91B cyclone မုန်တိုင်း အာစနီ သတိပေးချက်၊ တောင်ကျချောင်းရေ မိုးကြီးရေလျှံသတိပြုရမည့် ဒေသများ

91B cyclone မုန်တိုင်း အာစနီ သတိပေးချက်၊ တောင်ကျချောင်းရေ မိုးကြီးရေလျှံသတိပြုရမည့် ဒေသများ

မတ်လ ၂၁ ရက်နေ့ ညနေပိုင်းတွင် ဧရာဝတီတိုင်းအနောက်တောင်ပိုင်း ဂေါ်ရင်ဂျီကျွန်းနှင့် မောတင်အနီးကိုရောက်ရှိလာနိုင်တဲ့ 91B cyclone မုန်တိုင်း အာစနီ သတိပြုရန် မိုးလေဝသ စုစုစံမှ သတိပေးချက်ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်မှာ ”အာစနီဆိုင်ကလုံးမုန်တိုင်းသတိပေးချက်။ ၂၀၂၂ မတ်လ ၂၁ ရက်နေ့ညနေပိုင်းတွင်Asani cyclone သည် ဧရာဝတီတိုင်းအနောက်တောင်ပိုင်း ဂေါ်ရင်ဂျီကျွန်းနှင့် မောတင်အနီးကိုရောက်ရှိလာနိုင်ပြီး

၂၂ ရက်နေ့ မနက် မုန်တိုင်းဝန်းအတွင်းရှိ မော်တင် ဟိုင်းကြီးကျွန်း လပွတ္တာ ငပုတော ငရုတ်ကောင်း ချာင်းသာ ငွေဆောင် ပုသိမ် မြောင်းမြ အိမ်မဲ ကန်ကြီးထောင့် ကျောင်းကုန်း အိမ်မဲ မြောင်းမြနှင့်ဧရာဝတီတိုင်းတစ်တိုင်းလုံးမိုးကြီးလေထန်နိုင်ပါတယ်။ လေတိုက်ခတ်နှုန်း တစ်နာရီ ၄၈ မိုင်ထိတိုက်ခတ်နိုင်ပြီး ဆောက်တိုက်လေတိုက်ခတ်နှုန်းမိုင် ၆၀ အထိတိုက်ခတ်နိုင်ပါတယ်။

ရေကြီးရေလျှံသတိပြုရန်။ ၂၀၂၂ မတ်လ ၂၂ ရက်နေ့တွင် 91B TS cyclone လေစီးက ကျုံပျော် အထောင် အိုင်သပြု လေးမျက်နှာ ငသိုင်းချောင်း ဟင်္သါတ မြို့ကွင်း ထိန်ငူ ကွင်းကောက် အင်္ဂပူ ဘက်ရဲ ကြံခင်းမြန်အောင် ကနောင် မိုးများစွာရွာသွန်းနိုင်ပြီး

ဧရာဝတီတိုင်း ဧရာဝတီမြစ်အနောက်ဖက်ဧရာဝတီ​မြစ် အတွင်းစီးဝင်သောချောင်များ ငဝန်မြစ်အနောက်ဖက်ငဝန်မြစ်အတွင်းစီးဝင်သော ချောင်းများ ရိုးမပေါ်မိုးများစွာရွာသွန်းနိုင်ပြီး တောင်ကျရေများအရှိန်အဟုန်ပြင်းပြင်းနဲ့စီးဆင်းလာနိုင်ပါသဖြင့်

ချောင်းနီးမြေနိမ့်ဒေသနေထိုင်ကြသူများအထူးသတိထားကြဖို့လိုအပ်သလို မမြဆည် ကညင်ဆည် နန်ကသူဆည်ကြီးများမှ အင်/ယာများလည်း တာတမံကြံခိုင်အောင် စီမံဆောင်ရွက်ထားကြဖို့လိုအပ်ပါကြောင်းအကြံပြုလိုက်ရပါတယ်” ဆိုပြီး ကြိုတင်သတိပေးထုတ်ပြန်ပေးထားပါတယ်။ သဘာဝဘေးအန္တရာယ်ကင်းဝေးကြပါစေ

Source: Su Su San ?????????????

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *