မီတာခ သက်သာစေနိုင်ဖို့ အိမ်သုံးလျှပ်စစ် မီတာ တွက်နည်း(၂)နည်း

မီတာခ သက်သာစေနိုင်ဖို့ အိမ်သုံးလျှပ်စစ် မီတာ တွက်နည်း(၂)နည်း

လစဥ်အိမ်သုံးမီတာခတွေများနေလို့ အကုန်အကျများနေသူများအတွက် ချိန်ဆပြီးအသုံးပြုနိုင်စေဖို့ အိမ်သုံးလျှပ်စစ်မီတာတွက်နည်းအကြောင်းဖော်ပြပေးလိုက်ရပါတယ်။တွက်နည်းကိုသိထားတဲ့အတွက် ချိန်ဆတွက်ပြီးသုံးတတ်မယ်ဆိုလျှင်

မီတာခကုန်ကျစရိတ်သက်သာစေနိုင်မှာဖြစ်သလို မိမိအိမ်မှာရှိတဲ့ လျှပ်စစ်ပစ္စည်းတွေရဲ့ သုံးစွဲနှုန်းယူနစ်နဲ့ ကုန်ကျစရိတ်ကိုတွက်ကြည့်ပြီး မီတာခကို ကြိုတင်ခန့်မှန်းကြည့်လို့ရပါတယ်။

မီတာခတွက်နည်း (၁)

၁၀၀၀ ဝပ် ၁ နာရီ ၁ ယူနစ်” ပုံသေနည်းနဲ့ မီတာခကုန်ကျစရိတ်ကိုတွက်ကြည့်လို့ရပါတယ်။လျှပ်စစ်ပစ္စည်းတွေမှာလျှပ်စစ်ပါဝါသုံးစွဲနှုန်းတွေရှိပါတယ်။ပစ္စည်းရဲ့ Specification တွေမှာ Power Consumptionကိုဖတ်ကြည့်ပါ။

Watt နဲ့တိုင်းပါတယ်။အောက်ပါ အတိုင်း ဥပမာတွေနဲ့တွက်ထားတာကို လေ့လာကြည့်ပါ။

အိမ်သုံး မီတာခနှုန်းထားမှာ

၁ ယူနစ်မှ ယူနစ် ၃၀ အထိ ၃၅ ကျပ်နှုန်း

၃၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်နှုန်း၊

၅၁ ယူနစ်မှ ၇၅ ယူနစ် အထိ ၇၀ ကျပ်နှုန်း၊

၇၆ ယူနစ်မှ ၁၀၀ အထိ ၉၀ ကျပ်နှုန်း၊

၁၀၁ မှ ၁၅၀ အထိ ၁၁၀ နှုန်း

၁၅၁ မှ ၂၀၀ အထိ ၁၂၀ ကျပ်

၂၀၁နှင့်အထက် ၁၂၅ ကျပ်

တစ်ယူနစ်ကိုအနည်းဆုံး ၃၅ ကျပ် မှ အများဆုံး ၁၂၅ ကျပ်ပါ။ ပျမ်းမျှယူမယ်ဆိုတစ်လယူနစ် ၅၀၀ လောက်သုံးတဲ့ အိမ်တွေဆို ၁ ယူနစ်ကို ၁၁၀ လောက်ကျပါတယ်။၁ ယူနစ်ကို ၁၁၀ ကျပ်နဲ့တွက်ကြည့်ရအောင်

ဥပမာ (၁) – ၁၀၀၀ ဝပ်ရှိတဲ့ မီးပူကို ၁ နာရီအသုံးပြုမယ်ဆိုလျှင်မီတာ ၁ ယူနစ်တက်ပါတယ်။၁ ယူနစ်ကို ၁၁၀ ကျပ်နဲ့တွက်ကြည့်ပါမယ်။

1 Unit x 110 Kyats = 110 Kyats

(၁၀၀၀ ဝပ် မီးပူကို တစ်နာရီ အသုံးပြုလျှင် မီတာခ ၁၁၀ ကျပ် ကျသင့်ပါတယ်။)

ဥပမာ (၂) အိမ်သုံး အပေါ်ဖွင့်အဝတ်လျှော်စက် ရဲ့ Power Consumption က 850 W လောက်ရှိပါတယ်။ ၁ နာရီ အသုံးပြုမယ်ဆိုလျှင် 0.85 ယူနစ်တက်ပါတယ်။

