လူတော်တော်များများမသိသေးတဲ့ နွားသားကို အမဲသားလို့ခေါ်ရတဲ့အကြောင်းရင်း

နွားကို အမဲသားလို့ခေါ်ရတဲ့အကြောင်းရင်းလေးပါ…ဘာကြောင့် နွားသားကိုအမဲသားလို့ခေါ်ကြသလဲ?အသားစားသတ္တဝါထဲ၌တွင်သရဲ၊သဘ္ဘက်ဘီလူး၊ကျား၊ခြင်္သေ့၊တခြားသောမကောင်းဆိုးဝါးမိစ္ဆာများမှာအသားထဲ၌ နွားသားကိုသာအကြိုက်ဆုံးဖြစ်သည်။




နွားသား၏အနံ့မှာလဲအညှီဆုံးဖြစ်သလို နွားသားစားခြင်းကြောင့်လဲ?သွေးသားအားကောင်းခြင်းဖြစ်သည်။ကြက်သေတော့ကြက်သားဝက်သေတော့ဝက်သားလို့ခေါ်ကြသည်မှာအမှန်တိုင်းပင်ဖြစ်သော်လည်း နွားသေတဲ့အသားကျတော့အမဲသားဟူ၍ခေါ်ဝေါ်ခြင်းမှာထူးဆန်းလှသည်ဖြစ်သည့်အပြင်




ဘာကြောင့်အဲဒီလိုခေါ်ဝေါ်ခြင်းကိုမသိသူကများပါသည်။အမဲသားဟုခေါ်ဝေါ်ခြင်းမှာ မကောင်းသော အမှောင်လောကသားတို့သာကြိုက်နှစ်သက်ကြသည်။စားကြသည်။မက်မောကြသည်ဖြစ်၍ သာမှန်လူသားသားတို့အနေနဲ့ဖြူစင်သန့်ရှင်းသောအသားမဟုတ်ပါကြောင်းကိုဆိုသည်။




မသန့်ရှင်းဟုဆိုသည်မှာ..ရွံစရာကောင်းအောင်ညစ်ပတ်နေတာကိုပြောသည်မဟုတ်ပါ။အကုသိုလ်တွေဖုံးလွှမ်းပေကျံနေသောကြောင့် မကောင်းဆိုးဝါးများသာနှစ်သက်သောကြောင့်..မသန့်ရှင်းမဖြူစင်ဘူးဟုဆိုပါသည်။အမှောင်လောကသားတို့ ပရလောကသားတို့ကုသိုလ်နှင့်အကုသိုလ်ကိုမသိနားမလည် မခွဲခြားတတ်သော
မလုပ်နိုင်သောသူတို့သာစားမက်ဖွယ်ရာဟုသတ်မှတ်ထားသောအသားဖြစ်၍ အမဲသားဟုခေါ်ဝေါ်ကြသည်။ထို့သို့..အမဲသားကိုကြိုက်နှစ်သက်သောစားသောက်ကြသော သာမှန်လူသားတို့၌တွင်ထိုသူတို့၏ခန္တာတွင်လဲအင်မတန်ညစ်နွမ်းခြင်းအနံ့သက်အညှီနံများစွဲနေလေ၏။

မိမိကိုယ်မိမိမသိသော်လည်း အထက်မှာဖော်ပြထားသည့် အမဲသားကိုမက်မောနှစ်သက်စွာကြိုက်နှစ်သက်သည့်ပရလောကသားများကျားရဲတိရိစ္ဆာန်များ၊အစိမ်းသေ၊ သရဲ၊သဘ္ဘက်၊ဘီလူးများမှ ထိုအသား၏အနံ့ကိုယဉ်ပါးနေပြီဖြစ်၍ထိုအသားကိုစားသောက်ထားသည့်သာမန်လူသားများကိုအလွယ်တကူသိရှိကြ၏။
အလွယ်တကူအနံ့ရ၏။ထိုအနံ့ရရှိသောလူသားတို့ကိုလဲထိုမိစ္ဆာတို့ကအမဲသားကိုကြိုက်နှစ်သက်မက်မောသလိုထိုအသားစားထားသောလူသားတို့ကိုလဲမက်မောကြ၏ ကြိုက်နှစ်သက်ကြ၏။သူတို့၏အကြိုက်ဆုံးအနံ့အစားသောက်သည် မည့်သည့်လူမည့်သည့်နေရာ၌ရှိသည်ကိုအလွယ်တကူသိကြ၏။




ထိုအသားကိုစားသုံးသောလူသားတို့၌လဲထိုမိစ္ဆာအပေါင်းကမှားတဲ့သူများထက်လွယ်စွာတိုက်ခိုက်ဖြတ်စည်းနိုင်၏။ထိုအသားကိုစားသုံးသောသူတို့မှာလဲကံနိုပ်ဉာဏ်နိပ်၏။ထိုကြောင့်ပင်ဤနွားသားခေါ်အမဲသားကိုသူတော်ကောင်းတို့လောကီပညာရှင်တို့တရားအားထုပ်သောအရိယာသူတော်စင် ပုဂ္ဂိုလ်တို့ကရှောင်ကျဉ်၍မစားကြပေ။
အာဆိပ်လျှာဆိပ်ညံ့သည်။ဩဇာအာဏာစက်ညံ့သည်။ပြောဆိုသမျှကြံစည်သမျှပျက်စည်းစေတတ်သည်။လာဘ်ပိတ်တတ်သည်။ထိုကြောင့်ဖြစ်ပါ၍သူတော်ကောင်းများအနေဖြင့်မစားကြပါနဲ့လို့ပြောဆိုအမိန့်ပေးခွင့်ပိတ်ပင်တားစီးခွင့်မရှိပါသောကြောင့်မိမိ၏ကိုယ်ပိုင်အသိဉာဏ်လေးဖြင့်ဆင်ခြင်သုံးသပ်၍သတိတရားများရှိကြပါစေ…။

Source ; AyeMyaThu