မီးပြတ်နေလို့ပဲဖြစ်ဖြစ် မရှိလို့ပဲဖြစ်ဖြစ် ရေခဲသေတ္တာသုံးလို့မရတဲ့လူတွေအတွက်ဟင်းသီးအရွက်များကိုဘယ်လိုသိမ်းဆည်းကြမလဲ?

၁။ ကြက်သွန်နီ
ဂုန်နီအိတ်(သို့) ကြိုးအိတ်လိုအိတ်မျိုးထဲမှာထည့်ပြီးတန်းလန်းချိတ်ထားပါ..။လေဝင်လေထွက်ကောင်းတဲ့နေရာမှာထားပါ။တချို့ကသတင်းစာစက္ကူနဲ့အလုံးကြီးရင်တစ်လုံးချင်းပတ်ပြီးသိမ်းကြပေမယ့်ပုပ်နေရင်မသိရလို့အဆင်မပြေပါဘူး။

၂။ အာလူး
စက္ကူပုံးကြီးကြီး(သို့)စက္ကူအိတ်ထဲမှာထည့်ပြီးအိမ်ထဲကလေဝင်လေထွက်ကောင်းတဲ့နေရာမှာထားပါ..။အာလူးကနေရောင်မထိရပါဘူး။နေရောင်ထိရင်အခွံတွေစိမ်းသွားတတ်တယ်။အာလူးကအခွံစိမ်းရင်မစားရပါဘူးနော်။အဆိပ်အတောက်ဖြစ်တတ်တယ်။(အာလူးကအညှောက်မထွက်စေဖို့ကြက်သွန်နီနဲ့အာလူးကိုဝေးဝေးထားပါ)

၃။ ကြက်သွန်ဖြူ
သတင်းစာစက္ကူဖြန့်ခင်းထားတဲ့ဆန်ခါထဲမှာသိမ်းပါ..။
၄။ရွှေဖရုံသီး
အလုံးလိုက်ဆိုရင်ခြောက်သွေ့တဲ့နေရာမှာထားပါ..။ခြမ်းထားရင်အထဲကအစေ့တွေကိုဇွန်းနဲ့ခြစ်ထုတ်ပြီးမှသတင်းစာပတ်ပြီးစက္ကူပုံးထဲမှာသိမ်းပါ..။

၅။ ခရမ်းချဉ်သီး
သတင်းစာစက္ကူခင်းထားတဲ့ဆန်ခါ(သို့)လင်ပန်းထဲမှာအညှာကိုအောက်ဖက်ထားပြီးဖြန့်ခင်းထားပါ..။
၆။ ချင်း(ဂျင်း)
ရေထည့်ထားတဲ့အဝကျယ်ဘူး(သို့) ပုလင်းထဲမှာ ရေစိမ်ထားပါ..။ရေကို၃ရက်တစ်ခါလောက်လဲပေးပါ..။

၇။ နံနံပင်
အမြစ်ပါရင်အမြစ်မြုပ်ရုံရေပုံးထဲထည့်ထားပါ..။အကုန်လုံးရေမဆေးရပါ..။ အရွက်ပိုင်းကနွမ်းမှာစိုးရင် ရေဆွတ်ထားတဲ့အဝတ်သန့်သန့်နဲ့ပတ်ထားပါ..။ပလတ်စတစ်အိတ်ထဲအလုံပိတ်မထည့်ရပါဘူး..။အတွင်းထဲမှာပူပြီးမြန်မြန်ပုပ်တတ်တယ်..။
၈။ဂေါ်ဖီ
အူတိုင်ကိုဓားနဲ့မွှန်းပြီးရေဆွတ်ထားတဲ့အဝတ်သန့်သန့်နဲ့ပတ်ထားပါ..။ အူတိုင်ကိုမွှန်းတဲ့သဘောကအတွင်းထဲအထိလတ်ဆတ်အောင်ပါ..။ ဆလတ်ရွက်လည်းထို့အတူပါပဲ..။
၉။ငရုတ်သီးစိမ်း
အညှာမခြွေ၊ရေမဆေးဘဲ ဆန်ခါထဲမှာဖြန့်ခင်းပြီးအပေါ်ကရေစိုအဝတ်နဲ့အုပ်ထားပါ..။ အညှာခြွေပြီးရေဆေးလိုက်ရင်မြန်မြန်ပုပ်တတ်တယ်..။

၁၀။ ငရုတ်သီးခြောက်
နေလှန်းပြီးမှအလုံပိတ်ဘူးထဲထည့်သိမ်းပါ..။ကွတ်ကီးစ်စသည်မုန့်တွေမှာပါလာတတ်တဲ့ ဆီလီကွန်အထုပ်လေးတွေထည့်ထားရင်မှိုမတက်ဘူး..။
၁၁။ ဆန်
ဆန်ကိုပိုးမတက်အောင်ငရုတ်သီးခြောက်လေးငါးတောင့်လောက်ကိုဆန်ပုံးထဲထည့်ထားပါ..။

၁၂။ကညွတ်
အရင်းကို၁စင်တီမီတာလောက်ဖြတ်ပြီးမှအဝကျယ်ပုလင်းထဲမှာရေထည့်ပြီးထောင်ထားပါ..။
၁၃။ကန်စွန်းရွက်
အရင်းပိုင်းကိုရေပုံးထဲမှာရေစိမ်ပြီးထောင်ထားပါ..။
၁၄။ မှို

ရေလုံးဝမဆေးပါနဲ့..။ မှိုမှာသဲတွေပါလာမှာစိုးရရင်တော့စားခါနီးမှတစ်ခါလောက်ပဲဆေးပါ..။မှိုတွေကိုစက္ကူအိတ်ခပ်ကြီးကြီးထဲထည့်သိမ်းပါ..။စက္ကူအိတ်ကိုအပေါက်လေးတွေဖောက်ထားရင်ပိုကြာကြာခံတယ်။အသီးအရွက်အစိမ်းတွေကိုဈေးကဝယ်လာရင်ရေမဆေးပါနဲ့။
ရေဆေးခြင်းကြောင့်မြန်မြန်ပုပ်တတ်တယ်။ရေခဲသေတ္တာထဲထည့်ရင်တော့တချို့တွေကရေဆေးကြပေမယ့်ရေကိုသေချာပြန်မစစ်မခါရင်လည်းပုပ်တတ်တယ်။စားခါနီးမှဆေးတာကစနစ်ကျပါတယ်။အချိန်ရရင်ထပ်ဖြည့်ရေးပါမယ်..။ဖတ်ရှုပေးတဲ့အတွက်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်။အားလုံးအဆင်ပြေကြပါစေ….
Ref; ယုမိကို