0.85 Unit x 110 Kyats = 93.5 Kyats

photo credit

(850 Watt အဝတ်လျှော်စက် တစ်နာရီအသုံးပြုလျှင် မီတာခ ၉၄ ကျပ် လောက်ကျသင့်ပါတယ်)ဥပမာ (၃) ၁ ကောင် (1 hp) air con တစ်လုံးရဲ့ Power Consumption က 745.7 W လောက်ရှိပါတယ်။ ၁ နာရီ air con ဖွင့်ထားမယ်ဆိုလျှင် 0.7457 ယူနစ်တက်ပါတယ်။

0.7457 Unit x 110 Kyats = 82.027 Kyats

(၁ ကောင်အား air con ၁ နာရီ ဖွင့်လျှင် 83 ကျပ်လောက် ကျသင့်ပါတယ်)

တစ်နေ့ကို ၁၀ နာရီ ဖွင့်မယ်ဆိုရင် ၁ ရက် 830 ကျပ်၊တစ်လ ဆိုလျှင် ၂၄၉၀၀ ကျပ်လောက်ကျသင့်နိုင်ပါတယ်။အိမ်ရဲ့ စုစုပေါင်း မီတာခ ကုန်ကျစရိတ်ကို ဒီတွက်နည်းနဲ့ အသုံးပြုတဲ့လျှပ်စစ်ပစ္စည်းတွေရဲ့ စုစုပေါင်း Power Consumption ဝပ်၊ အသုံးပြုချိန် စတဲ့အချက်တွေကို မှတ်သားထားပြီး တစ်ဆိုင်လုံး လည်ပတ်မှုအတွက် တွက်ချက်ကြည့်လို့ရပါတယ်။ ခရက်ဒစ်Aung Kyaw Minn

photo credit

မီတာခတွက်နည်း (၂)

ဦးဇင်းတို့ မီတာတွက်တဲ့ အခါအသုံး ပြုတဲ့ လျှပ်စစ်ပစ္စည်းလေးတွေကို အရင် watt (ဝပ်) ဘယ်လောက်နူန်းစားလဲလို့ သိရပါမယ်။မီးလုံး တစ်လုံး ဆိုရင် 60 W လို့ ရေးထားပါတယ်။ 60 W (ဝပ်) ရှိတဲ့ အဲဒီ မီးလုံးလေးကို နှစ်နာရီတိတိ ထွန်းထားမယ်ဆိုရင်(60×2 = 120) ၁၂၀ ပေါ့။

သူကိုတို့နာရီနဲ့ မြှောက်ပြီးသား ဖြစ်လို့ ဝပ်နာရီ (Watt Hours= WH ) လို့ခေါ်ပါတယ်။ 1000 WH ကို 1 KWH (Kilowatt hour ) ဖြစ်လို့ တစ်ထောင်နဲ့ စားပါ ကကီလိုဝပ်ဟာဝါရပါတယ်။ဒါကြောင့် ခုနက ၁၂၀ ကို ၁ထောင်နဲ့ စားရင် 0.12 ရမယ်။

အဲဒါ ကို မီတာခ ကောက်ခံနူန်းတား ၃၅ကျပ် နဲ့ မြှောက်တဲ့ အခါ 4.2 ရပါတယ်။ ဒါဆိုရင် 60W မီးသီ လေးကိုနှစ်နာရီ ထွန်းရင် ၄ ကျပ် ကျော်ကျော်ကျပါတယ်။မီတာခတွေကောက်ခံတဲ့အခါအိမ်သုံး နဲ့လုပ်ငန်းသုံးဆို ပြီးနှစ်မျိုး ရှိပါတယ်။

photo credit

အဲဒီ နှစ်မျိုး မှာလဲ ယူနစ် အသုံးပြု့မူ့အလိုက် အခကြေးငွေကွာပါ တယ်။ကိုယ် ဘယ်လောက်နူန်း မီတာခ အကောက်ခံရတယ်ဆိုတာဘောင်ချာမှာ ကြည့်ရင်သိနိူင်ပါ တယ်။မိမိတို့ အသုံးပြုနေတဲ့ လျှပ်စစ်ပစ္စည်း တိုင်းမှာမီတာစားနူန်းလေးတွေရေးထားတာတွေ့ရပါလိမ့်မယ်။

တစ်ကောင် အဲယားကွန်း 750 W၊ ထမင်းပေါင်းအိုး 700 W၊ လေးပေ မီးချောင်း 40 W အဲဒီလို လေးတွေ ပါတာ တွေ့မှာပါ။ ပိုပြီးရှင်းလင်း သွားအောင် ဦးဇင်း ပြပေး ထားတဲ့ပုံလေးကိုကြည့်လိုက်ပါ။ခရက်ဒစ်AshinThuseikta

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *