်း တန်တာကိုး ကျွန်တော်လည်း ၅ ထောင်တန်ပဲသုံးတယ်လေ။ အဲ့ပြဿနာက ကိုယ်တွေ့မှ ကိုယ်တွေ့စစ်စစ်..

ဇာတ်လမ်းစပြောရရင် တစ်ညပေါ့ဗျာ။ ရေနွေးသောက်မယ်ဆိုပြီး ၃ မိနစ်အိုးလေးကိုခလုတ်တန်းဖွင့်လိုက်တာပေါ့။အရင်ကလည်းအဲ့လိုပဲသုံးနေကြလေ။Plug ကိုတန်းထိုးထားပြီးရေနွေးအိုးအတွက်သီးသန့် Socket တစ်ခုနဲ့ switch တစ်ခုထားပေးထားတာကိုး။

အိမ်မှာက RCBO ရော sub MCB တွေပါ ခံထားတော့ဘာမှစိတ်မပူရဘူးလေ။ရာဇာနေဝင်းလိုပြောရရင် မျက်စိမှိတ်လို့ လက်နဲ့ကိုင်တောင်မင်းအတွက်ဘေးကင်းဆဲ.. ဟီး.. ဇာတ်လမ်းပြန်ဆက်ရရင်.. မိနစ်ပိုင်းလေးအတွင်းမှာပဲခွက်အောက်ကနေ မီးတောက်တွေ ဝုန်းခနဲထတောက်လာရော..

အဲ့မီးတောက်မြင်တော့မှ ခွက်ကိုယူပြီး ရေချိုးခန်းထဲ ပစ်ထည့်လိုက်တာပေါ့။ ဘယ်က စဖြစ်တာမှန်းမသိတော့လောက်အောင်ကိုအတွေးတွေစုံသွားတယ်။Shock ဖြစ်ရင်လည်း Breaker တွေတန်းစီကျမှာလေနော့.. ပြန်တွေးကြည့်တော့မှ ရေနွေးအိုးထဲမှာရေရှိမရှိ သတိမထားမိဘဲ switch on မိလိုက်တာပဲဗျ။

စိတ်နည်းနည်း ငြိမ်တော့မှရေနွေးအိုးလေးကိုသွားပြန်ကောက်။ အဖုံးဖွင့်ကြည့်တော့မှ အပူပေးတဲ့ Heating Element ကထလောင်တာတဲ့ဗျား။ရော်.. အမှန်တကယ်ဆိုရင်ရေနွေးအိုးမှာ ပူလာရင်ဖြတ်ဖို့ Thermostat နှစ်ခုပါရတယ်ဗျ။

တစ်ခုက လက်ကိုင်က Switch မှာ ရေနွေးတွေဆူရင်အပူငွေ့တွေကလက်ကိုင်ကတဆင့် Thermostat ကိုပိတ်ပေးမှာ။နောက်တစ်ခုက အိုးဖင်မှာ အိုးအရမ်းပူလာရင် Auto ဖြတ်ပေးဖို့။ အဲ့တော့ ကျွန်တော့်အခြေအနေအရ ရေမရှိရင်တောင်အိုးပူရင် အိုးဖင်ကThermostat ကဖြတ်ပေးရမှာလေ။

အခုတော့ Heating element က မီးထလောင်ရတယ်လို့ မကြားဖူးပေါင်ဗျာ။အဲ့အခြေအနေကို သုံးသပ်ကြည့်ရင်..

၁ ။ အိမ်မှာ လျှပ်စစ်ကိုစိတ်ချရအောင် RCBO တွေ MCB တွေ တပ်ထားပေမယ့် အပူကနေပြီးတော့ ဘေးကိုလိုက်လောင်မယ့် အနေအထားကို သူတို့ မကာကွယ်ပေးနိုင်ဘူး။

၂။ ရေနွေးအိုးတည်တာမှာလည်း ၃ မိနစ်နေရင် ပိတ်သွားလိမ့်မယ်ဆိုတဲ့ အတွေးမျိုးကိုမယုံကြည်ရတာမျိုး။

၃။ Quality နိမ့်တဲ့ပစ္စည်းမျိုးတွေပဲအဟုတ်ကြီးထင်ပြီး သုံးနေမိတာမျိုးပေါ့။

အဲ့တော့ ဒီပို့စ်ကို ဖတ်နေတဲ့အထဲမှာ ၃ မိနစ်အိုး သုံးနေတဲ့သူတွေပါနေခဲ့ရင်အကြံတစ်ခုပေးချင်ပါတယ်။ ကိုယ့်အိမ်က ၃ မိနစ်အိုးကို ပြန်စမ်းကြည့်ပါ။ဘယ်လိုစမ်းရမလဲဆိုတော့ ၃ မိနစ်အိုးထဲ ဘာရေမှမထည့်ဘဲ ၁၅ စက္ကန့်လောက်ဖွင့်ထားကြည့်ပါ။

သူ့အလိုလို ပြန်ပိတ်သွားခဲ့ရင်တော့အိုးပူရင် ပြန်ပိတ်ပါတယ်ဆိုပြီး စိတ်ချလို့ရပါတယ်။ မပိတ်ရင်တော့ Quality ကောင်းတာလေးတွေပဲ ထပ်ဝယ်သုံးကြပါလို့ အကြံပေးချင်ပါတယ်။ဒီပို့စ်ကိုတင်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့

မြန်မာနိုင်ငံမှာ လောင်သမျှမီးကို ဝိုင်ယာရှော့ ဝိုင်ယာရှော့ဆိုပြီး ပြောခံနေရတာကို ခံပျင်းတာရယ်.. ကိုယ်တွေလိုမျိုး အရည်းအသွေးမပြည့်မီတဲ့ပစ္စည်းတွေကို သုံးနေရတဲ့ အိမ်ထောင်စုတွေ မီးဘေးအန္တရာယ်ကနေဝေးဖို့အတွက်ပဲရည်ရွယ်ပါတယ်။

Source Hein Zaw Htet

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *