နွေရာသီအမှီရွှေဓာတ်ငွေ့နှင့်ကုန်းတွင်းဓာတ်ငွေ့အသုံးပြု၍ လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်နိုင်ရေးစီမံဆောင်ရွက်လျက်ရှိ

နွေရာသီအမှီရွှေဓာတ်ငွေ့နှင့်ကုန်းတွင်းဓာတ်ငွေ့အသုံးပြု၍ လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်နိုင်ရေးစီမံဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ရှိ ဓာတ်အားပေးစက်ရုံစီမံကိန်းများအားလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးအောင်သန်းဦးမှကြည့်ရှုစစ်ဆေးစဉ်ကပြောကြားခဲ့ခြင်းဖြစ်သည်။

ကျောက်ဖြူမြို့နယ်ရှိဓာတ်အားထုတ်လုပ်မောင်းနှင်လျက်ရှိသည့် V Power Group Holdings Limited ၏ကျောက်ဖြူ ၄၅ မဂ္ဂါဝပ်ဓာတ်ငွေ့အင်ဂျင်သုံးဓာတ်အားပေးစက်ရုံနှင့် CNTIC Vpower KY-3 Limited ၏ ကျောက်ဖြူ၁၅၀ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင်သုံးဓာတ်အားပေးစက်ရုံများ၊

Kyauk Phyu Electric Power Company Limited ၏ကျောက်ဖြူ ၁၃၅ မဂ္ဂါဝပ်သဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံစီမံကိန်းတို့အားသွားရောက်ကြည့်ရှုခဲ့ခြင်းဖြစ်သည်။ရွှေဓာတ်ငွေ့အသုံးပြု၍လျှပ်စစ်ဓာတ်အား၁၉၅ မဂ္ဂါဝပ်နှင့်ကုန်းတွင်းဓာတ်ငွေ့အသုံးပြု၍ဓာတ်အား ၃၀ မဂ္ဂါဝပ် တိုးတက်ထုတ်လုပ်နိုင်သဖြင့်

လျှပ်စစ်ဓာတ်အား ၂၂၅ မဂ္ဂါဝပ်အထိတိုးတက်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကာ တာပိန်(၁)ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းမှလျှပ်စစ်ဓာတ်အား ၁၂၀ မဂ္ဂါဝပ်ခန့်အား ဝယ်ယူရန်ညှိနှိုင်းလျက်ရှိသည်။ထို့ပြင်ဘီလူးချောင်းစက်ရုံများမှနွေရာသီတွင်ထွက်ရှိမည့်ဓာတ်အား ၁၇၀ မဂ္ဂါဝပ်ခန့်အားဓာတ်အားစနစ်မှတဆင့်ဖြန့်ဖြူးနိုင်ရန်နှင့်

ဖောက်ခွဲဖျက်ဆီးခံထားရသည့်တာဝါတိုင် ၁၉ တိုင်ခန့်အားပြုပြင်လျက်ရှိ၍လုပ်ငန်းများပြီးစီးပါကဓာတ်အားလိုအပ်ချက်ပမာဏပိုမိုဖြန့်ဖြူးပေးနိုင်မည်ဟု ပြည်ထောင်စုဝန်ကြီးဦးအောင်သန်းဦးကပြောသည်။

ထို့အတူ နွေရာသီအမီရွှေဓာတ်ငွေ့အသုံးပြု၍ ၁၉၅ မဂ္ဂါဝပ်အထိတိုးတက်ထုတ်လုပ်ပေးနိုင်ရန်နှင့် ၁၃၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံးဓာတ်အားပေး စက်ရုံစီမံကိန်းတို့အားသတ်မှတ်ရက်များအတိုင်းပြီးစီးနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးကမှာကြားခဲ့သည်။

ထို့အတူ အမှတ် ၄ ဓာတ်မြေသြဇာစက်ရုံ(မြောင်းတကာ)နှင့် အမှတ် ၅ ဓာတ်မြေသြဇာစက်ရုံ(ကန်ကြီးထောင့်)တို့၌နှစ်စဉ် ဧပြီလတွင် ပြုလုပ်သည့် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများအားသတ်မှတ်ချိန်ထက်စော၍ပြုလုပ်ကာယင်းစက်ရုံများသို့ထောက်ပံ့ပေးထားသည့်ကုန်းတွင်းသဘာဝဓာတ်ငွေ့အား

ရွာမဓာတ်အားပေးစက်ရုံရှိဓာတ်အားပေးစက်များသို့ ပြောင်းလဲထောက်ပံ့ပြီး လျှပ်စစ်ဓာတ်အား ၃၀ မဂ္ဂါဝပ်ကို ထုတ်လုပ်လျက်ရှိသည်ဟုသိရသည်။ထို့ပြင်ကျောက်ဖြူဒေသ၌ဓာတ်ငွေ့ဖြန့်ဖြူးပေးနေသည့် ပိုက်လိုင်းအခြေခံအဆောက်အဦးများ၏အနေအထားအရရွှေဓာတ်ငွေ့ကုဗပေသန်း ၂၀ သာ ထုတ်ယူသုံးစွဲနိုင်သဖြင့်

တစ်ရက်လျှင်ရွှေဓာတ်ငွေ့သန်း ၅၀ အထိတိုးတက်ရယူသုံးစွဲနိုင်ရန်ပိုက်လိုင်းအခြေခံအဆောက်အဦးများအား တိုးချဲ့ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကာမေလ၌ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းဆောင်ရွက်စဉ်သက်တမ်းကုန်ဆုံးသွားသည့် ၄၅ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင်သုံးဓာတ်အားပေးစက်ရုံမှအသုံးပြုခဲ့သည့် ရွှေဓာတ်ငွေ့တစ်ရက်ကုဗပေ၁၀သန်းအားစက်စွမ်းရည် ပိုမိုကောင်းမွန်သည့်

၁၅၀ မဂ္ဂါဝပ် LNG to Power ဓာတ်ငွေ့အင်ဂျင်သုံးဓာတ်အားပေးစက်အစားသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံသို့ပြောင်းလဲထောက်ပံ့၍ ဖေဖော်ဝါရီ ၁၀ ရက်မှစတင်ကာ ၅၀ မဂ္ဂါဝပ်တိုးမြှင့်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ခဲ့သည်ဟုပြည်ထောင်စုဝန်ကြီး၏ပြောကြားချက်အရ သိရသည်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *