လာမယ့်ဧပြီလအစမှစတင်ပြီးမှတ်ပုံတင်ပြသနိုင်မှသာ လေယာဉ်စီးနင်းခွင့်ရရှိမည်

၂၀၂၂ခုနှစ်၊ ဧပြီလ(၁)ရက်နေ့(၀၆ :၀၀)နာရီ မှစတင်၍ ပြည်တွင်းလေကြောင်းလိုင်းများဖြင့် ခရီးသွားလာကြမည့် မြန်မာနိုင်ငံသား ခရီးသည်များအနေဖြင့် နိုင်ငံသားကတ် (မှတ်ပုံတင်)ပြသနိုင်မှသာခရီးစဉ်တွင်လိုက်ပါနိုင်မည်ဖြစ်ကြောင်း
မြန်မာအမျိုးသားလေကြောင်းကယနေ့တွင်အသိပေးသည်။လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ ထုတ်ပြန်ချက်အရ ဟုအသိပေးမှုထဲဖော်ပြထားသည်။ဧပြီ ၁ရက်မှစပြီး ခရီးသွားလာရာတွင်၊တည်းခိုရာတွင်ထောက်ခံစာများအားလက်မခံတော့ဘဲ




မှတ်ပုံတင်ပြသမှသာရရှိမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကလည်း အသိပေးကြေညာထားသည်။ယခင်ကလေကြောင်းလိုင်းများစီးလျှင်မှတ်ပုံတင်အစားယာဉ်မောင်းလိုင်စင်နှင့်ဝန်ထမ်းကဒ်စသည်တို့ကို ပြသစီးနင်းနိုင်ကြောင်းသိရသည်။




လာမယ့္ဧၿပီလအစမွစတင္ၿပီးမွတ္ပုံတင္ျပသႏိုင္မွသာ ေလယာဥ္စီးနင္းခြင့္ရရွိမည္(Zawgyi)

၂၀၂၂ခုႏွစ္၊ ဧၿပီလ(၁)ရက္ေန႔(၀၆ :၀၀)နာရီ မွစတင္၍ ျပည္တြင္းေလေၾကာင္းလိုင္းမ်ားျဖင့္ ခရီးသြားလာၾကမည့္ ျမန္မာႏိုင္ငံသား ခရီးသည္မ်ားအေနျဖင့္ ႏိုင္ငံသားကတ္ (မွတ္ပုံတင္)ျပသႏိုင္မွသာခရီးစဥ္တြင္လိုက္ပါႏိုင္မည္ျဖစ္ေၾကာင္း
ျမန္မာအမ်ိဳးသားေလေၾကာင္းကယေန႔တြင္အသိေပးသည္။လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန မွ ထုတ္ျပန္ခ်က္အရ ဟုအသိေပးမႈထဲေဖာ္ျပထားသည္။ဧၿပီ ၁ရက္မွစၿပီး ခရီးသြားလာရာတြင္၊တည္းခိုရာတြင္ေထာက္ခံစာမ်ားအားလက္မခံေတာ့ဘဲ

မွတ္ပုံတင္ျပသမွသာရရွိမည္ဟု လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနကလည္း အသိေပးေၾကညာထားသည္။ယခင္ကေလေၾကာင္းလိုင္းမ်ားစီးလွ်င္မွတ္ပုံတင္အစားယာဥ္ေမာင္းလိုင္စင္ႏွင့္ဝန္ထမ္းကဒ္စသည္တို႔ကို ျပသစီးနင္းႏိုင္ေၾကာင္းသိရသည္။