မိုးလေဝသဆရာမလေး စုစုစံရဲ့ အာစနီ ဆိုင်ကလုံးမုန်တိုင်းသတိပေးချက်နှင့် မိုးကြီးလေထန်နိုင်သည့် ဒေသများ

မိုးလေဝသဆရာမလေး စုစုစံရဲ့ အာစနီ ဆိုင်ကလုံးမုန်တိုင်းသတိပေးချက်နှင့် မိုးကြီးလေထန်နိုင်သည့် ဒေသများ

လာမယ့် မတ်လ ၂၃ ရက်နေ့မှ စတင်ကာ အာစနီ (Asani Cyclone) ဆိုင်ကလုံးမုန်တိုင်းသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ကုန်းတွင်းဖြတ်ကျော်ဝင်ရောက်မှာဖြစ်သဖြင့် မုန်တိုင်းဖြတ်ကျော်ဝင်ရောက်မည့်ဒေသများအတွက် မိုးလေဝသဆရာမလေး စုစုစံမှ သတိပေးထုတ်ပြန်ထားပါတယ်။

Photo Credit to SU SU SAN

ထုတ်ပြန်ချက်အရ ရခိုင်ကမ်းရိုးတန်း အနောက်ဖက်ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နိုင်တဲ့ Asani Cyclone အာစနီဆိုင်ကလုံးမုန်တိုင်းသည် ၂၀၂၂ မတ်လ ၂၃ ရက်နေ့ည ၂၄ ရက်နေ့မနက်တွင် မြန်မာနိုင်ငံရခိုင်ပြည်နယ်မြောက်ပိုင်း

ရသေ့တောင် ဘူးသီးတောင် မောင်းတော ဒေသတွေကနေ ကုန်းတွင်းဖြတ်ကျော်ဝင်ရောက်နိုင်ပါတယ်။ မုန်တိုင်းဝင်ရောက်နေစဥ် လေတိုက်နှုန်းမှာ တစ်နာရီ မိုင်၈၀ မှ ၉၀ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

Photo Credit to SU SU SAN

ဒါကြောင့် အဆိုပါဒေသရှိ လူအများ မုန်တိုင်းအန္တရာယ်ရှိသဖြင့် ဘေးအန္တရာယ်ကင်းအောင်စီမံဆောင်ရွက်ထားကြဖို့ ကြိုတင်သတိပေးထုတ်ပြန်ထားပါတယ်။

အာစနီ (Asani Cyclone)ဆိုင်ကလုံးမုန်တိုင်းအရှိန်ကြောင့် မတ်လ ၂၀ရက်နေ့မှစတင်ကာ ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်း မုတ္တမပင်လယ်ကမ်းခြေဒေသတွေမှာ မိုးစရွာနိုင်ပြီး ၂၃ ရက်နေ့မှာ မွန်ပြည်နယ် မိုးကြီးနိုင်ကာ

Photo Credit to SU SU SAN

မတ်လ ၂၁ရက် ၂၂ရက်နေ့ မှာဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်အတွင်း ကျားဖောင် ရေလုပ်ငန်းလုပ်ဆောင်ကြသူတွေ မသွားရောက်ကြရန် သတိပေးထုတ်ပြန်ထားပါတယ်။

၂၀၂၂ မတ်လ ၂၃ရက်နေ့တွင် ဂွ ကျိန္တလိ ငပလီ သံတွဲ တောင်ကုတ် မာန်အောင်ကျွန်း မိုးကြီးလေထန်နိုင်ပါတယ်ကမ်းရိုးတန်းလှိုင်းအမြင့် ၆ပေ မှ ၁၂ပေအထိရှိနိုင်ပြီးလေထန်ချိန်တွင် တစ်နာရီ ၄၈မိုင်မှ ၅၆မိုင်အထိတိုက်ခတ်နိုင်ပါတယ်။ ပင်လယ်ပြင်အတွင်း ငါးဖမ်းခြင်း လှေသင်္ဘောများသွားလာခြင်း လုံးဝမပြုလုပ်သင့်ပါဘူး အလွန်အန္တရာယ်ကြီးပါတယ်။

Photo Credit to SU SU SAN

၂၀၂၂ မတ်လ ၂၁ရက်နေ့ ၂၂ ရက်နေ့မှာ အာစနီမုန်တိုင်းငယ်သည် မော်တင် ဟိုင်းကြီး ဂေါ်ရင်ဂျီကျွန်းငရုတ်ကောင်းပင်လယ် အနဖိးကပ်လာနိုင်ပြီး ပုသိမ်ခရိုင် လပွတ္တာခရိုင် မိုးကြီးလေထန်လှိုင်းကြီးနိုင်ကာ

ဧရာဝတီတိုင်း ရန်ကုန်တိုင်း မိုးများစွာရွာသွန်းနိုင်ပြီး မွန်ပြည်နယ် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသတွေမှာမိုးကြီးနိုင်ပါတယ်။

Photo Credit to SU SU SAN

မတ်လ ၂၃ရ က်နေ့မှ၂၅ ရက်နေ့အတွင်း မကွေးတိုင်းမန္တလေးတိုင်းတွေမှာ မိုးရွာနိုင်ပြီး ချင်းပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသတွေမှာ မိုးကြီးနိုင်ပါတယ်လို့ မိုးမင်းသမီးလေး စုစုစံမှ ကြိုတင်ခန့်မှန်း သတိပေးထုတ်ပြန်ပေးထားတာဖြစ်ပါတယ်။

Source: Su Su San

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *