Solar(ဆိုလာ) ဝယ်တော့မယ်ဆိုရင် ငွေမကုန်သင့်ပဲ မကုန်ရစေဖို့ မဖြစ်မနေသိထားသင့်တဲ့ ဆိုလာ (၃)မျိုးအကြောင်း
အခုကာလမီးတွေပြတ်နေတော့ အိမ်သုံးဖို့အတွက်ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့အိမ်တွင်းတနိုင်တပိုင်လုပ်ငန်းလေးတွေအတွက်ပဲဖြစ်ဖြစ်မီးရရှိဖို့အတွက် Solar၀ယ်ယူတဲ့အခါ ဘယ်လိုတွက်ချက်ပြီး၀ယ်ယူရမလဲဆိုတာကိုဖော်ပြပေးလိုက်ရပါတယ်။

လက်ရှိမြန်မာနိုင်ငံကို တင်သွင်းရောင်းချနေတဲ့ Solar(၃)မျိုးရှိပါတယ်။
(၁)ပထမတန်းစား
Solar ဆဲလ်ကွက်တွေက လေးထောင့်ကျကျမဟုတ်ဘဲထောင့်ချိုးလေးတွေ ကွေးထားပါတယ်။
(၂)ဒုတိယတန်းစား(အလတ်စား)
Solar ဆဲလ်ကွက်တွေက လေးထောင့်ကျကျပါ။ထောင့်ချိုးတွေ ကွေးမထားပါဘူး။
(၃)တတိယတန်းစား(အညံ့စား)
ဆဲလ်ကွက်ရှိချင်မှရှိတယ်။ပြောင်တွေ၊အစင်းတွေနဲ့ပါ။

Solarဝယ်ရုံနဲ့ မီးလုံးထွန်း ၊ TVကြည့် ၊ ကွန်ပြူတာသုံးလို့ မရပါဘူး။
(၁)ဘက်ထရီအိုး ဝယ်ရမယ် (၂)အင်ဗာတာ ဝယ်ရပါမယ်။
Solarရဲ့သဘောက နေရောင်ခြည်အသုံးပြုပြီး ဘက်ထရီအိုးကို အားသွင်းပေးရုံသက်သက်ပါ။အဓိကက ဘက်ထရီအိုးနဲ့အင်ဗာတာပါ။
ဘက်ထရီအိုး ရွေးပါ။ဘက်ထရီအိုးကို သူရဲ့ Ah(Ampere hour)ကိုကြည့်ပြီး100Ah(၁၀၀အိုး)200Ah(၂၀၀အိုး)စသဖြင့်ခေါ်ပါတယ်။

ဘယ်ဘက်ထရီအိုးဖြင့်ဖြင့် ရာနှုန်းပြည့်သုံးစွဲခြင်းကိုရှောင်ပါ။၈၀%လောက်ပဲ သုံးစွဲပါ။လုံးဝအားကုန်သွားသည်အထိ မသုံးပါနဲ့။နောက်ပြီး တနေ့ကို ဘယ်နှစ်နာရီအသုံးပြုမယ်ဆိုတာကို သတ်မှတ်ပါ။၃နာရီလား?၄နာရီလား?
ဘက်ထရီအိုးရွေးဖို့ကိုယ့်အသုံးပြုမဲ့ မီးလုံးရဲ့ Watt၊ TVရဲ့Watt၊ ကွန်ပြူတာရဲ့ Watt အားလုံးကို ပေါင်းပါ။
ဥပမာ-မီးလုံး-18W+18W၊ TV -90W၊ ကွန်ပြူတာ-45W။ အဲ့ဒါတွေအားလုံးပေါင်း(18+90+45+18) 171W။

စုစုပေါင်း 171W ကို Ampere ပြန်ပြောင်းတော့171/12=14.25A။ စုစုပေါင်းအသုံးပြုချိန်က ၄ နာရီဆိုပါစို့။ 14.25A x4h=57Ah အနီးစပ်ဆုံး 60Ah လောက်စဉ်းစားထား။ Lossesတွေအတွက်က 25% လောက် ထပ်ဆောင်းပါ။
အဲ့တော့ (60 x 0.25=15Ah)။ ထို့ကြောင့်ဘက်ထရီအိုးSizeက=60+15Ah=75Ah အနီးစပ်ဆုံး 80Ah လောက်ဝယ်ပါ။ (171Wကို ၄ နာရီကြာအောင်သုံးမယ်ဆိုရင် 80Ah အိုးကကောင်းကောင်းနိုင်ပါတယ်။)

အင်ဗာတာ ရွေးပါ။
ဘယ်အင်ဗာတာကမှလည်း ရာနှုန်းပြည့်ယူသုံးလို့မရပါဘူး။ပျှမ်းမျှ၇၀%ပါပဲ။ အင်ဗာတာရွေးဖို့ ကိုယ့်ရဲ့Total Loadကို ပျှမ်းမျှ၇၀%နဲ့စားပါ။ (ဥပမာ-171/0.7=244.3) အနီးစပ်ဆုံး 300W inverter လောက်သုံးပါ။
Solar ရွေးပါ။
Solarက ဘက်ထရီအားသွင်းဖို့ပါ။အချိန်ဘယ်လောက်နဲ့ပြည့်ချင်လဲဆိုတာကိုကြည့်ပြီးSolarဆိုဒ်ကို ဝယ်ရမှာပါ။(ဥပမာ-မိမိရဲ့ 80Ahအိုးကို ၄နာရီလောက်နဲ့ပြည့်ချင်တယ်ဆိုရင်-80Ah/4h=20A x 12V=240W) အနီးစပ်ဆုံး 300WSolar လောက်ဝယ်ပါ။
အချုပ်ပြောရရင်
စုစုပေါင်း 171Wကို ၄နာရီကြာအသုံးပြုဖို့အတွက် Solar-300W၊ Battery-80Ah၊ Inverter-300W လောက်စီလိုပါမယ်။
Dr.KyawThu Myint