ဗဟိုဘဏ်ညွှန်ကြားထားသောရာခိုင်းနှုန်းဖြင့်ငွေထုတ်ပေးခြင်းကန့်သတ်ချက်များလိုက်နာမှုမရှိပါကတိုင်းကြားရန်ကြေညာချက်ထုတ်

ဗဟိုဘဏ်ညွှန်ကြားထားသောငွေပေးချေမှုကန့်သတ်ချက်များအားလိုက်နာမှုမရှိခြင်း၊ဘဏ်အပ်ငွေများအားရာခိုင်နှုန်းယူငွေသားထုတ်ပေးလဲလှယ်ပေးခြင်းများအားတိုင်ကြားကြရန် ကြေညာချက်ထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။
ပြည်တွင်းပြည်ပကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ရွှေနှင့်ငွေကြေးဈေးကွက် တည်ငြိမ်မှုသည် များစွာအရေးပါသည့်အတွက် ပြည်တွင်းရွှေနှင့်ငွေကြေးဈေးနှုန်းများတည်ငြိမ်မှုရှိအောင်ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်နိုင်ရန်

နစကသည်ရွှေနှင့်ငွေကြေး ဈေးကွက်စောင့်ကြည့်၊ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီကိုဖွဲ့စည်းထားသည်။လုပ်ငန်းကော်မတီသည်ပြည်တွင်းငွေကြေးဈေးနှုန်းများ တည်ငြိမ်မှုရှိအောင်ထိန်းကျောင်းကြပ်မတ်ရာတွင် အထောက်အကူဖြစ်စေရန်တိုင်ကြားစာစိစစ်ရေးအဖွဲ့အားဖွဲ့စည်းဆောင်ရွက်နေပြီး၊
ငွေကြေးဈေးကွက်တည်ငြိမ်မှုကိုထိခိုက်စေနိုင်သောဆောင်ရွက်မှုများအားရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ထိန်းသိမ်း၊ကြပ်မတ်ရေးလုပ်ငန်းကော်မတီ၏တိုင်ကြားစာစိစစ်ရေးအဖွဲ့တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၀၉၄၆၃၊ လက်ကိုင်ဖုန်းနံပါတ် ၀၉-၄၃၀၀၆၈၃၃ နှင့်

Email လိပ်စာ gmm.complaint@cbm.gov.mm သို့ လုံခြုံစိတ်ချစွာတိုင်ကြားနိုင်ပါကြောင်း မတ်လ၁၈ရက်တွင်အသိပေးသည်။တိုင်ကြားနိုင်သည့်အကြောင်းအရာများကနိုင်ငံခြားငွေကြေးများအား တရားမဝင်ကိုင်ဆောင်ခြင်း၊ဥပဒေမဲ့အရောင်းအဝယ်ပြုလုပ်ခြင်း၊ ဈေးကစားခြင်းပြုလုပ်သူများ၊
အိမ်ခြံမြေနှင့် မော်တော်ယာဉ်ကဲ့သို့ အခြေပစ္စည်းများအား ရောင်းဝယ်ပြီး ပိုင်ဆိုင်မှုလွှဲပြောင်းရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေပေးချေမှု ကန့်သတ်ချက်များအတိုင်းလိုက်နာမှုမရှိသူများ၊ဘဏ်များတွင်အပ်နှံထားသည့် ငွေသားထုတ်ယူရာ၌ရာခိုင်နှုန်းယူ၍ငွေသားထုတ်ပေးခြင်း၊

ဘဏ်ပြင်ပတွင် ငွေသားလက်ဝယ်ထိန်းသိမ်းထားသူများကဘဏ်အကောင့်တွင်အပ်နှံထားသည့်ကျပ်ငွေများကိုရာခိုင်နှုန်းယူ၍ငွေသားဖြင့်လဲလှယ်ထုတ်ပေးခြင်းတွင်ပါဝင်ပတ်သက်သူများဖြစ်သည်ဟုသိရသည်။

လက်ရှိတွင် အီလက်ထရောနစ်အရောင်းဆိုင်အချို့တွင် အွန်လိုင်းငွေပေးချေမှုများအား ၂.၅ ရာခိုင်နှုန်းကောက်ခြင်း၊အချို့ဆိုလျှင် ငွေသားတစ်ဝက်၊အွန်လိုင်းငွေပေးချေမှုတစ်ဝက်ဖြင့် ရောင်းချခြင်းများရှိနေကြသည်။