Cyclone မုန်တိုင်းမဝင်ခင်အချိန်၊ မုန်တိုင်းတိုက်ခတ်စဉ်၊ မုန်တိုင်း ပြီးဆုံးချိန် ရှောင်ရန် ဆောင်ရန်များ
Cyclone မုန်တိုင်းမဝင်ခင်အချိန်၊ မုန်တိုင်းတိုက်ခတ်စဉ်၊ မုန်တိုင်း ပြီးဆုံးချိန် ရှောင်ရန် ဆောင်ရန်များအတွက် ကြိုတင်သိရှိပြင်ဆင်ထားနိုင်ကြစေဖို့ထပ်ဆင့်မျှဝေပေးလိုက်ပါတယ်။

မုန်တိုင်းမဝင်ခင်အချိန်
အပင်တွေ၊ ဓာတ်တိုင်တွေ၊ ဓာတ်ကြိုးတွေ ကျိုးတတ်၊ ပြတ်တတ်လို့ မုန်တိုင်းလာရင် မီးပိတ်ဖို့ မမေ့ပါနဲ့။
အိမ်က အနိမ့်ပိုင်း ရေကြီးနိုင်တဲ့နေရာဆို ရှောင်ပြေးလို့ရမယ့် မြင့်တဲ့နေရာ ရှာထားပါ။




အရေးပေါ်အိတ်ပြင်ပါ။ ဖုန်း၊ ဓာတ်မီး အားသွင်းထားပါ။ အစားအစာနဲ့ ရေအနည်းငယ် ဆောင်ပါ။ ဆေးဝါးတွေ ထည့်ထားပါ။ ရေဒီယိုနဲ့ ဓာတ်ခဲလဲ ဆောင်ပါ။
နီးစပ်ရာမှာ ရှိတဲ့ Cyclone shelter သို့ ခိုင်ခန့်တဲ့အဆောက်အအုံကိုရှာထားပါ။
တိရစ္ဆာန်တွေကို ကြိုးမချည်ထားပါနဲ့။

မုန်တိုင်းတိုက်ခတ်စဉ်
လုံခြုံပြီး ရေမတက်နိုင်တဲ့နေရာမှာ နေပါ။ ပြတင်းပေါက်၊ မှန်တံခါးတွေနား မနေပါနဲ့။
တာဝန်ရှိသူတွေ ကြေညာတဲ့ မုန်တိုင်းသတင်းကို နားစွင့်ပါ။
မုန်တိုင်းကင်းစင်ပြီဆိုမှ အပြင်ထွက်ပါ။




မုန်တိုင်း ပြီးဆုံးချိန်
ရေနဲ့ ဝေးရာမှာ နေပါ။ အန္တရာယ်ရှိတဲ့ အကောင်တွေပါလာတတ်လို့ ဂရုစိုက်ပါ။
ရေစိုနေတဲ့ လျှပ်စစ်ပစ္စည်းတွေကို မဖွင့်ပါနဲ့။
အဆောက်အဦးပျက်တွေနား မနေပါနဲ့။
ဓာတ်ကြိုးတွေ ပျက်ကျနေရင် ဝေးဝေးရှောင်ပါ။
ရေကို ကျိုချက်သောက်ပါ။ ရေသန့်သောက်ပါ။ ရေကို ဆေးခပ်ပြီး သောက်ပါ။

မုန်တိုင်းဒဏ်ခံရနိုင်တဲ့ဒေသက လူတွေအားလုံးအနည်းနဲ့ အများပြင်ဆင်ထားသင့်ပါတယ်။ မနက်ဖြန်ကို အကောင်းဆုံးကျော်ဖြတ်နိုင်ကြပါစေ။ အားလုံးဘေးကင်းကြပါစေ။
ခရစ်ဒစ်မူရင်း