ဧပြီလ ၄ ရက်မှ ၁၀ ရက်နေ့အတွင်းမုန်တိုင်းသတိပြုဖို့မိုးလေဝသပညာရှင် စုစုစံကြိုတင်သတိပေးထုတ်ပြန်
ဧပြီလ ၄ ရက်မှ ၁၀ ရက်နေ့အတွင်းမုန်တိုင်းသတိပြုဖို့မိုးလေဝသပညာရှင် စုစုစံကြိုတင်သတိပေးထုတ်ပြန်
လာမယ့် ဧပြီလ ၄ ရက်မှ ၁၀ ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတစ်လုံးဖြစ်ပေါ်လာနိုင်လို့ သတိပြုဖို့ မိုးလေဝသပညာရှင် မစုစုစံ ကြိုတင်သတိပေးထုတ်ပြန်ထားပါတယ်။ထုတ်ပြန်ချက်မှာ ”မုန်တိုင်းသတိ-
၂၀၂၂ ဧပြီလ ၄ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတစ်လုံးဖြစ်နိုင်ပါတယ်။ကောက်ပဲသီးနှံရိတ်သိမ်းကြမည့်သူများ ပျက်စီးဆုံးရှုံးမှုမရှိစေရန် ကြိုတင်ပြင်ဆင်လုပ်ကိုင်ဆောင်ရွက်နိုင်ကြပါစေ။
ရေလုပ်သားတို့သတိပြု။ ၂၀၂၂ ဧပြီလ ၅ရက်နေ့တွင် ဆူမတြား မလက္ကာရေလက်ကြား အန်ဒါမန်ကျွန်းနှင် နိကိုဗာကျွန်းစုများအတွင်းလေဖိအားနည်းလေဝဲစုဝေးစတင်ဖြစ်ပေါ်နိုင်ပြီးတနင်္သာရီတိုင်း ကော့သောင်းနှင့်မြိတ်ကျွန်းစုများအနောက်ဘက်မြန်မာ့ပင်လယ်ပြင်မှာရာသီဥတုဆိုးရွားပြင်းထန်နိုင်ပါတယ်။
ကြိုတင်သတိပေးထားတာဖြစ်ပါတယ်။အဆိုပါလေဝဲသည် အဆင့်မြင့်မိုးလေဝသဂြိုလ်တုတွေကနေပြီး ထောက်လှမ်းသိရှိရတဲ့အချက်ကတော့ ပိုမိုအားကောင်လာပြီး ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတစ်လုံးဖြစ်လာနိုင်။
၂၀၂၂ ဧပြီလ ၁ရက်နေ့မှ ၃ရက်နေ့အတွင်း ထိုင်းပင်လယ်ကွေ့အတွင်း low pressure cell တွေထကြွလာမှာဖြစ်ပြီး ထိုင်းပင်လယ်ကွေ့အတွင်းရာသီဥတုဆီုးရွားနိုင်ပါတယ် ထိုင်းနိုင်ငံရောက်မြန်မာများအဆိုပါရက်များအတွင်း
ထိုင်းပင်လယ်ကွေ့အတွင်း ငါးဖမ်းထွက်ခြင်းအပျော်ခရီးသွားခြင်းမလုပ်ကြပါနဲ့ အန္တရာယ်ရှိပါတယ်။၎င်းဆလ်တွေသည်ထိုင်းတောင်ပိုင်းမှကုန်းတွင်းဖြတ်ကျော်ကာဧပြီလပထမပတ်အတွင်းကပ္ပလီပင်လယ်ပြင်မှ
ဘင်္ဂလားပင်လယ်အော်အထိရောက်ရှိနိုင်ကာ မုန်တိုင်းတစ်လုံးဖြစ်လာနိုင်တယ်” လို့ ကြိုတင်သတိပေးထုတ်ပြန်ပေးထားတာဖြစ်ပါတယ်။
ဧပြီလ ၄ ရက်မှ ၁၀ ရက်နေ့အတွင်းမုန်တိုင်းသတိပြုဖို့မိုးလေဝသပညာရှင် စုစုစံကြိုတင်သတိပေးထုတ်ပြန်(Zawgyi)
Source:Su Su San ?????????????
Source:Su Su San ?????????????
Source:Su Su San ?????????????
Source:Su Su San ?????????????
Facebook Comments Box
Leave a Reply
Your email address will not be published. Required fields are marked *