ဧရာဝတီတိုင်းအတွင်းမုန်တိုင်းတိုက်ခတ်မှုဖြစ်စဥ်၌ အကူအညီလိုအပ်သူများဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်များထုတ်ပြန်

ဧရာဝတီတိုင်းအတွင်းမုန်တိုင်းတိုက်ခတ်မှုဖြစ်စဥ်၌ အကူအညီလိုအပ်သူများဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်များထုတ်ပြန်

ဧရာဝတီတိုင်းအတွင်းနေထိုင်သူများအနေဖြင့် မုန်တိုင်းတိုက်ခတ်မှုဖြစ်စဥ်အတွင်း အကူအညီများလိုအပ်လာပါက ဆက်သွယ်နိုင်သည့်ဖုန်းနံပါတ်များအား ဧရာဝတီတိုင်းအစိုးရအဖွဲ့မှထုတ်ပြန်ခဲ့သည်။ငွေဆောင်၊ချောင်းသာနှင့်ရွှေသောင်ယံမှမုန်တိုင်းတိုက်ခတ်မှု၌အကူအညီလိုအပ်သူများသည်−

ဖုန်း ၀၄၂ ၂၀၂၄၉၀၃ ၊ ဟိုင်းကြီး၊ငရုတ်ကောင်းတွင် ဖုန်း ၀၄၂ ၂၀၂၁၆၈၈ တို့သို့ဆက်သွယ်နိုင်ကြောင်း သိရသည်။အလားတူ ပုသိမ်၊ငပုတောမြို့နယ်များ၌နေထိုင်ကာအကူအညီလိုအပ်သူများအနေဖြင့် ဖုန်း ၀၄၂ ၂၀၂၁၈၈၈၊ ကျန်မြို့နယ်နေသူများမှာ ဖုန်း ၀၄၂ ၂၀၂၁၂၂၇ တို့သို့ဆက်သွယ်၍အကူအညီများတောင်းခံနိုင်ကြောင်းသိရသည်။

ထို့ပြင်ဧရာဝတီတိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှလည်း သဘာဝဘေးအန္တရာယ်ကျရောက်ပါကကူညီဆောင်ရွက်နိုင်ရန်တိုင်းအတွင်းရှိမြို့နယ်အချို့သို့ ထောက်ပံ့ပစ္စည်းများအားသက်ဆိုင်ရာမြို့ကွပ်ကဲရေးရုံးအသီးသီးသို့ ပို့ဆောင်နေရာချထားပေးလျက်ရှိကြောင်းသိရသည်။

အလားတူ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့၊ဧရာဝတီတိုင်းကြီးကြပ်မူကော်မတီမှမုန်တိုင်းတိုက်ခတ်လာပါကအချိန်နှင့်တပြေးညီကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်နိုင်ရန်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်ပုသိမ်မြို့နယ်၌ အရေးပေါ်လူနာတင်ယာဥ် ၂၀ စီး၊အင်အား ၄၀ ဦး၊လပွတ္တာမြို့နယ်တွင် လူမှုကူညီကယ်ဆယ်ရေးအ သင်းဝင်များအားအသင့်စုဖွဲ့ထားကာစက်ပစ္စည်းများ၊ဆေးပစ္စည်းများအားကြိုတင်စုဆောင်းထားကြောင်းသိရသည်။

အလားတူ ချောင်းသာမြို့၊ချောင်းသာကမ်းခြေရှိ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များမှလည်း တာဝန်ရှိသူများ၊ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ လူအင်အား၊စက်အင်အားများဖြင့် ပြင်ဆင်ထားပြီးဟိုင်းကြီးကျွန်း ၊ဇီးချိုင်နှင့်သာပေါင်းမြို့နယ်တို့တွင်လည်းကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကြောင်းသိရသည်။

ဧရာဝတီတိုင်း၊လပွတ္တာမြို့ပေါ်ရှိဘုန်းတော်ကြီးကျောင်းများ၌ မုန်တိုင်းရှောင်ဦးရေမှာ မတ်လ၂၁ရက်နေ့မှစတင်ကာလူဦးရေထောင်ကျော်ရှိပြီဟုသိရပါသည်။ယနေ့နေ့လည်ပိုင်း၌ လပွတ္တာမြို့နယ်အတွင်းမုန်တိုင်းတိုက်ခတ်ကာမိုးသည်းထန်စွာရွာသွန်းလျက်ရှိကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲဌာနချုပ်မှသိရပါသည်။

photo by Laputta
Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *