မတ်လ ၂၃ ရက် ၂၄ ရက်နေ့တွေမှာ အာစနီ ဆိုင်ကလုံးမုန်တိုင်းကြောင့် တောင်ကျချောင်းရေ၊ ရေကြီးရေလျှံ သတိပြုရမည့် ဒေသများ

မတ်လ ၂၃ ရက် ၂၄ ရက်နေ့တွေမှာ အာစနီ ဆိုင်ကလုံးမုန်တိုင်းကြောင့် တောင်ကျချောင်းရေ၊ ရေကြီးရေလျှံ သတိပြုရမည့် ဒေသများအတွက် မိုးလေဝသပညာရှင် မစုစုစံမှ အထူးသတိပေးထုတ်ပြန်နေပါတယ်။




မိုးလေဝသပညာရှင် မစုစုစံ ထုတ်ပြန်သတိပေးချက်အရ အာစနီ ဆိုင်ကလုံးမုန်တိုင်းဟာ မတ်လ ၂၁ ရက်နေ့ည ၂၂ ရက်နေ့မနက် ပုသိမ်မြစ်ဝ ချောင်းဝ ဟိုင်းကြီးကျွန်း လပွတ္တာမြို့တွေမှအာစနီမုန်တိုင်း ဝင်ရောက်လာနိုင်ပြီး တစ်နာရီလေတိုက်ခတ်နှုန်း ၅၀ မိုင် လေပြင်းတိုက်ချိန် ဆောင့်တိုက်လေ ၆၀မိုင်အထိတိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

လေပြင်းတိုက်ခတ်ချိန် ရေလှိုင်းအမြင့် ၁၂ပေထိရှိနိုင်ကာ ဘိုကလေးခရိုင် လပွတ္တာခရိုင် ပုသိမ်ခရိုင် ဂေါ်ရင်ဂျီကျွန်း ငရုတ်ကောင်း ချောင်းသာ ငွေဆောင် ဖျာပုံခရိုင်ဒေသတွေမှာ မိုးကြီးလေထန်ရေလျှံပြီး ရေကြီးနစ်မြုပ်မှုတွေဖြစ်ပေါ်နိုင်သဖြင့် မြေမြင့်ဘေးကင်းလုံခြုံတဲ့နေရာတွေကို ပြောင်းရွှေ့နေထိုင်ကြရန်နှင့် ပင်လယ်ပြင်အတွင်းသွားရောက်ခြင်းလုံးဝမပြုလုပ်ကြပါနဲ့ဆိုပြီး သတိပေးထုတ်ပြန်ထားပါတယ်။




ဒါ့အပြင် မတ်လ ၂၃ ရက် ၂၄ ရက်များတွင် မကွေးတိုင်းကြီးတွင် အာစနီမုန်တိုင်းမိုးတွေများစွာရွာသွန်းနိုင်သဖြင့် မြစ်ချောင်းရေများအရှိန်အဟုန်ဖြင့်စီးဆင်းလာနိုင်ကာ ရွှေစက်တော်ပွဲတော် မန်းချောင်းရေသတိပြုရန်နှင့်

အင်တာနက်မရတဲ့နေရာများရှိပါက ဖုန်းဆက်အကြောင်းကြားပေးကြပါ အရေးကြီးပါတယ်၊ အန္တရာယ်မှရှောင်ရှားနိုင်ရန် အများသိအောင်ထပ်ဆင့်မျှဝေးပေးကြပါဆိုပြီး အထူးသတိပေးထုတ်ပြန်ပေးတာဖြစ်ပါတယ်။
Credit to Su Su San ?????????????