အလွယ်တကူအိမ်တွင်ပြုလုပ်လို့ရတဲ့ ကျပ်ထုပ်ဖေါ်စပ်နည်း လမ်း(၂)သွယ်

ကျပ်ထုပ်အတွက်မေးထားကြလို့ပါ။တိုင်းရင်းဆေးကျပ်ထုပ်ဖေါ်စပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့
၁။ ကြိတ်မှန်ရွက်။
၂။ကြောင်ပန်းရွက်။
၃ ။သက်ရင်းကြီးရွက်။
ထိုအရွက်၃မျိုးတို့ကိုဆတူရောပါ။




၄။အိမ်သုံးဆား (၃)ပုံ(၁) ထည့်ပါ။
ပိတ်စဖြင့်ထုပ်၍နာကျဉ်ကိုခဲသောနေရာတဝိုက်တွင်နှမ်းဆီ/မုန်ညင်းဆီတို့ဖြင့်အပူပေး၍ထိုးပေးပါ။
ထို့အပြင် သွက်ချာပါဒခေါ်လေငန်းဖြတ်ခြင်း၊လေဖျန်းလေဖြတ်တခြမ်းသေ၊အကြောများနာခြင်း ကြွက်သားများအကြောများ ရောင်ဖမ်းခြင်း၊ လေးဘက်နာ ဒူလာ ဂေါက်၊အရိုးကျီးပေါင်းဖြစ်ခြင်း၊ဒူနာခါးနာ ဒူးရောင်ရောဂါများ




အဆစ်အမြစ်ကိုက်ခဲခြင်းရောဂါများအတွက်နမ်းဆီ၊မုန်ညင်းဆီ၊တောင်ဆိတ်စွယ်ပေါင်းဆီရရာတို့ဖြင့်အပူပေး၍ ဒဏ်ရာတဝိုက်တွင်ထိုးပေးပါ။ပျောက်ကင်းစေနိုင်ပါသည်လက်တွေ့လည်းအသုံးပြုလျှက်ရှိပါသည်…။
မိတ်ဆွေတို့ရေ နောက်တနည်းက




၁။ ဘုန်းမသိမ်ရွက် ။
၂။ ကြက်ဆူရိုးနီ ။
၃။ ကြောင်ပန်း ။
၄။ ရှောက် ။
၅။သက်ရင်းကြီး ။




အရွက်တွေ အညီအမျှနဲ့ နနွင်းဆားထဲ့ပြီးထိုးသေးတယ်။လိမ်းဆေးကအပေါ်က ၅ မျိုးအရွက်ကိုထောင်းအရေကိုဆတူယူနှမ်းဆီ(ဝါ) မုံညင်းဆီကို ဒယ်အိုးနဲ့မီးခဲမှာဆူအောင်တည်ထောင်းထားတဲ့အရေကိုတဇွန်းစီထဲ့ ပြီးရင်ပုလင်းနဲ့ထဲ့ထား ပြီးလိမ်းပါ (မှတ်ချက်− လိမ်းဆေးပါ )




Ref; Sai Min Thant