နီးကပ်လာပြီဖြစ်တဲ့ အာစနီမုန်တိုင်းကြောင့် မိုးကြီးပြီး တောင်ကျချောင်းရေများ အရှိအဟုန်ဖြင့်စီးဆင်လာနိုင်သဖြင့် မိုးလေဝသပညာရှင် မစုစုစံ ကြိုတင်သတိပေးထုတ်ပြန်
မြန်မာနိုင်ငံဘက်သို့ နီးကပ်လာပြီဖြစ်တဲ့ အာစနီမုန်တိုင်းနဲ့ပတ်သက်ပြီး မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ တောင်ကျချောင်းရေများ အရှိအဟုန်ဖြင့်စီးဆင်လာနိုင်သဖြင့် မိုးလေဝသပညာရှင်များ ကြိုတင်သတိပေးချက်ထုတ်ပြန်ထားပါတယ်။

ပြည်သူ့အချစ်တော် မိုးလေဝသပညာရှင် မစုစုစံရဲ့ သတိပေးထုတ်ပြန်ချက်အရ ” နီးကပ်လာတဲ့ အာစနီမုန်တိုင်း။ ဧရာဝတီတိုင်းအနောက်တောင်းပိုင်း မော်တင် ဟိုင်းကြီးကျွန်း လပွတ္တာငပုတော ပုသိမ် ချောင်းသာ ငွေဆောင် ငရုတ်ကောင်းပင်လယ်ကွေ့ ငရုတ်ကောင်း ဂေါ်ရင်ဂျီကျွန်းတွေကို ၂၀၂၂ မတ်လ ၂၁ ရက်နေ့ည ၂၂ ရက်နေ့မနက်မှာ ဝင်ရောက်တိုက်ခတ်နိုင်ပြီး

တစ်နာရီလေတိုက်နှုန်း ၅၅မိုင်နှုန်းတိုက်ခတ်နိုင်ပြီး ဆောက်တိုက်လေ လေပြင်းတိုက်ချိန် ၆၀မိုင်အထိတိုက်ခတ်နိုင်ပါတယ် ဧရာဝတီကမ်းရိုးတန်း ရန်ကုန်ကမိးရိုးတန်းမုတ္တမပင်လယ်ကွေ့ ရေလှိုင်းအမြင့် ၉ပေ မှ ၁၂ပေ အထိရှိနိုင်ပါတယ်။ ဧရာဝတီတိုင်းမိုးကြီးလေထန်နိုင်ပြီး မုန်တိုင်းဝန်းညာယက်လေမိတဲ့ ရန်ကုန်တိုင်း မွန်ပြည်နယ် မုတ္တမပင်လယ်ပင်လယ်ကွေ့ဒေသများမှာလည်း မိုးကြီးလေထန်နိုင်ပါတယ်။

မိုးကြီးရေလျှံ သတိပြုရမယ့်ဒေသတွေကတော့ 23/03/2022 ရက်နေ့တွင် ရခိုင်ပြည်နယ်တောင်ပိုင်း ဂွ ကျိန္တလိ ငပလီ သံတွဲ တောင်ကုတ် အမ်း မာန်အောင်ကျွန်းဒေသတွေမှာ မိုးကြီးရေလျှံနိုင်ပါတယ်။

တောင်ကျချောင်းရေ သတိပြုရမယ့် ဒေသတွေကတော့ မကွေးတိုင်း သရက်ခရိုင် မကွေးမင်းဘူး မင်းလှ ဆင်ဘောင်ဝဲ မိချောင်းရဲ ပြည် ပေါက်ခေါင်း ဝက်ထီးကန် အောင်လံ ဆပ်သွား တောင်တွင်းကြီး မိုးဆွေ လဲဝင်း တောင်ညို ပိန္နဲပေါက် မအူလေးပင် ကျွဲရှဥ်း မင်းကုန်း ဝက်စု ဘုရားကုန်း ဘူးကွဲ လမ်းသပြေကုန်း နေပြည်တော် ပျဥ်းမနား ရေဆင်း တပ်ကုန်း မိုးတွေရွာနိုင်ပြီး

သရက်ခရိုင် ဖဖဧရာဝတီမြစ်အတွင်းစီးဝင်သောမြစ်ချောင်းများရခိုင်ရိုးမပေါ်မိုးကြီးနိုင်သဖြင့် တောင်ကျရေများအရှိန်အုန်ဖြင့်စီးဆင်းလာနိုင်ပါတယ်။ မင်းတုန်းချောင်းရေသတိပြုပါ” ဆိုပြီး မိုးလေဝသပညာရှင် စုစုစံမှ ကြိုတင်သတိပေးထုတ်ပြန်ပေးတာဖြစ်ပါတယ်။ အားလုံးဘေးအန္တရာယ်ကင်းဝေနိုင်ကြပါစေ။
Source: Su Su San ?????????????