အနီရောင်အဆင့်သတ်မှတ်ထားသော ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူမှုကယ်ဆယ်ရေးအဖွဲ့ပေါင်း ၂၇၀ အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်
ဧရာဝတီတိုင်းဒေသကြီးအတွင်း မတ်လ ၂၂ ရက် ယနေ့နံနက်ပိုင်းမှစတင်၍ အနီရောင်အဆင့် သတ်မှတ်ထားသော ဆိုင်ကလုန်မုန်တိုင်းကြောင့်

လူမှုကယ်ဆယ်ရေး အဖွဲ့ပေါင်း ၂၇၀ မှာ ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန်အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ဧရာဝတီတိုင်းလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးပြောကြားချက်အရသိရပါတယ်။
အဆိုပါ ကယ်ဆယ်ရေးအဖွဲ့တွေဟာ လက်ရှိအချိန်တွင် ဟိုင်းကြီးကျွန်း၊ ဂေါ်ရင်ဂျီကျွန်း၊ ငွေဆောင် ၊ချောင်းသာ၊ ငရုတ်ကောင်း၊ မကျီးစင်နှင့် ရခိုင်ပြည်နယ်အစပ် ဘောမိ ကျေးရွာတို့တွင်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီလုပ်ဆောင်နိုင်ရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်း သိရပါတယ်။




ပြီးခဲ့သော ၅နာရီ ဝန်းကျင်အချိန့်မှ စတင်ကာ မိုး/ဇလက မုန်တိုင်းသတင်းနှင့် ပတ်သက်၍လိမ္မော်ရောင် အဆင့်မှ အနီရောင်အဆင့်သို့သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ယမန်နေ့ ညနေပိုင်းက လပွတ္တာမြို့ပတ်ဝန်ကျင်ရှိ ကျေးရွာများမှမိသားစုဝင်များကို မြို့ပေါ်ဘေးလွတ်ရာသို့ ကူညီပို့ဆောင်ပေးပြီး




လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့များဖြစ်သောပုသိမ်မြို့အပါအဝင်အခြားသောမြို့များတွင်လည်း လေပြင်းတိုက်ခတ်လာပါကကူညီကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်ရန်အတွက်လည်း အဆင်သင့် ပြင်ဆင်ထားပြိးဖြစ်ကြောင်း သိရသည်။

REF: Popular News