မြန်မာပြည်သားတွေသိရှိထားတဲ့ ရသေ့ဆေး (သို့)ထိုင်းဗိန်းတောဆေး အသိသတိပြုရန်

မြန်မာပြည်သားတွေသိရှိထားတဲ့ ရသေ့ဆေး (သို့)ထိုင်းဗိန်းတောဆေး အသိသတိပြုရန်

ထိုင်းနိုင်ငံကသွင်းတဲ့တိုင်းရင်းဆေး ထုတ်လုပ်တဲ့နေရာကိုထိုင်းရဲတပ်ဖွဲ့ဝင်များနဲ့ FDA မှ တာဝန်ရှိသူများ ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာဆေးရည်ပုလင်းတစ်ပုလင်းမှာ စတီးရွိုက်ဆေးပြား အပြား၇၀ နဲ့ အကိုက်အခဲပျောက်ဆေးပြား အပြား ၃၀ထိထည့်သွင်းထားတာတွေ့ရပါတယ်။

အဲဒီဆေးဟာ မြန်မာနိုင်ငံမှာလဲကျယ်ကျယ်ပြန့်ပြန့် ရောင်းချသုံးစွဲနေကြပြီးရောဂါသက်သာမှုလျှင်မြန်တာကြောင့် ဒူးနာ၊ခါးနာ၊အရိုးအကြောသမားတွေအပြင်ရောဂါအမျိုးမျိုးအတွက် အသုံးပြုနိုင်တယ်လို့ကြော်ညာရောင်းချနေတာကြောင့်ရေပန်းစားနေပါတယ်။

ဆေးပုလင်းမှာ ပမာဏများပြားစွာပါဝင်တဲ့ဆေးပြားတွေကြောင့် သောက်သုံးပြီးအစမှာရောဂါသက်သာသလိုရှိပေမဲ့ နောက်ပိုင်းမှာ ကျာက်ကပ်ကိုဆိုးရွားစွာထိခိုက်ပျက်ဆီးစေနိုင်ပြီး အသက်သေဆုံးတဲ့အထိဖြစ်စေနိုင်ပါတယ်။

ကျေးဇူးပြုပြီးတော့ မိမိတို့ရဲ့မိဘဆွေမျိုးတွေ နဲ့ မိတ်ဆွေတွေ ဒီဆေးသုံးစွဲနေတာတွေ့ရင် ဒီသတင်းလေးပြောပြပေးကြပါအုံးနော်..ခရက်ဒစ်ဘိုဘိုဝင် AC မှကူးယူဖေါ်ပြပါသည်။

မြန်မာပြည်သားတွေသိရှိထားတဲ့ ရသေ့ဆေး (သို့)ထိုင်းဗိန်းတောဆေး အသိသတိပြုရန်(Zawgyi)





Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *