ကလေးလူကြီးကြိုက်တဲ့ ငရုတ်သီးနှမ်းကပ်ကြော်နည်း

ကလေးလူကြီးကြိုက်တဲ့ ငရုတ်သီးနှမ်းကပ်ကြော်နည်း

အခုအရမ်းခေတ်စားနေတဲ့ငရုတ်သီးနှမ်းကပ်ကြော်နည်းလေးပါ။စားလို့အရမ်းကောင်းပြီး လုံးဝမစပ်ပါဘူးနော်။ကိုယ်တိုင်လုပ်စားတော့ဆီမသန့်မှာလည်းမပူရတော့ဘူးပေ့ါနော်။

ပါဝင်ပစ္စည်းမျာ

၁။ ငရုတ်သီးခြောက်တောင့်အရှည် ၅ကျပ်သား

၂။နှမ်းလှော် ၅ကျပ်သား

၃။ပြောင်းကော်မှုန့်ထမင်းစားဇွန်းတစ်ဇွန်း(မထည့်လည်းရ)

၄။ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း၁ဇွန်း

၅။ဆားအနည်းငယ်

၆။ဆီ၂၀သားခန့်

ချက်ပြုတ်နည်း

ပထမဆုံးငရုတ်သီးတွေကိုအညှာခြွေပြီးဖင်တွေကိုကတ်ကြေးနဲ့ညှပ်ပါ။အလယ်ကနေကတ်ကြေးနဲ့ခွဲပြီး အထဲမှ အစေ့နဲ့အူတိုင်တွေကိုဖယ်ပေးပါ။

ပြီးရင်ငရုတ်သီးကို အခိုးအစပ်ပေ့ါအောင် ရေများများနဲ့ ပထမအကြိမ်မိနစ်နှစ်ဆယ်ခန့်ပြုတ်ပေးပါမယ်။

ပြီးရင်ရေများများနဲ့ဆေးချပါမယ်။(မှတ်ချက် ငရုတ်သီးကိုလက်နဲ့မထိမိစေရန် တူ(သို့)ဇွန်းလေးနဲ့မွှေပေးပါ လက်ပူမှာဆိုးလို့ပါနော်)

ပြီးရင်အပေါ်ကအတိုင်း ဒုတိယအကြိမ် ရေများများနဲ့ထပ်ပြုတ်ပေးပါမယ်။

ထို့နည်းတူစွာ ပြုတ်လိုက်သွန်လိုက်နဲ့ ၅ကြိမ်ထိလုပ်ပေးပါရပါမယ်။ဒါမှလည်းငရုတ်သီးက လုံးဝမမွန်တော့ပဲစပ်လည်းမစပ်တော့ဘူးနော်။စိတ်တော့နည်းနည်းရှည်ပေးပါရှင့်။

ပြုတ်လို့ပြီးပြီဆို ရေကုန်အောင်စစ်ပေးပါမယ်။ရေခြောက်ပြီဆို အစာစပ်ပါမယ်နော်။

ဇလုံတစ်ခုထဲ ငရုတ်သီးထည့်ပါမယ်။အဲထဲကို ပြောင်းကော်မှုန့်၊နှမ်းလှော်၊ကြက်သားမှုန့်၊ဆား ထည့်ပြီးနယ်ပါမယ်ရှင့်(ငရုတ်သီးတော့ရေခြောက်ဖို့လိုပါတယ်နော် ရေမခြောက်ရင် ပြောင်းကော်မှုန့်ထည့်လိုက်တဲ့အခါငရုတ်သီးမှာမကပ်ပဲနှမ်းမှာသွားလုံးနေတာဖြစ်တက်လို့ပါရှင့်)

ပြီးရင် ကြော်မယ့်အိုးထဲဆီ ၂၀သားခန့်ထည့်ပြီး ဆီပူရင် အရသာနယ်ထားတဲ့ငရုတ်သီးတွေထည့်ကြော်ပေးပါ။

မီးပုံမှန်လေးနဲ့ပဲ ကြွပ်တဲ့ထိကြော်ပေးပါမယ်။မီးပြင်းရင်ငရုတ်သီးကမကြွပ်ပဲ တူးသွားတက်လို့ သတိထားမွှေပေးပြီးကြော်ပေးပါရှင့်။

ကြွပ်ပြီဆို အရမ်းစားကောင်းတဲ့ ငရုတ်သီးနှမ်းကပ်ကြော်လေးရပါပြီ။ကြော်ထားပြီးသား ငရုတ်သီးကြော်လေးတွေကို လေလုံဗူးလေးထဲထည့်သိမ်းထားပြီး စားချင်တဲ့အချိန်လေးစားလို့ရပါပြီရှင့်

ငရုတ်သီးကြော်ကမစပ်တဲ့အတွက် သရေစာအနေနဲ့ပဲစားစား ထမင်းလေးနဲ့ပဲစားစား အရမ်းကောင်းလို့ သားသားမီးမီးတို့လည်းအရမ်းကြိုက်မှာပါနော်။

ဖိုလ်တိုခရက်ဒစ်

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *