နောက်(၄၈)နာရီအတွင်း မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် ဆိုင်ကလုန်း မုန်တိုင်း(Cyclonic Storm) မိုးဇလ သတိပေးချက်ထုတ်ပြန်

နောက်(၄၈)နာရီအတွင်း မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် ဆိုင်ကလုန်း မုန်တိုင်း(Cyclonic Storm) မိုးဇလ သတိပေးချက်ထုတ်ပြန်

နောက်(၂၄)နာရီအတွင်း မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် မုန်တိုင်းငယ်(Depression) နှင့်ပတ်သက်ပြီး မိုးဇလမှ သတိပေးချက်ထုတ်ပြန်ထားပါတယ်။

Photo Credit

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မုန်တိုင်းငယ်သတိပေးချက်ထုတ်ပြန်ချက်အရ ”၂၀၂၂ခုနှစ်၊ မတ်လ(၂၀)ရက်နေ့ မြန်မာစံတော်ချိန်(၁၀:၃၀)နာရီအချိန်ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် ပိုမိုအားကောင်းလာကာ၊ မုန်တိုင်းငယ်(Depression) အဖြစ်သို့ရောက်ရှိခဲ့ပါသည်။

အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၂၆၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၃၉၀)မိုင်ခန့်၊ ထားဝယ်မြို့၏ အနောက်တောင်ဘက် ရေမိုင်(၄၂၀)မိုင်ခန့်၊

Photo Credit

ကော့သောင်းမြို့၏ အနောက်ဘက် ရေမိုင် (၃၆၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း(Nicobar Islands)၏ မြောက်-အနောက်မြောက်ဘက် ရေမိုင် (၄၀)မိုင်ခန့်နှင့် ပို့ပလဲယား(Port Blair)၏ တောင်-အနောက်တောင် ရေမိုင် (၁၁၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

အဆိုပါ မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေဖြစ်ပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ပါသည်။

Photo Credit

မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန်တွင်မြောက်လတ္တီကျု(၉.၈)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၂.၅)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်
လေဖိအား(၁၀၀၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)နှုန်းခန့် ဖြစ်ပါသည်။

အဆိုပါမုန်တိုင်းငယ်(Depression)သည် မြောက်ဘက်သို့ရွေ့လျားပြီး၊ ပိုမိုအားကောင်းလာပြီးနောက်(၂၄)နာရီအတွင်းအားကောင်းသောမုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ လည်းကောင်း၊ နောက်(၄၈)နာရီအတွင်းဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟုခန့်မှန်းရပါသည်။

Photo Credit

အဆိုပါမုန်တိုင်းငယ်(Depression)သည်(၂၁.၃.၂၀၂၂)ရက်နေ့ ညပိုင်းတွင် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းအနီး သို့လည်းကောင်း၊ (၂၂.၃.၂၀၂၂)ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနီးသို့လည်းကောင်း၊ (၂၂.၃.၂၀၂၂)ရက်နေ့၌ ညပိုင်းတွင် ရခိုင်ကမ်းရိုးတန်းအနီးသို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်

မုန်တိုင်းငယ်(Depression)၏အရှိန်ကြောင့် ယနေ့နံနက်မှ (၂၂.၃.၂၀၂၂)ရက်နေ့ အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊

Photo Credit

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိတိုက်ခတ်နိုင်ပါသည်။လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါသည်။

အကြံပြုချက်

အဆိုပါ မုန်တိုင်းငယ်(Depression)၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်ဆိုပြီး မိုးဇလမှတ် ထုတ်ပြန်ထားပါတယ်။

လတ်တလော ရရှိတဲ့ သတင်းတွေအရ ဧရာဝတီမြစ်ဝကျွန်းပေါ် ကမ်းနီးရေလုပ်ငန်းလုပ်ကွက်ပင်လယ်ပြင်မှာ ဒီနေ့မနက်ပိုင်းမှာ လေ စ ကြမ်းနေပြီလို့သိရပါတယ်။

မိုးဇလ

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *